နှစ်ယောက်သား အခန်းလေးရှိရာသို့ ငါး လေးကောင်နှင့်အတူ ပြန်သွားကြ တော့၏…
လူအိုကြီးက ငါးများအား တောင်းထဲသို့ သွန်ချရန်ပြောပြီး တံခါးတွင် ချိတ်ထားသည့် ရှေးခေတ်သုံး ချိန်ခွင်ထက်တွင် ထည့်ကာ အလေးချိန်အား ချိန်ကြည့်လေတော့၏..အလေးချိန်မှာ ၁၅ ကီလိုဂရမ်တိတိ ရှိနေလေရာ ပြီးမြောက်ရန် ဟု သတ်မှတ်ထားသည့် ငါးအလေးချိန်ထက် ကျော်လွန်နေပြီ ဖြစ်၏…
ပရိုဂရမ်အဖွဲ့၏ စည်းမျည်းများ အရ သတ်မှတ်ထားသော အလုပ်များအား ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည်နှင့် အခန်းသော့အား ရနိုင်လေပြီ..
လူအိုကြီးက NPC ဇာတ်ကောင်အတိုင်း စာသားများအား ရေရွတ်လာပြန်၏..
“မင်းတို့က ဒီကိုအလည်လာကြတဲ့ ခရီးသွားဧည့်သည်တွေမလား..? မင်းတို့ ဒီည ဘယ်မှာညအိပ်ဖို့ တွေးထားကြလဲ…?”“အခုထိတော့ မတွေးရသေးပါဘူးဗျ… ဦးလေးမှာ အကြံပြုစရာပေးချင်တဲ့ နေရာလေးများ ရှိလား..?”
လူအိုကြီးသည် အံဆွဲထဲမှ သော့သုံးချောင်းအား ထုတ်လိုက်သည်ကို မြင်သော် အနားသို့ တိုးသွားလိုက်ရာ သော့သုံးချောင်းမှာ အလိုအလျှောက် သူ့လက်ထဲ ရောက်လာလေတော့၏…
“ငါ့ အိမ်က ရွာထဲမှာ ရှိတာလေ… ဒီ သော့တွေရဲ့အိမ်တွေ က အလွတ် တွေ ဖြစ်နေတာ .… အိမ်နံပါတ်တွေကို သော့ပေါ်မှာ ရေးထားတယ်… အကုန်လုံး ယူသွားပြီး ကြိုက်တဲ့နေရာမှာ ရွေးနေလိုက်ကြ..”
သော့ သုံးချောင်းလုံးအား သူတို့ ရလိုက်သည်ဖြစ်ရာ သူတို့အဖွဲ့မှာ ပထမဦးဆုံး တာဝန်များ ပြီးခဲ့သည့် အဖွဲ့ ဖြစ်သည်ဟု အဓိပ္ပါယ်ရ၏…စုန့်ယွင်ရန် မှာ အလွန်ပျော်ရွှင်သွားလေသည်… သို့သော် သော့ရပြီးပြီးခြင်း အလျင်စလို ထွက်မသွားသေး…. အဘယ်ကြောင့်ဆိုသော် သူ လုပ်စရာ ကိစ္စကြီးတစ်ခု ရှိနေသေး၍ပင်…
ချင်ကဲအား တိတ်တိတ်လေး လှမ်းကြည့်လိုက်၏… အနှီလူမှာ သော့များအား စိတ်ဝင်စားခြင်း မရှိဘဲ သူတို့ အသုံးပြုထားသည့် ငါးမျှားတံများအား နံရံတွင်ပြန်ချိတ်နေလေ၏… သူတို့နှစ်ယောက်ကြား လောင်းထားသည့် ပြိုင်ပွဲမှ အနိုင်အရှုံးအား လုံးဝဥဿုံ မေ့နေပုံရသည်…

ESTÁS LEYENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...