CH-40

4.3K 636 5
                                    


ချင်ကဲသည် သူအေးဂျင့် ပေးပို့လာသော Link မှ Video အားကြည့်ပြီးနောက် အရာအားလုံးအား နားလည်သဘောပေါက်သွားလေတော့သည်.။
ပေးပို့လာသော Link သည် Chaohua (Halo) ဟူသည့်Blog  တွင် တင်ထားခြင်း ဖြစ်ပြီး Chaohua (Halo) ဟူသော နာမည်မှာ သူနှင့် စုန့်ယွင်ရန်၏ CP နာမည်ဖြစ်ပေလိမ့်မည်.။
(T/N − ရှေ့မှာလေ Halo ကို မြန်မာလို ဘာသာပြန်ပြီးတော့ရေးထားတယ် ..အခု အပိုင်းမှာ ကျတော့ လေ သူက Chaohua ဆိုပြီးပဲ ပါတော့တာ အဲဒါနဲ့ Chaohua (Halo)ပြီးတော့ ပဲ သုံးလိုက်တာပါ.. နောက်ပိုင်းလည်း သူတို့ CP နာမည်ကို ဒီဟာပဲသုံးတော့မယ်နော်.. )
ချန်ကျင်းပြောထားသလိုပင် ထို video ထဲ၌ စုန့်ယွင်ရန်နှင့်သူသည် တွန်းလိုက်ဆွဲလိုက် ဖြစ်နေကြပြီး  ချစ်သူနှစ်ဉီး ရန်ဖြစ်နေသည့်ပုံ ပေါက်နေ၏.။
သူတို့၏ ဓါတ်ပုံများအား ရိုက်သွားသောသူ ၏ ဓါတ်ပုံရိုက်ရန်ယူထားသည့်နေရာ နေရာကောင်း ဖြစ်ဟန် တူ၏.။  သူတို့နှစ်ဦးလုံး၏ မျက်နှာအမူအယာကိုပါ ကြည်လင်ပြတ် သားစွာ ရိုက်ယူသွားနိုင်လေ သည်.။ ထိုကြည်လင်ပြတ်သားသော ဓါတ်ပုံများအား Video အဖြစ်အသက်သွင်းလိုက်သောအခါ ဇာတ်လမ်း ရေး သားရန်အတွက် သင့်တော်သော စိတ်ကူးစိတ်သန်းမရှိသူပင် ဇာတ်ကွက်မျိုးစုံအား တွေးမိသွားပေလိမ့် မည်..။
ချင်ကဲသည် Video အား ပိတ်ချလိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် ထို Video အား ပြန်ဖွင့် ကြည့် ပြန်၏..။အကြိမ်ရေ အတော်များများ အပြန်ပြန်အလှန်လှန်ကြည့်ပြီးနောက် ရင်ထဲတွင် အခြေချပြီးဖြစ် သော သံသယမျိုးစေ့လေးသည်ကား အပင်ပေါက်လာလေပြီ.။
ထိုအချိန်က စိတ်ဆိုးနေသော ရှောင်စုန့်အား ပြေရာပြေကြောင်း သူချော့မော့နေခြင်းဖြစ်သည်.။
သို့ရာတွင် ချော့မော့စကားဆိုနေသော သူ၏ အမူအယာတွင်Video တွင် မြင်လိုက်ရသည့် အတော မသတ်နိုင်သော နူးညံ့ငြင်သာခြင်း မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ခဲ့ချေ.။
ထို့ကြောင့် သူ၏ အေးဂျင့်ဖြစ်သူ ချန်ကျင်းက သူ့အား ဖုန်းခေါ်၍ သတိပေးစကားဆိုခြင်းအကြောင်းမှာ အံဩစရာ ကိစ္စမဟုတ်ပေ.။
Video ထဲရှိ စုန့်ယွင်ရန် ဒေါသထွက်နေသည့် နေရာအရောက်တွင်
ချင်ကဲသည် ခေါင်းငုံ့ချလိုက်ပြီး သူ့၏ မျက်ဝန်းထဲတွင် ခပ်ဖျော့ဖျော့ အရိပ်အယောင် တစ်ချို့ ထင်ဟပ် လာကာ သူ၏  နှုတ်ခမ်းထောင့်စွန်းများသည်လည်း အပေါ်ဘက်သို့ ကွေးတက်သွားတော့သည်.။
ချင်ကဲ၏ ဘေးတွင် ရပ်နေသော လက်ထောက်လေးရှောင်ခယ့်မှာ အသက်ပင် ပြင်းပြင်းမရှုရဲရှာ.။
ချန်ကျင်းပြောသော စကားကို ရှောင်ခယ့်သေချာ မကြားလိုက်သော်လည်း ချင်ကဲ၏ အဖြေစကား နှင့် အပြုအမူ များအပေါ်တွင် အခြေခံလိုက်ချိန်တွင် မည်သို့သော ကိစ္စရပ်မျိုးဖြစ်ပွားသွားသည်ကို သူ ရိပ်မိ ကာ သဘောပေါက်သွားလေ၏.။
သို့ရာတွင်  Video  အဆုံးတွင်ပေါ်ထွက်လာသည့်  ချင်ကဲ၏မျက်နှာချောချောထက်ရှိ အပြုံးတစ်ပွင့် ကိုကား သူ တအံ့တဩဖြစ်နေသည်.။
ထိုအခိုက်အတန့်သည်ကား အချိန်အတော်ကြာ ဆီနှင်းများနှင့်ဖုံးလွမ်းနေသော ရေခဲတောင်ကြီး အရည် ပျော်သွားသည့် အချိန်နှင့်တူလေသည်.။ အေးစက်စက်ရေခဲပန်းလှလှများနှယ် အစဉ်အမြဲ ရှိနေတတ် သည့် ချင်ကဲ၏ မျက်ဝန်းများသည်ကား နေဝင်ချိန်နှင့် နေထွက်ချိန်တွင်  ဖြာကျနေတတ်သည့် နေရောင် ခြည် နုနုလေးပမာ နွေးထွေးသောအလင်းဖြာကျနေသည်အား Video အဆုံးသတ်ချိန်တွင် သူမြင်လိုက် ရလေ သည်.။                                                
ရှောင်ခယ့်သည်  ချင်ကဲ၏ မျက်နှာအား အနီးကပ် စိုက်ကြည့်လိုက်ကာ သူအမြင်မှားမမှား အတည်ပြု ရန်ကြိုးပမ်းလိုက်ချိန်တွင် ငုံ့နေသော ချင်ကဲသည် သူ့အား မျက်လုံး ပင့်ကြည့်ကာ အမေးစကား ဆိုလေ တော့သည်.။
“မင်း ရှောင်စုန့် ကို ငါ စိတ်အခြေအနေမကောင်းဘူးဆိုပြီး ပြောလိုက်သေးတာလား..?”
