လတ်တလော ဖိစီးနေသော စိတ်ဒုက္ခကြီး အဆုံးသတ်သွားပြီးနောက် စုန့်ယွင်ရန် တစ်ယောက် ယနေ့တွင် ရုံစတင်တော့မည့် " Happy and White" ဇာတ်ကားကြီးအား သတိရသွားလေပြီ....
လက်ရှိအချိန်အရ ပထမဦးဆုံးအနေနှင့် ဇာတ်လမ်း ရုံတင်ပြသပြီးသည့် အချိန် ရောက်နေလေပြီဖြစ်ရာ ပရိသတ်များ၏ စကားသံအား နားထောင်ကြည့်ရန် ပြင်လိုက်တော့၏..
သူ ခန့်မှန်းထားသည့် အတိုင်းပင် ရုပ်ရှင် အတွက် ပရိသတ်များ၏ review များ ထွက်လာပြီ ဖြစ်သည်...
လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသည့်အတိုင်း ပရိတ်သတ်များက သူတို့ သန်ရာ သန်ရာ အကြောင်းများအားချီးကျူး ပြောဆိုကြ၏...
တချို့က ဇာတ်ညွှန်းမည်မျှကောင်းကြောင်း ဒါရိုက်တာကြီး၏ အနုပညာလက်ရာမှာ မည်မျှ အဆင့်အတန်းမြင့်ကြောင်း အနုပညာ လက်ရာမြောက်ကြောင်း စသည်တို့ကိုချီးကျူးကြပြီး တချို့မှာမူ သရုပ်ဆောင်သစ်တယောက် သာ ရှိသေးသည့် ချင်ကဲ၏ သရုပ်ဆောင်အရည်အချင်း မည်မျှကောင်းမွန်ကြောင်းအား ချီးမွမ်းစကားဆိုနေကြ၏..
စုန့်ယွင်ရန်သည် Comment များအား တစ်ကြောင်းချင်းစီ ဖတ်ရင်း ရုတ်တရက်ကြီး မြင်လိုက်ရသည့် အရာကြောင့် Weibo ကြီး၏ ဆွဲဆောင်မှု့အား မလွတ်မြောက်နိုင်ဖြစ်သွားလေတော့သည်....
[ အနောက်ကနေ နေထွက်ပြီဟေ့( မမျှော်လင့်ထားတာတွေ ဖြစ်ပြီ) ; "Happy and white" ဇာတ်ကားက တယ်ကြည့်ကောင်းသကိုးဟ..! စုန့်ယွင်ရန်က ရင်းနှီးမြှုပ်နှံမှုတွေအတွက် အမြင်ကောင်းရှိတယ်အော်.... Galaxy ကနေ ထွက်မယ့် နောက် Drama တွေကို မျှော်လင့်စောင့်စားနေမိပါပြီ...]
"!!!"
ရှောင်စုန့်လေး၏ အဝီစိရောက်အောင် ကျဆင်းနေသည့် စိတ်ဓါတ်လေးများ က ချက်ချင်းဆိုသလို လေနှင်ရာ လွင့်သွားကြလေပြီ....
ထို Comment အား အချိန် အတော်ကြာအောင် ထပ်ခါထပ်ခါဖတ်ရင်း လူတွေမှာ ကိုယ်ပိုင် အောင်မြင်မှု့လမ်းကြောင်း ကိုယ်စီရှိကြတာပဲကိုး ဟု အသိဝင်သွားလေတော့၏...
ချင်ကဲလည်း သူလမ်းသူသွားလေရော့..!
ငါလည်း ငါ့ စီးပွားရေး လမ်းကြောင်းကိုပဲ ပိုပြီးကောင်းအောင် တိုးတက်အောင် အကောင်းဆုံး ဖြစ်အောင် ကြိုးစားမယ်ကွ...!

أنت تقرأ
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
عاطفيةပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...