CH - 73

3.2K 494 6
                                    


ထုတ်ကုန်သစ် မိတ်ဆက်ပွဲအား offline ကျင်းပနေရုံမက Online ကပါ တိုက်ရိုက်ထုတ်လွှင့်နေခြင်း ဖြစ်၏... ချင်ကဲ၏ မှတ်ချက်စကား ထွက်လာသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှု့ စာမျက်နှာအား Comment များဖြင့် ဖုန်းလွှမ်းသွားလေတော့သည်....

{??? စုန့်ယွင်ရန်က မင်းကို ဘယ်လောက်ပေးထားသလဲဟေ့...?}

{ဥက္ကဌစုန့် ဒီမှာရှိနေပါသလားခင်ဗျာ ... ကျွန်တော်လည်း ဥက္ကဌကို ချီးကျူး မြှောက်ပင့်စကား ပြောပေးနိုင်ပါတယ် ... ကျွန်တော့် ALipay ကတော့...}

(T/N – Alipay look like Kpay)

{ငါလေးက ဖြတ်သွားဖြတ်လာ လေးပါ... မစ္စတာချင်ရဲ့ စကေး လေးတွေ သင်ချင်လို့ သင်တန်းနေရာလေး သိချင်ပါတယ်...?}

{လောင်ကုန်းရေ...အကောင်ပေါက်လေးကို လူထုထဲ ချီးမွမ်းခန်း မဖွင့်နဲ့လေ.. သူ မာန်တက်သွားမှာပေါ့လို့..}

Comment ရေးသားသူ nitizen များသာမက ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်သည့် ဥက္ကဌစုန့်လေးပါ အလန့်တကြားဖြစ်သွားသည်...

ရှောင်စုန့်သည် ယနေ့တစ်နေ့လုံး ကုမ္ပဏီမှ အေးဂျင့်များနှင့် အစည်းအဝေး ကျင်းပနေခြင်းဖြစ်သည်....နေ့လယ်ပိုင်း ထမင်းစားနားချိန်တွင် အနှီသူ တို့ အားဖိတ်ခေါ်ကာ စားသောက်ပွဲ ကျင်းပပေးနေသည် ဖြစ်၏... စားသောက်ဆိုင် မှ တည်ခင်းဧည့်ခံလာမည့် စားဖွယ်ရာများအား စောင့်ဆိုင်း နေချိန်တွင် ဖုန်းဖွင့်ကာ တိုက်ရိုက်ထုတ်လွှင့်နေသည့် ချင်ကဲတို့ပွဲအား ကြည့်လိုက်လေရာ....

ရလဒ်အနေဖြင့် ချင်ကဲအား သူ့အား ပြောင်ကျစွာ ပွင့်ပွင့်လင်းလင်း ချီးကျူး နေသည်ကို ကြားလိုက်ရသည်...

ထိုအချိန်တွင် သူသည် နားကြပ်ပင် မတပ်ရသေး... ချင်ကဲ၏ စကားသံအား သူနှင့် အတူရှိနေသည့် ဝန်ထမ်းများ နားဆီသို့ သူ့ဖုန်းစပီကာ မှတဆင့် ပျံ့နှံ့ သွားတော့သည်...

ရုတ်ချည်းဆိုသလိုပင် ဘက်ပေါင်းစုံမှ စူးရှရှ အကြည့်များက ရှောင်စုန့်ဆီ သို့ရောက်လာတော့၏...

စုန့်ယွင်ရန်သည် Live broadcast စာမျက်နှာမှ အလန့်တကြား ထွက်လိုက် လေရာ ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်..

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now