ရှောင်ခယ့်  ; “ကျွန်တော် က စကား တစ်ခွန်းစ  နှစ်ခွန်းစလောက်နဲ့ပဲ အရိပ်အမြွက်ပြောလိုက်တာပါ.. စကားမကျွံလိုက်ပါဘူးဗျ..”
ချင်ကဲသည်ကား သူ၏ မူပိုင်အေးစက်စက် ခပ်တည်တည် မျက်နှာကြီး နှင့် “ ဟုတ်ပြီလေ.. ကျေးဇူးပဲ”
ရှောင်ခယ့် ;  "?!"
ရှောင်ခယ့်တစ်ယောက် ပြန်လည် တက်ကြွသွားလေ၏..
ချင်ကဲ ငါ လုပ်တာမှန်တယ်ဆိုပြီး ချီးကျူးလိုက်တဲ့ သဘောများလား..? အဟီး..
ချင်ကဲသည် သူ့အား ကျေးဇူးတင်စကား  ဆိုပြီးပြီးချင်းပင် ဆက်၍ ပြောပြန်သည်.။
“နောက်ဆိုရင် ဟိုနေရာဝင်ပါ ဒီနေရာဝင်ပါမျိုးလုပ်ပြီး လျှောက်ပြောတာမျိုး မလုပ်နဲ့တော့နော်.. အထူးသဖြင့် မစ္စတာစုန့်ရှေ့မှာ စကားအများကြီး  မပြောမိစေနဲ့..”
ရှောင်ခယ့်သည် လေသံပျော့ပျော့နှင့် ပြန်မေးခွန်းထုတ်ရှာ၏..
“သူက ဥက္ကဌဆိုတော့ မျက်နှာသာရအောင် ဖားတယ်လို့ ထင်မှာစိုးလို့လားဟင်..?”
“ဟင့်အင်း .. မဟုတ်ပါဘူး… သူအတွေးတွေလွန်ပြီး ညကို ကောင်းကောင်း အိပ်မပျော်မှာစိုးလို့..”
ထိုစကားဆိုပြီးနောက် ချင်ကဲသည် တစ်စုံတစ်ခုအား ရုတ်တရက် သတိရသွားသည့် ဟန်ဖြင့် Video လေးအား သူ၏ ဖုန်းထဲတွင် သိမ်းဆည်းလိုက်လေတော့၏..။
ဘေးတွင် ရှိနေသော ရှောင်ခယ့်  ;  “….”
ညအချိန် Yan City
စုန့်ယွင်ရန်သည် အိပ်ယာပေါ်တွင် တလူးလူးတလိမ့်လိမ့်ဖြစ်နေကာ အိပ်မပျော်ရှာပေ.။
သက်ပြင်းရှည်တစ်ချက် ချလိုက်ကာ အိပ်ယာဘေးရှိ  မီးအိမ်လေးအား လှမ်းဖွင့်လိုက်၏.။အိပ်ယာထဲမှ ကျုံးထကာ စားပွဲပေါ်တွင် အားသွင်းထားသော ဖုန်းအား လှမ်းယူလိုက်၏.။မနေနိုင်မထိုင်ဖြစ်ကာ Weibo အားဝင်ကြည့်မိပြန်သည်.။
အဒေါ်ကြီး၏ စပါယ်ရှယ်လက်ရာ ညနေစာ စားပြီးချိန်တွင် သူ သာယာနေသေး၏.။
ညနေစာစားပြီးနောက်တွင် ဟယ်ကျီယူက သူ့ဆီသို့ ကြောင်လေးများ၏ ချစ်စဖွယ် အမူအယာလေးများ အားရိုက်ကူးထားသည့် ဗီဒီယိုလေး တစ်ပုဒ်အား ပို့လာပေးလေသည်.။
စုန့်ယွင်ရန် တစ်ယောက် ချစ်စဖွယ် ခွေးလေးကြောင်လေးများ၏ အပြုအမူလေးများအား Weibo တစ်ခွင် ပြဲပြဲစင်အောင် ရှာပြီးသကာလ၌ ဟယ်ကျီယူထံ ဗီဒီယို တစ်ပုဒ် ပြန်ပို့ပေးလိုက်၏.။
နှစ်ယောက်သား အမွေးပွကောင်လေးများ အကြောင်း အာလူးဖုတ်ပြီးချိန်တွင် စုန့်ယွင်ရန် တစ်ယောက် လက်ယားကာ zombie weibo acc တွင် ချစ်စဖွယ်အကောင်လေးများ၏ ပုံအား repost လုပ်လိုက်လေတော့သည်.။
သူ၏ post သည်ကား အနှီ CP မမ summer ice-cream မြင်သွားလိမ့်မည်ဟု သူမထင်ခဲ့..
