CH - 54.3

3.3K 532 2
                                    


ဟိုတယ်တွင်ကျင်းပနေသော ဂုဏ်ပြု စုဝေးပွဲ သို့ ရောက်ချိန်တွင် အနုပညာအသိုင်းအဝိုင်းမှ  Formal suit များအားဝတ်ဆင် ထားသောဂုဏ်သရေရှိ လူကြီးလူကောင်းများအား နေရာအနှံ့တွေ့ရလေ၏...

ထို အထဲတွင် ရှောင်စုန့်နှင့် အရင်ဘဝက အလုပ်တွဲ လုပ်ခဲ့ဖူးသည့် တချို့သော အကောင်ကြီးကြီး အမြီးရှည်ရှည် များကိုပါ တွေ့ရလေသည်... သို့သော် ယခု ဘဝတွင် ရှောင်စုန့်မှာ အနုပညာရှင် တစ်ယောက် မဟုတ်တော့လေရာ ထိုလူတို့နှင့် အလုပ်ရှင် အလုပ်သမား ဟူသော ဆက်ဆံရေးမျိုးရှိတော့မည် မဟုတ်.. အနုပညာလောကကြီး တိုးတက်ရေးအတွက်အတူတူ လက်တွဲကာ ဆွေးနွေးလုပ်ဆောင်ကြမည့် လုပ်ဖော်ကိုင်ဖက် ဆက်ဆံရေးမျိုး ရှိကြပေတော့မည်...

ဤ အခြေအနေက သူ မည်မျှ ဥက္ကဌတစ်ယောက် ရာထူးနှင့် လိုက်လျောညီထွေရှိကာ အနုပညာလောကမှ လူများအား သူ့အောင်မြင်မှု့နှင့် ဆွဲဆောင်နိုင်နေပြီဖြစ်ကြောင်းကို ထင်ဟပ်ဖော်ပြနေလေပြီ...

ထိုအကြောင်းအားတွေးရင်း စုန့်ယွင်ရန်၏ နှုတ်ခမ်းထောင့်စွန်းလေးများမှာ ကျေနပ်ပိတီဖြစ်သော အပြုံးလေးအား ဖော်ပြလာလေတော့သည်..

ယနေ့တွင် သူသည် စိတ်တိုင်းကျ အပ်နှံကာ ချုပ်ထားသည့်  custom- made suit အား ဝတ်ဆင်ထားရုံသာမက အပိုဆောင်းအနေဖြင့် ငွေရောင်ကိုင်းဖြင့် ပြုလုပ်ထားသည့်  မျက်မှန်လေးကိုပါ တပ်ထား၏... တစ်ချက်ကြည့်ရုံဖြင့် ချောမောခန့်ငြားကာ အရည်အချင်း ရှိသည့် ငယ်ရွယ်သည့် ကိုလူချော လေးပုံ ပေါက်နေစေ၏...

နှမြောစရာကောင်းသည်တစ်ခုမှာ  သူ့လက်ထဲတွင် ကိုင်ထားသည့် လိမ္မော် ဖျော်ရည်ခွက်က သူ့၏ ဥက္ကဌ အရှိန်အဝါအား အနည်းငယ် လျော့နည်း သွားစေခြင်းပင်....

သို့သော် ကံကောင်းသွား သည်မှာ ထိုအရာက ပြဿနာကြီးကြီးမားမား မဟုတ်၍ပင်…

စုန့်ယွင်ရန် မျက်နှာအား မြင်လိုက်ကြသည်နှင့် လူအများက သူ သောက်နိုင်၏ မသောက်နိုင်၏ အား အရေးမထားကြပေ…  ထိုအစား သူ့အနားသို့ ဝန်းရံလာ ကြကာ “Happy and White” ဇာတ်ကား အောင်မြင်မှု့အား ဂုဏ်ပြုကစား လာရောက်ပြောဆိုကြလေ၏..။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now