CH- 32.2

3.9K 685 0
                                    

"အပြင်မှာဘယ်သူရှိလဲ...ကျွန်တော်တို့ကို တံခါးဖွင့်ပေးကြပါ...'
အချိန်တစ်ခုကြာအောင် အခန်းငယ်ထဲတွင် ပိတ် မိနေပြီးနောက် စုန့်ယွင်ရန်သည် သံတံခါးအား ထု၍ အော်တော့၏...သို့ရာတွင် ဤ နေ ရာသည်ကား လက်ထောက်တန် စနက်ကြောင့် ကန့်သတ်နေမြေ ဖြစ်သွားသည်ကိုကား သူမသိရှာ...

သူနှင့်ချင်ကဲ နှစ်ယောက်လုံးစလုံး တွင် ဖုန်းလည်းမရှိ..အဝတ်လဲခန်း အတွင်းတွင်လည်း နာရီ တစ်ခုမှ မရှိပြန်လေရာ သူတို့နှစ်ဦး အချိန် ဘယ်လောက်ကြာကြာ ပိတ်မိနေကြောင်းအား မသိတော့ပေ..

ကြာချိန်သည်ကား မိနစ်အနည်းငယ်သာ ဖြစ်နိုင်သလို နာရီ အနည်းငယ်ကြာမြင့်နေ
ပြီလည်း ဖြစ်နိုင်၏..

ထို့အပြင် အခန်းတွင်း အပူချိန်သည်လည်း အလွန်မြင့်နေ၏..ဘေးနားရှိ ချင်ကဲသည်လည်း သူအား ကြည့်နေသည်ဖြစ်ရာ အချိန်သည် ကား ကုန်ရန် ခက်သည့်အမျိုးဟု စုန့်ယွင်ရန် ခံစား နေရရှာ၏..

တံခါးထု နေသည့်အမှု့အား လက်လျော့ပြီးနောက် သူနှင့် အတူ ဒုက္ခ ခံနေရသည့် ချင်ကဲအား " ခင်များပြောကြည့်စမ်းပါ...သူတို့တွေ ကျွန်တော်တို့ ပျောက်နေတာကို မသိကြတာရော မဖြစ်နိုင်ဘူးလား..?"

ချင်ကဲ ; " အဲ့တာတော့ မဖြစ်နိုင်ဘူး.."

"အဲ့တာဆို ဘာလို့ အခုထိ တစ်ယောက်မှ ရောက်မလာသေးတာလဲ...?"

စုန့်ယွင်ရန်သည် သူ့နှုတ်ခမ်းအား ထော်၍ စိတ်ဆိုး မာန်ဆိုး ဆိုလေသည်...
"မှောင်တောင်မှောင်တော့မှာကို အခုထိ ဘာလုပ်နေကြလို့ လာမရှာကြသေးတာလဲ မသိဘူး ဟွန့်..."

ချင်ကဲသည် လည်း အကြောင်းအရင်းအား မစဉ်းစားနိုင်ဖြစ်နေလေရာ ထို မေးခွန်းအား မဖြေနိုင်တော့ပေ...

တံခါး လော့ မကျခင် အချိန်နှင့်စာလျှင် အခန်းထဲရှိ အလင်းရောင်သည်ကား တဖြေးဖြေး နဲနဲ လာသည်ကို သူ(ချင်ကဲ) သတိ ထားမိသည်..

သူ ခန့်မှန်းချက်သာ မမှားပါက ကြာချိန်မှာ မိနစ် ၂၀ ထက် မပိုနိုင်...သူတစ်ယောက် တည်းသာ ဆိုပါက ထို မျှကြာချိန်သည် အရေးကြီးသည့် ကိစ္စ မဟုတ်..
.
သို့သော် စုန့်ယွင်ရန် တစ်ယောက် အဘယ့်ကြောင့် ဤ မျှ  ကမောက်ကမဖြစ်ကာ စိတ်ဆင်းရဲ နေသည်ကိုကား သူ နားလည်၏..

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now