CP မမ summer ice-cream သည်ကား သူ့ post အောက်တွင် commet ဝင်ရေးသွားလေတော့သည်.။
( ဆယ့်တစ်လေး  ကြောင်လေးတွေရဲ့ ပုံမှာပျေိာ်မွေ့မနေနဲ့တော့ကွဲ့.. ice-cream ဆီကိုလာ… အရမ်းချိုတဲ့ သကြားခဲလေး ဝါးကြမယ်..စပါယ့်ရှယ် စပါယ့်ရှယ်ကို ချိုတာနော်)
(T/N - အရင်က တစ်ဆယ်လေးထင်တာပဲ အခုမှ ဘယ်ကနေ ဘယ်လို ဆယ့်တစ်လေး ဖြစ်သွားလဲ မသိဘူး..E tran မှာပါတဲ့ အတိုင်းပဲ ဆက်ပြန်လိုက်မယ်နော် ဟီး.)
ထို comment အားမြင်ချိန်က စုန့်ယွင်ရန် အလေးအနက်မထားလိုက်ပေ.။ CP group မှ လူများ၏ ဦးနှောက်အခြေအနေအရ သူ၏ စာမေးပွဲခုံအမှတ်နှင့် ချင်ကဲ၏ စာမေးပွဲခုံအမှတ် ခြားနားချက်မှာ ဝူအာ့လင် (520= ဝေါ်အိုက်နီ) ဖြစ်နေသည်ကို သကြားခဲ ချိုချိုလေး အဖြစ်ရောင်းနေသည်ဟု သာ သူ  ထင်လိုက်၏.။
သို့ရာတွင် အတွေးတိမ်သော လူ့ဖလံလေးမှာ သူဖြစ်သွားရလေပြီ.။
CP Group ထဲ သူဝင်ကြည့်လိုက်ချိန်တွင် member ဦးရေမှာ အယောက် ငါးဆယ် ပင်ရှိနေပြီ ဖြစ်သဖြင့် သူအံ့ဩသွားရ၏.။
ဒီရက်ပိုင်းအတွင် သူနှင့် ချင်ကဲတို့ နှစ်ယောက်လုံး အလုပ်များနေသဖြင့် သူတို့ နှစ်ယောက်ကြား Moment ရှိရန်မှာ မဖြစ်နိုင်ပေ.။ တိုးလာသော ဂဏန်းအရေအတွက်က သူ၏ တွေးထင်ချက်အား ရိုက်ချိုးလိုက်လေပြီ.။
သိချင်စိတ်နောက်လိုက်ကာ Group chat သို့ ဝင်ကြည့်လိုက်ချိန်တွင် မြင်လိုက်ရသော စာများကြောင့် ကြက်သေသေကာ မျက်လုံးပင် ပြူးသွားရှာလေ၏.။
{ကျဲမေ့ (ညီအစ်မ) တို့ရေ တို့ CP က real ကြီးဟေ့..!! }
{ငါတို့က ship ရုံ ship တာလေ သူတို့က အတည်ကြိုက်နေကြတာတဲ့}
(T/N - သဘောကျတဲ့ facebook က page လေး နာမည်ကို ယူထားတာပါ)
"..."
စုန့်ယွင်ရန် တစ်ယောက် သိချင်စိတ်အား တားမရဖြစ်ကာ group chat ထဲ စာပို့မေးလေတော့သည်.
{ ဘာတွေ ဖြစ်နေကြတာလဲဟင်.. မူးနောက်နေတာပဲ.. ဘယ်သူ့ ဦးနှောက်ဖောက်သွားပြန်တာတုန်း .အလင်းပြကြပါဦး}
သူ၏ အမေးစာကြောင်းတွင် မကျေနပ်ချက် တစ်သိန်းအား မြှုပ်ကွယ်ထား၏။
အချိုများအား တစ်ဝကြီးစားနေကြသော CP fan လေးများသည်ကား သူ၏ မကျေနပ်သည့် အရိပ်အယောင်ပြ စာကြောင်းအား သဘောပေါက်ဟန်မတူ.. သူ ရောက်လာသည်ကိုသာ တအံ့တဩ  ဖြစ်နေကြ၏.။
{ရှောင်ရှီ( ဆယ့်တစ်လေး) ပါလား..ဒီရက်ပိုင်း မတွေ့တာကြာပြီနော် ..အလုပ်များနေတာလား?}
စုန့်ယွင်ရန်ခမျာ မည်သို့ ပြန်ဖြေရမည်ကို အကြံအိုက်နေစဉ် တစ်ဖက်လူက လမ်းကြောင်းတစ်ခု ချပေးလာ၏.။
{ကျောင်းတက်နေရလို့လား.?..အဖေနဲ့ အမေက ဖုန်းမကိုင်ခိုင်းဘူးထင်တယ် ဟုတ်တယ်ဟုတ်..?}
စုန့်ယွင်ရန်ခမျာ အံကြိတ်၍ အဖြေပြန်ပေးလိုက်၏..
{ဟုတ်တယ်ရယ်}
{အဲ့တာဆို အလယ်တန်းကျောင်းသူလား အထက်တန်းကျောင်းတက်နေတာလား..? မူလတန်း တက်နေတဲ့ ကလေးတော့ မဟုတ်ပါဘူးနော်..?}
ဘယ်သူက မူလတန်းတက်နေတဲ့ ကြက်ပေါက်စဖြစ်မှာလဲလို့ ဟမ့်..!
