CH-31.1

4.2K 716 2
                                    

ကြော်ငြာရှုတင် သည် ရန်မြို့တော်၏ ဆင်ခြေဖုံး တစ်နေရာ၏ အစွန်အဖျား တွင် ရိုက်ကွင်းတည်ထားခြင်း ဖြစ်၏..

ကားထဲမှ စုန့်ယွင်ရန် ထွက် လိုက်ချိန်တွင် နေရောင် စူးစူးကြောင့် မျက်လုံးအား မှေးကျဉ်း မိလိုက်တော့သည်..

အဲယားကွန်းရှိသော နေရာများတွင်သာ အချိန်အတော်ကြာ ကျင်လည်နေခဲ့သူ ဖြစ်ရာ နွေရာသီ၏ ကြောက်စရာ အပူရှိန်အား မခံစားရသည်မှာ ကြာမြင့်နေလေပြီ..

ယနေ့တွင် အကာအကွယ်မပါဘဲ အပြင်သို့ ထွက်လိုက်မိရာမှ သူ့အသားမှ ညှော်နံ့ များပင် ထွက်လာနိုင်သည်အသိ ပူပြင်းသော အပူရှိန်နှင့် ရင်ဆိုင်လိုက်ရလေ၏..

ကျစ်..ငါတော့ လာမိတာ မှားပြီ..

ဒီလို ရာသီဥတုမျိုးတွင် အပြင်ထွက်၍ လမ်းလျှောက်ဖို့ဝေးစ ခြေချောင်းတစ်ချောင်းပင် သူ မလှုပ်ချင်...

လက်ထောက်တန်သည် ထိုအချိန်တွင် ထီးတစ်ချောင်းနှင့် ရောက်လာတော့၏...
" မစ္စတာစုန့်..ထီးလေးနဲ့ သွားကြမယ်လေ.."

သူ ထိုစကားအား မဆိုစဉ်ကတည်းက ရိုက်ကွင်း၏ တည်နေရာအား စုန့်ယွင်ရန် သိရှိပြီး ဖြစ်၏..

ရိုက်ကွင်းသည် ကားရပ်ထားရာနေရာမှ မီတာ သုံး လေး ရာ အကွာတွင် တည်ရှိ၏..

သူတို့ ရောက်နေသော နေရာမှ ကြည့်လျှင်  ထိုနေရာအား နေရောင်ကာရန် မိုးကာ များ စွာ သုံးထားသည်အား တွေ့ရသည်..အတွင်းရှိ လူများ၏ လှုပ်ရှားမှု့ကို မူ တွေ့မြင်ရရန်မှာ မလွယ်ပေ..

အနီးအနားသို့ သူတို့ရောက်သွားသည့် အချိန် မှသာ ရှုတင်အနေအထားအား ပြတ်ပြတ် သားသား မြင်ရတော့၏..

မြင်ရသည့် ရှုတင်အားအကြည့်တစ်ချက်သာ ကြည့်စေကာ စကားတစ်ခွန်းတည်းနှင့် ပုံဖော်ပြပါဆိုလျှင် 'စောင်ရမ်းပူသည်' ဟူသော စကားထက် လိုက်ဖက်သည့် စကားမရှိ..

ရိုက်ကူးရေးလုပ်နေသည့် Theme မှာ လာမည့် ဆောင်းဦးနှင့် ဆောင်းရာသီ အတွက် ထုတ်လုပ်မည့် ဒီဇိုင်းသစ်များဖြစ်ကြ၏..

ချင်ကဲသည် နေရောင်တောက်တောက်အောက်တွင်  အနက်ရောင်ကုတ်အင်္ကျီအရှည်အား ဝတ်ဆင်ထားပြီး  ဓါတ်ပုံရိုက်ကူးရေးအလုပ် အတွက် ပိုမိုရုပ်လုံးကြွစေမည့် အလင်းရောင်စုံ အရှေ့တွင် ကိုယ်ဟန်ပြလျှက် ရှိနေ၏...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now