CH-29.2

4.1K 743 2
                                    


စုန့်ယွင်ရန် သည် ခန္ဓာကိုယ်ရှိ ယင်ဓာတ်နှင့် ယန်ဓာတ် ဖောက်ပြန်မှု့အား ခံလိုက်ရသကဲ့သို့ သွေးကြောများ ပေါက်ထွက်တော့ မတတ် ဒေါသထွက်သွားတော့၏...

ဒူးထောက်၍ တောင်းဆိုခြင်း ဟူသည်ကား ရှက်စရာအကောင်းဆုံးကိစ္စဟု လူတိုင်း လက်ခံ ထားကြသည်...သို့သော် တစ်ဘက်က လူမှာ နင်ဒုန်း၏ သဘာပတိ ဖြစ်ရုံသာမက သူ၏ မာတာမိခင် ဖြစ်နေသေး၏..ထို့ကြောင့်  ထိုကဲ့သို့ ဒူးထောက်တောင်းပန်ရမည့်အရေးကိစ္စအား သူတယ်စိတ်ထဲမထား..မိခင်အား သားတစ်ယောက်က ဒူးထောက်ခြင်းသည် ရှက်စရာ ကိစ္စမဟုတ်၍..သို့ရာတွင် ချင်ကဲက ထိုသို့ ထုတ်ပြောလာသည့်အခါ သူ ဒေါသ မထွက်ဘဲ မနေနိုင်ပြန်...သား ဖြစ်သူက အဖေအား မလေးမစား လုပ်သည်ဟု သူခံစားလိုက်ရ၏..

ဒေါသ စိတ်အား လျော့ချရန် နံဘေးရှိ lollipop တစ်ချောင်းအား အခွံခွာကာ ပါးစပ်ထဲ ထည့်ငုံ၍ ခေါင်းမော့ကာ မေးလိုက်၏..
" ခင်များပြောတာ ဘာ အဓိပ္ပါယ်လဲ..ခင်များက ကျွန်တော် ဒူးထောက်ရမှာကို အတော်လေးကို ကြည့်ချင်မြင်ချင်နေတာပေါ့..ဟုတ်လား.."

နုံလိုက်တာ...သိပ် သိပ်ကို နုံတာဘဲ...

နောက်ဆုံး ဒူးထောက်ရမဲ့လူ က ခင်များဗျ ...ချင်ဆိုတဲ့ မျိုးရိုးနဲ့ တစ်ယောက်လေ..ဟမ့်

ချင်ကဲသည် သူ့အမေးအား ပြန်မဖြေ..စက္ကူ အိတ်လေး တစ်လုံးအား ဆွဲထုတ်ကာ စုန့်ယွင်ရန်ထံလှမ်း ပေးလိုက်တော့၏..
" ဒီဟာကို လမ်းမှာ တွေ့လို့ ဝယ်လာတာ..ဥက္ကဌလေး လိုမလို တစ်ချက်ကြည့်လိုက်ပါဦး.."

စက္ကူအိတ်မှာ လက်ဝါး တစ်ဝက်စာ အရွယ်သာရှိ၏..အိတ်သည်ကား အတော်လေးပင် ပေါ့၏..အထဲတွင် မည်သည့် ပစ္စည်းမှ မပါလောက်အောင်ပင် ပေါ့ရွှတ်နေ၏...

စုန့်ယွင်ရန်သည် သိချင်စိတ် အပြည့်ဖြင့် ဖွင့်ကြည့်လိုက်ရာ အနုစိတ်အလှဆင် ခြယ်သထားသော လှပသည့် အဆောင် လေးအား တွေ့လိုက်ရလေ သည်...

အခြားမျက်နှာပြင်တစ်ဖက်သို့ လှည့်ကြည့် လိုက်ချိန်တွင် တန်ခိုးကြီးမားသည် ဆုတောင်းပြည်ဟု  နာမည်ကြီးသည့် ရန်မြို့တော်ရှိ ဘုရားကျောင်းပုံစံလေးအား တွေ့လိုက်ရလေသည်..

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Où les histoires vivent. Découvrez maintenant