စုန့်ယွင်ရန်မှာ အံကြိတ်ကာ ခက်ခက်ခဲခဲ မျိုသိပ်၍ စာပြန်လိုက်လေသည်..
{အထက်တန်း တက်နေတာပါနော်..}
ထို့နောက်တွင် မလုံလောက်သေးဟု တွေးလိုက်ကာ သူ၏ အသက်နှင့် ရင့်ကျက်မှုအား ရှောင်ရှီ (ဆယ့်တစ်လေး) ဟူသော နာမည်နှင့် ကိုက်စေရန်                                                 
{နောက်နှစ်ဆို စီနီယာ အထက်တန်းကို ရောက်ပါပြီနော်} ဟု ပြန်ပို့လိုက်၏.။
{ဝိုး…အရေးကြီးတဲ့ အထက်တန်း စီနီယာနှစ်ကိုရောက်တော့မှာပဲ .. အိမ်စာတွေပြီးမှ စတားတွေ နောက် လိုက်ရမယ်နော် ဆယ့်တစ်လေး..}
{အင်း.. ဟုတ်ကဲ့ပါ}
စုန့်ယွင်ရန်မှာ အထက်တန်းကျောင်းသူလေး တစ်ယောက်ကဲ့သို့ ဆက်ဆံခံရခြင်းဘေးမှ အမြန်ကင်းဝေး စေရန် စာပို့ကာ သူသိချင်သော အဓိကအကြောင်းအရင်းသို့ ဆွဲခေါ်လိုက်၏.။
{ အချို တွေဆို.. ဘယ်မှာလဲ အချိုတွေက… ဘယ်အချိုအကြောင်းကို ပြောနေတာလဲလို့.. ဆယ့်တစ်လေးလည်း သိချင်တယ်လို့.!}
CP fan တစ်သိုက်မှာ သူ၏ စာကြောင်းအား မြင်သွားကာ Link တစ်ခု ပို့ပေးလေတော့သည်.။
စုန့်ယွင်ရန်တစ်ယောက် Link အား  ကြည့်ပြီးနောက် ဆွံ့အသွားရှာလေတော့သည်.။
ကောင်းတယ်.. သိပ်ကိုကောင်းတယ်.. စွန်းလွှတ်အောင်ကို ကောင်းတော့တာပဲ..။
အနုပညာရှင် တစ်ယောက် ဖြစ်ခဲ့သူ အမောင်ရှောင်စုန့်သည် ဗီဒီယို တစ်ခုကြောင့် ဖြစ်လာတတ်သည့် အခြေအနေအရပ်ရပ်အား တွေ့မြင်ဖူးလေရာ သူ့အား တော်ရုံဗီဒီယိုက ကြောက်စိတ်မဝင်စေနိုင်ပေ.။
စုန့်ယွင်ရန် မမြင်ဖူးသော comment ဟူ၍ သိပ်မရှိ..
သို့ရာတွင် ယခု video အောက်ရှိ comment များသည်ကား သူ့အား အလန့်တကြား ဖြစ်သွားစေသည်..။
မနေ့က ချင်ကဲနှင့်သူ မျက်နှာချင်းဆိုင်ကာ စကားပြောခဲ့စဉ်က သူ့တွင် မည်သို့သော ခံစားချက်မှ မဖြစ်ပေါ်ခဲ့ပေ..။
ယနေ့တွင် တတိယလူနေရာမှ သူတို့ နှစ်ယောက်၏ ပုံရိပ်အား ဖုန်း Screen ပေါ်တွင် ကြည့်လိုက်ရချိန်တွင် သူ၏ အပြုအမူမှာ
“ခင်ဗျားနော် သိပ်မဆူနေနဲ့ ကျွန်တော် ဒေါသထွက်နေပြီ သိလား”ဟု  စိတ်ကောက်နေသည့် ပုံ ပေါက်နေလေရာ သူဒေါသအမျက် အချောင်းချောင်းထွက်  သွားလေပြီ..။
သူ ဒေါသ အထွက်ရဆုံး ကိစ္စမှာ  ချင်ကဲသည် သူ့ ဆံပင်လေးအား ပွတ်သပ်လိုက်ချိန်တွင် ရီမော လိုက်သည့် သူ၏ပုံရိပ်ဖြစ်လေသည်..။
ဘာလို့ အဲ့လောက်တောင် ရီနေရတာတုန်း..!
အရမ်းကို သာယာပြီး ပျော်နေတာပေါ့လေ ဟမ့်..!
စုန့်ယွင်ရန်တစ်ယောက် ကူကယ်ရာမဲ့ဖြစ်သွားကာ သူ့ကိုယ်သူ ဆူဆဲချင်စိတ်ပေါက်သွားလေတော့သည်.
အမြီးသာရှိရင်လေ ရှောင်စုန့် .. မင်းအမြှီးလေးက တနှံ့နှံ့ နဲ့ကို ဖြစ်နေမှာ ငပေါကောင်ရဲ့
ဘယ်မလဲ မင်းရဲ့ ဉက္ကဌ ဂုဏ်သိက္ခာ..!
စုန့်ယွင်ရန်သည် ချင်ကဲနှင့် ပတ်သက်၍ စိတ်ခံစားချက် ပြင်းပြင်းထန်ထန်မရှိခဲ့..
