စုန့်ယွင်ရန်၏ တွေးလိုက်သည်ကား ရိုးရိုးလေးပင်... ချင်ကဲအား ဖြူစင်သန့်ရှင်းသော ကောင်းချီးတစ်ခုပေးပို့ချင်ရုံလေးသာ....
ဒီအကြောင်းအား ချင်ကဲ တွေ့ပါက သူ၏ နောက်ကျောတွင် ဒီ Daddy သည် အမြဲတမ်း အတွက် အတောင့်တင်းဆုံး နောက်ခံ ဖြစ်နေမည် ဖြစ်ကြောင်း သိသွားစေချင်ရုံ ဖြစ်သည်...
ရိုးရိုးလေး ပြောလိုက်သည်ဟု သူထင်သော်ငြား မိုက်ချလိုက်ချိန်တွင် live broadcast မှာ Comment Section ကြီး ပေါက်ကွဲသွားသည်ကိုတော့ သူ မသိလိုက်ပေ...
(တစ်ချို့စကားတွေကို အာကျယ်ကျယ် ပြောဖို့မလိုဘူးလေ..)
( ငါလေးက Live ကို တစ်ကိုယ်တည်း ကြည့်နေတာလေဟယ်... ဒီ ငယ်ငယ် ရွယ်ရွယ်စုံ တွဲက ချစ်ခြင်းတရားတွေ ကြဲချပြနေတယ်... ဘယ်လို လူသားတွေ က ခံစားနိုင်တော့မှာလဲလို့...?)
{ နောက်တစ်ခွန်းလောက် ထပ်ပြောပါဦး... ဒီလိုဟာလေးတွေ နားထောင် ရတာ ကို သဘောကျလွန်းလို့ပါလို့....}
အတင်းအဖျင်းဖိုရမ်များတွင် စုန့်ယွင်ရန် စကားအရ ချင်ကဲတစ်ယောက် ဒီညအတွက် အမြင့်ဆုံး ဆုရှင် ဖြစ်နိုင် မဖြစ်နိုင်ကို လူတချို့က အတည်ပေါက် ဆွေးနွေးကြလေပြီ...
ယခုကဲ့သို့သော ကိုယ့်ကိုယ်ကို ပွဲထုတ်ကာ အမြင့်တင်လိုက်သည့် စကားမှာ လူတိုင်း၏ စိတ်အာရုံအား အဖမ်းစားနိုင်ဆုံး နေရာသို့ ရောက်သွားတော့ သည်...
စုန့်ယွင်ရန်၏ မျက်ကန်း တစ္ဆေမကြောက်သလို စကားကြောင့် သူ့ကိုယ်သူ ဒုက္ခရောက်စေတော့မည်ဟု တချို့ကဆိုကြပြီး တချို့ကမူ အနှီ စကားမှာ "Happy and White"၏ နာမည်ကျော်မှု့ကြောင့် ပြောရဲခြင်း ဖြစ်မည် ဟု သုံးသပ်ကြပြီး တချို့ကတော့ဖြင့် အချစ်ကြောင့် စုန့်ယွင်ရန် တစ်ယောက် ကျိုးကြောင်းဆီလျော်အောင် မတွေးနိုင်တော့ဘဲ အမြင်ကန်းသွားခြင်း ဖြစ်မည် ဟု ထင်မြင်ကုန်ကြလေတော့သည်...
နောက်ဆုံး စာကြောင်းမှာ CP fans များ၏ အလင်းအလျင်ဖြင့် နှစ်သက် မြှောက်စားမှု့အား ခံရသဖြင့် ပေါ်ပြူလာ မှတ်ချက်ဖြစ်လာလေသည်... ပြင်းပြင်းထန်ထန် ဝေဖန်မှု့ပြုသည့် မှတ်ချက်များ အောက်တွင်မူ { နင့် အသိဉာဏ်တွေ ခွေးစားကုန်တာလား...? စုန့်ယွင်ရန် ကို စိတ်ကျန်းမာရေး မကောင်းဘူးလို့ ကျိန်ဆဲရအောင် နင်က သူ့လို အခြေအနေမျိုးရောက်အောင် စွမ်းဆောင်နိုင်စွမ်း ရှိလို့လား...?}

VOCÊ ESTÁ LENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...