ထို Video အောက်ရှိ comment များ၏ ဖတ်ပြီးချိန်တွင် သူ့၏ စိတ်ခံစားချက်များပင် ထင်ယောင် ထင်မှား ဖြစ်လာလေတော့သည်.။
နောက် နာရီအနည်းငယ် အကြာတွင် သူ့ခမျာ သူနှင့်ချင်ကဲ ကြားရှိ ပုံရိပ်များအား ထပ်မမြင်ရစေရန် ကြောက်လန့်တကြားနှင့်ဖုန်းပင် ကိုင်မကြည့်တော့ပေ.။
သို့သော် ညဉ့်နက်သန်းခေါင် အချိန်တွင် နွေးထွေးသော အိပ်ယာဝင်မီး အဝါရောင်လေးအောက်တွင် သက်တောင့်သက်သာရှိသော အိပ်ယာ ကြီးထက်တွင် လှဲလျောင်း၍ လုံခြုံစိတ်ချရသော ပတ်ဝန်းကျင် အား ဖန်တီးလိုက်နိုင်လေပြီ..။
စုန့်ယွင်ရန်သည် အားတင်းကာ video အား ထပ်ခါထပ်ခါ ကြည့်လေတော့သည်.။
အကြိမ်များစွာ ကြည့်ပြီးနောက် ပို၍ကြီးမားသော ပြဿနာ တစ်ရပ်အား မြင်လိုက်တော့သည်.။
ချင်ကဲ၏ အပြုအမူများအား မည်သို့ပင်ကြည့်ကြည့် စိတ်ခံချက် လေးမျိုးအား တွေ့နိုင်လေသည်.
စိတ်ဖိဆီးမှု..ဒေါသတရား..ကူကယ်ရာမဲ့ ဖြစ်နေသည့်ဟန်ပန်နှင့် ညင်သာနူးညံ့ကြင်နာခြင်း တို့ ဖြစ်ကြ၏.။
ပထမ သုံးခုမှာ သာမာန် သာဖြစ်သော်လည်း.. နောက်ဆုံးသော တစ်ခုမှာကား သော့ချက်ဖြစ်လေသည်.။
ချင်ကဲ၏ နောက်ဆုံးက အပြုအမူကြောင့် စုန့်ယွင်ရန်ထဆဲချင်စိတ်ပင် ပေါက်သွားလေသည်.။
ကောင်းတယ် သိပ်ကောင်းတယ်  စိတ်ခံစားချက် အစစ်အမှန်တေွ ထုတ်ပြရဲတယ်ပေါ့လေ
မျက်လုံးရှိတဲ့ လူတိုင်း မင်းရင်ထဲက အကြောင်းတွေကို မြင်နိုင်တယ်ကွ..
ဟန်ဆောင် ပန်ဆောင်လေးနဲ့ကို မနေတတ်တော့ဘူးလား ဖုံး မထားချင်တော့ဘူးလား
စုန့်ယွင်ရန်သည် ဖုန်းအား ဒေါသတကြီး ပစ်ထုတ်လိုက်လေကာ သက်ပြင်းရှည် တစ်ချက် မှုတ်ထုတ်လိုက်တော့၏.။
ငါတော့ ဒီည အိပ်ရေးပျက်ပြန်ပြီ..
မိုးကြီးလေကြီး  ကျပြီးနောက် ရာသီဥတုက ပို၍ အပူပြင်းလာ၏..
“သိုင်းလောကမှ လမ်းမများ”ရိုက်ကူးရေး အဖွဲ့သည်လည်း ရုပ်ရှင်မြို့တော်၏ အပြင်ရှုခင်းများနှင့် ရိုက်ကူးရသည့် ဇာတ်ဝင်ခန်းများအား  အပြီးသတ်ကာ အပူချိန် ၄၀ ဒီဂရီ ဆယ်စီးရပ် အောက်တွင် ရိုက်ကူးမည့်အစား စတူရီယို အတွင်းတွင် ရိုက်ကူးလေတော့သည်.။
မနက်ပိုင်း အချိန်တွင် ချင်ကဲတစ်ယောက် ရိုက်ကွင်းရှိ အဝတ်လဲခန်းသို့ အချိန်မှီ ရောက်နေလေနေပြီ.။
မိတ်ကပ်ပြင် မပြီးမှီ အခန်းတံခါး ခေါက်သံ အား ကြားလိုက်ရ၏.။
တံခါးခေါက်လာသူမှာ ရိုက်ကူးရေးဝန်ထမ်း တစ်ယောက်ဖြစ်ပြီး  သူရှိနေသော အခန်းထဲသို့ သရုပ်ဆောင် နောက်တစ်ဦး ဝင်၍ မိတ်ကပ်ပြင်ချင်ကြောင်း ပြောဆိုခြင်း ဖြစ်သည်.။
စတူရီယိုရှိ အဝတ်လဲခန်းအရေအတွက်မှာ ကန့်သတ်ချက် ရှိနေလေသည်.။
အကြီးဆုံး အခန်းတွင် မိတ်ကပ်ပြင်ရသူများမှာ ဇာတ်ကားတွင်  အရေးကြီး ဇာတ်ကောင်နေရာ၌ သရုပ်ဆောင်ရသူများသာ ဖြစ်၏.။ကျန် ဇာတ်ကောင်ငယ်များသည်ကား အခန်းငယ်များတွင် စု၍ မိတ်ကပ်လိမ်းချယ်ရလေသည်.။
မိတ်ကပ်ပညာရှင် မှာ ချက်ချင်း သဘောတူကြောင်း မဆိုလိုက်ပေ..။
အခန်းထဲတွင်ရှိနေသော အနုပညာရှင်များ၏ အမြင်အား အရင်မေးကြည့်သေး၏.။
ဝါရင့် သရုပ်ဆောင်ကြီးက သဘောတူကြောင်း အဖြေပေးလိုက်လေသည်..။
ချင်ကဲသည် အခန်းအတွင်းလှည့်ကြည့်လိုက်ရာ လစ်လပ်နေသေးသော အလှပြင်ခုံများအား မြင်လိုက် ရ၏.။
သူသည်လည်း ကိန်းကြီးခန်းကြီးနိုင်သော လူတစ်ယောက် မဟုတ်လေရာ ခပ်အေးအေးပင် “အဆင်ပြေပါတယ်… ဝင်ခိုင်းလိုက်ပါ ” ဟု ပြောလိုက်၏.။
ပြောရေးဆိုခွင့်ရှိသူ အနုပညာရှင် နှစ်ဉီး၏ အဖြေစကားကြောင့် ကျန်ရှိနေသေးသော အခြားသရုပ် ဆောင်များသည်လည်း မည်သည့်စကားမှ မဆိုကြတော့ပဲ သဘောတူလိုက်ကြလေတော့သည်.။
မကြာမီပင် အခန်းတံခါးပွင့်လာကာ ချိန်ကျားမင်တစ်ယောက် သုံးဖက်မြင်မှန်ပါသည့် မှန်တင်ခုံရှေ့တွင် ဝင်ထိုင်လိုက်သည်ကို တွေ့လိုက်ရလေတော့သည်.။
ခေါင်းတစ်ချက် ညိမ့်ပြကာ နှုတ်ဆက်လိုက်ပြီး မျက်လုံးမှိတ်ကာ အနားယူလိုက်၏..။
ချိန်ကျားမင်တစ်ယောက် လတ်တလော ပြုမူနေသော အပြုအမူများအားပြန်လည် သုံးသပ်ကြည့် နေလေတော့သည်..။
ချိန်ကျားမင်၏ ရိုက်ကူးရေးပထမဆုံး ရက်မှလွဲ၍ ကျန်ရက်များတွင် သူ ၏ အပြုအမူမှာ ပုံမှန်သာ ရှိ၏..။သံသယ ဖြစ်ဖွယ်ရာ တစ်ခုပင်မရှိခဲ့ပေ.။
သို့သော် ချင်ကဲ သည် စိတ်ဒုန်းဒုန်းချ မနေနိုင် .. အရင်ဘဝမှ နာကျင်စရာ အတွေ့အကြုံက သူ့အား စိတ်သက်သာခွင့်မပေးပေ.။
ရိုက်ကူးရေး ဝန်ထမ်းများသည်လည်း ပါးရည်နပ်ရည်ရှိကာ လူရည်လည် ကြသူများ ဖြစ်လေရာ နှစ်ဦးသား ကြားရှိ ဆက်ဆံရေးမှာ မကြောင်းကြောင်းရိပ်မိလိုက်ကြ၏.။ အကြည့် အချို့အား ဖလှယ်ကြပြီးနောက် ကိုယ့် အလုပ်ကိုယ် ဆက်လုပ်ကြလေတော့သည်.။
မကြာမီပင် အဝတ်လဲခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေတော့သည်.။
လူတိုင်း အေးအေးချမ်းချမ်းဖြစ်သွားပြီဟု ထင်နေကြချိန်တွင် ချိန်ကျားမင်သည် ဖုန်းအား ရုတ်တရက် ထုတ်လိုက်ကာ မှန်တင်ခုံပေါ်တွင် အကျအန ဆင်လိုက်ကာ မိတ်ကပ်အလိမ်းခံရင်း game video အား ကြည့်လေတော့သည်.။
ဂိမ်းသံတွင် live streamer (anchor) တို့၏ အသံများ ပါဝင်နေလေရာ အဝတ်လဲခန်း တစ်ခုလုံး စကားသံ များ ဆူညံကာ အသက်ဝင်လာတော့သည်..။
ဝါရင့် သရုပ်ဆောင်ကြီး၏ မျက်ခုံးများသည်ကား တွန့်ချိုးလာလေပြီ..။
မနက်စောစော တွင် ရိုက်ကူးရေးလုပ်ရခြင်းသည်ကား နာကျင်ဖွယ် ကိစ္စတစ်ရပ်ဖြစ်၏.။
သရုပ်ဆောင်တော်တော်များများမှာ မနက်ပိုင်းရိုက်ကူးရေးရှိပါက မိတ်ကပ်လိမ်းချိန်အား အသုံးချကာ အနားယူတတ်ကြလေသည်.။သို့သော် အခုတွင်မူ ဆူညံသံဖြစ်စေသူတစ်ယောက်ရှိနေလေပြီ.။
ချင်ကဲ လျစ်လျူရှုကာမနေနိုင်တော့ဘဲ မျက်လုံးဖွင့်ကြည့်လိုက်တော့၏.။
ချိန်ကျားမင်သည် သူ့ဘေးရှိမှန်တင်ခုံတွင် ထိုင်နေခြင်း ဖြစ်၏.။
ချိန်ကျားမင်သည်ကား ပတ်ဝန်းကျင်ရှိ လူများ၏ မကျေနပ်သည့် အကြည့်များအား သတိပြုမိဟန်မတူ.။
ဖုန်းမျက်နှာပြင်ကိုသာ စိုက်ကြည့်ကာ မျက်မှောင်ကြုတ်သွားလိုက် စိတ်သက်သာရာ ရသွားလိုက်ဖြစ်နေလေ၏.။
ဒီရက်ပိုင်းအတွင်းတွင်  အခြားသော ဂိမ်း anchor ထံမှ Skill အသစ်များအား သူလေ့လာနေခြင်းဖြစ် သည်.။
ချင်ကဲ ထုတ်ပြောလိုက်ရလေတော့သည်.။
“ချိန်ကျားမင် မင်းမှာ Headphone မပါလားဘူးလား..?”
ချိန်ကျားမင်မှာ ချင်ကဲသူ့အား စကားစပြောလိမ့်မည်ဟု မထင်ထားပေ.။
သို့သော် ချက်ချင်းပင် ချင်ကဲအား လှမ်းကြည့်ကာ.. “ ဘာလုပ်မလို့လဲ..မင်းသုံးချင်လို့လား..?”
ချင်ကဲသည်ကား သူ့အား စကားပြန်မဖြေ ..အခြား သရုပ်ဆောင်များကိုသာ လှမ်းကြည့်လိုက်၏.။
"..."
ချိန်ကျားမင်တစ်ယောက် နားလည်သွားသော်ငြား နားမလည်ချင်ယောင် ဆောင်ချင်နေရှာ၏.။
ချင်ကဲသည်ကား သူ့အား တိတ်တိတ်နေခိုင်းခြင်းဖြစ်၏.။ သို့သော် အခြားလူတစ်ယောက်က သူ့အား ထိုစကားလာပြောပါက တောင်းပန်စကား ဆိုကာ headphone အား ထုတ်ယူကာ video အား ပိတ်လိုက်မည်ဖြစ်သည်..။သို့သော် လာပြောသူမှာ ချင်ကဲ ဖြစ်နေလေရာ..မစ္ဆေရိယ စိတ်ကြောင့် ချင်ကဲ ထိုစကားအား ဆိုခြင်းဖြစ်သည်ဟု မှတ်ယူလိုက်လေတော့သည်.။
တစ်စက္ကန့်ခန့် စဉ်းစားပြီးနောက် ချိန်ကျားမင်သည် ဖုန်းကိုသာ ပိတ်ချလိုက်၏.။
သူ၏ လက်ထောက်အား ဇာတ်ညွှန်းယူခိုင်းကာ ဇာတ်ညွှန်းဖတ်နေလေတော့သည်.။
ဇာတ်ညွှန်းအား အတော်ကြာဖတ်ပြီးနောက် ချင်ကဲအား လှမ်းအကဲခတ်လိုက်တော့၏.။
ချင်ကဲသည်ကား သူ့အား အာရုံထားနေဟန်မရှိ..။
သူ(ချိန်ကျားမင်)သည်ကား သူ့ (ချင်ကဲ) အာရုံစိုက်မှုနှင့် မထိုက်တန်သော ဖြတ်သွားဖြတ်လာလေး သဖွယ် သဘောထားဟန်ရှိ၏.။
ချိန်ကျားမင်းကား အပ်ချောင်းပေါ် ထိုင်ထားမိသကဲ့သို့ ငြိမ်ငြိမ်မနေနိုင်ရှာတော့ပေ..။
ချင်ကဲအား ခပ်တိုးတိုးလေး လှမ်းမေးလိုက်လေတော့၏.။
“ဝေး ချင်ကဲ ငါက မနေ့တုန်းက professional player တွေ ကစားခဲ့တဲ့ game ရဲ့ Live ကို ပြန်ကြည့် နေတာကွ သိလား..။”
ချင်ကဲ : “ ….”
ချင်ကဲသည် မျက်လုံးဖွင့်ကြည့်ကာ ပြန်မေးလိုက်၏.
“အဲ့တော့ ဘာဖြစ်လဲ..?”
“ဥက္ကဌရှောင်စုန့်က ငါ့ကို ဘာအကြံပေးခဲ့လည်းဆိုတာ မင်း မသိသေးဘူးထင်တယ်..”
“ဥက္ကဌရှောင်စုန့် ငါ့ကို အလည်ခေါ်တဲ့နေ့တုန်းက ပြောသွားတယ် ငါက ဂိမ်းကစားတာ အရမ်းတော် တယ်တဲ့..ငါ့ ဂိမ်း ကစားတဲ့ SKILL ကို သူ အရမ်းသဘောကျသွားတာ..အဲဒါနဲ့ ငါသာ Live Streamer လုပ်ရင် အောင်မြင်ကြော်ကြား လူကြိုက်များမှာဆိုပြီး ချီးကျူးသွားတာကွ..”
စုန့်ယွင်ရန်၏ မူရင်းစကားများမှာ ဤ ကဲ့သို့ မဟုတ်သော်လည်း ချိန်ကျားမင်သည် သူ၏ ပင်ကိုယ်ဗီဇ အတိုင်း ချင်ကဲအား မနာလိုဖြစ်သွားစေရန် ချဲ့ကားပြောဆိုလိုက်ခြင်း ဖြစ်လေသည်.။
ချင်ကဲအား “သိုင်းလောက၏ လမ်းမများ” ဇာတ်လမ်းတွင် သူရှုံးသွားသော်လည်း အခြားတစ်နေရာတွင် ချင်ကဲအား  သူ အနိုင်ရကြောင်း ကြွားချင်သည့် စိတ်လေးအား အမောင်ကျားမင် လက်မလျော့နိုင်သေး.။
သို့သော် ချင်ကဲ၏ မျက်နှာထက်တွင် မည်သို့သော ခံစားချက်မှ ပေါ်မလာပေ..သူ့စကားအား  ချင်ကဲက ခပ်တိုတိုပင် ပြန်ဖြေ၏..
“လုပ်လေ ”
ချင်ကဲ၏ ယခုအပြုအမူမှာ လေ့ကျင့်ခန်းဆင်းသည့်နေ့က ကော်ရစ်တာတွင် တွေ့ခဲ့ရသည့် အပြုအမူ အတိုင်းပင်..သို့သော် ထင်ချင်ရာ ထင်တတ်သည့် အမောင်ကျားမင်သည် ချင်ကဲ၏ အပြုအမူအား သင်ပေးသည့် ဆရာမရှိဘဲ ဤ သို့သဘောပေါက်လိုက်လေသည်…
အမယ် အမယ် အပြုအမူကတော့ cool guy ပေါ့လေ ..စိတ်ထဲကတော့ ကြိတ်လောင်နေများ ငါမသိတာကျလို့..
မင်းကိုယ်မင်းတော့ လုံလှပြီထင်နေတာပေါ့.. ရှာလကာရည် အိုးလိုက်မှောက်တဲ့ ချဉ်စူးစူး  အနံ့ကို ငါ့နေရာကတောင် ရနေပြီကွ..
ချိန်ကျားမင်သည် အောင်ပွဲရ စစ်သူကြီးကဲ့သို့ ဂုဏ်ယူပြုံးကြီး ချိတ်ဆွဲကာ …..
“မင်းရောဘယ်လို ထင်လဲကွ.. ငါ မစ္စတာစုန့်ကို ကျေးဇူးတင်စကားပြောသင့်တယ်လို့ ထင်တယ်မလား.. သူက သူဌေးဆိုတော့ ပုံမှန်အတိုင်းဆို အရမ်းအလုပ်ရှုပ်တာမလား… သူ့ ကုမ္ပဏီက အနုပညာရှင်တွေကို တောင် ဂရုစိုက်ချိန်မရှိတာ..ငါ့ကိုတော့ တသီးတသန့် ကို လာပြီးတော့ကို အကြံပေးတာမောင်..”
စကားအား အဆုံးသတ်ပြီးနောက် ချိန်ကျားမင်တစ်ယောက် နှင်းခဲများကြား ရောက်သွား သကဲ့သို့ အေးစိမ့်မှုကြီးအား ခံစားလိုက်ရလေသည်.။
အလန့်တကြားဖြစ်ကာ တုန်တုန်ယင်ယင်ပင် ဖြစ်သွားလေတော့သည်..။မျက်လုံးလေးပင့်၍ ချင်ကဲအား ချောင်းကြည့်လိုက်ရာ ချင်ကဲသည်ကား အေးအေးဆေးဆေး အမူအယာနှင့်ပင်..
"?"
ငါများ ထင်ယောင်ထင်မှား ဖြစ်သွားတာလား..?
ချိန်ကျားမင်ခမျာ ဝေခွဲမရ ဖြစ်သွားရှာလေ၏.။
ချင်ကဲသည် သူ့အားလှမ်းကြည့်ကာ သိချင်နေဟန်ဖြင့် လှမ်းမေးလေသည်.
“အဲ့ဒါနဲ့ သူပြောတဲ့ စကား နားထောင်ပြီး လုပ်မလို့ ကြိုးစားနေတာလား..?”
“ဒါပေါ့ကွ..”
ချိန်ကျားမင်သည် ပေါက်တဲ့နဖူး မထူးဘူး ဟူ၍ နှလုံးသွင်းကာ ဆုံးဖြတ်ချက် မချရသေးသော်လည်း ခပ်တည်တည်ပင် ပြောချလိုက်တော့၏.။
ကဲကဲ… မင်းရဲ့ ကျေးဇူးရှင် ဥက္ကဌပေါက်က ငါ့ကို မင်းနောက်ကွယ်မှာ ဂရုစိုက်ပေးတယ်လေ..
ဘယ်လိုလဲ စိမ့်မှ စိမ့်ရဲ့လား.. အဟင်းဟင်း..
ချိန်ကျားမင်သည် ချင်ကဲ တစ်ယောက် မနာလိုမှုထဲ နစ်မြောကာ ရှောင်စုန့်အား ချင်ကဲ သွား၍ အတွန့်တက်ပြီး သူ့(ချင်ကဲ) အား ရှောင်စုန့် စွန့်ပစ်လိုက်သည်ဟူသော ဇာတ်ညွှန်းကြီးပင် ရေးပြီးလေပြီ.။
သို့ရာတွင် ချင်ကဲသည်ကား အတော်ကြာ စကားမဆိုတော့သည်မှလွဲ၍ မည်သည့် ခံစားချက်မှ ရှိဟန်မတူ..ထို့နောက် စကားတစ်ခွန်းအား ခပ်ဖြည်းဖြည်း ဆိုလာလေတော့သည်..။
“ကောင်းပါတယ်.. မင်းဆုံးဖြစ်ပြီးပြီဆိုမှတော့ ဆက်လုပ်တော့ပေါ့.. မစ္စတာစုန့် မင်းအပေါ်ထားတဲ့ မျှောလင့်ချက်တွေကို မပျက်သွားအောင်ကြိုးစား.. မင်းလုပ်တယ်ဆိုတာ ငါသိတယ်..”
ချိန်ကျားမင်ခမျာ နေရာတွင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားရှာ၏.။
ပါးစပ်ဆယ်ပေါက်ရှိတောင်ပြောစရာ စကားမရှိတော့ပါဘူးချင်ကဲရယ်..
ငါ့ပုံက ကျွဲနားစောင်းတီး တဲ့ စောင်းပညာရှင် လူချောလေးရုပ်များပေါက်နေပြီလားလို့…
(Update ပြီနော် ဒီလူ လိမ္မာတယ်ဟုတ်…)

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now