ရုတ်တရက် ခံစားလိုက်ရသည့် ပျော်ရွှင်မှု့ကြီး၏ ဖျားယောင်းမှု့မှ ရှောင်စုန့်လေး မလွတ်မြောက်ချင်တော့ပေ... ထို့ကြောင့် သူမျက်နှာပျက်ခဲ့ရသည့် ခွေးလေး တစ်နှယ် ဆက်ဆံခံခဲ့ရသည့် အရေးအား အမေ့ကောက်မည်ဟု ဆုံးဖြတ်လိုက်ကာ သဘောထားကြီးကာ ရက်ရောသည့် အဖေကြီးသဏ္ဍာန် အသွင်ယူလိုက်တော့၏...
" ကိုယ်တိုင်ကိုယ်ကျ တလေးတစားနဲ့ ခခယယ တောင်းဆိုလာတယ်ဆိုတော့ မဆိုးပါဘူး..."
ထိုစကားဆိုပြီးနောက် စုန့်ယွင်ရန်သည် ခေါင်းအုံးလေးထဲ မျက်နှာလေး အပ်ပစ်လိုက်ပြီး အလွန်အကျွံ ထိုးထွက်လာသည့် စိတ်လှုပ်ရှားမှု့ကြီးအား ဖမ်းထိန်းလိုက်တော့၏... ထို့နောက် တည်ကြည်လေးနက်သော လေသံဖြင့် " ဒါပေမဲ့ ခင်ဗျားမှတ်မိသေးတယ်ဟုတ်...? တစ်စုံတစ်ယောက်က Daddy လို့ခေါ်တဲ့ အသံကို နားထောင်ချင်နေတာကိုပေါ့..."
သူ၏ မေးခွန်းအား တစ်ဖက်မှ နေ့တစ်ဝက်ခန့်ကြာသည်အထိ အဖြေစကားပြန်မလာဘဲ အသံတိတ်နေလေသည်...
စုန့်ယွင်ရန်ခမျာ အဖြေထွက်အောင် မတွေးနိုင်ရှာတော့ပေ... အရင်အချိန်များတုန်းက အချိန်ကောင်း လွတ်သွား၍ သူ ကြားချင်သည့် ခေါ်သံ မကြားလိုက်ရခြင်း ဖြစ်သည်ဟု သူ ထင်မှတ်ထားခြင်း ဖြစ်လေသည်... ယခုအကြိမ်တွင်လည်း သူ ဆင်တူသော အမှားမျိုး လုပ်မိသည်များ ဖြစ်လေရော့သလား....?
ထို အတွေးဝင်လာသည်နှင့် စုန့်ယွင်ရန် နေမထိ ထိုင်မသာ ဖြစ်လာတော့သည်.. လက်သီးလေးအား ကျစ်ကျစ်ပါအောင် ဆုပ်ကာ အသက်ရှုသံလေးများပင် လေးဖင့်လာတော့၏... တစ်ဖက်လူအား အတင်းမတိုက်တွန်းတော့ဘဲ စိတ်ရှည်ရှည် စောင့်ဆိုင်းရန်သာ ရွေးချယ်လိုက်တော့သည်....
ရာစုနှစ်တစ်ခုစာလုံးပင် စောင့်စားလိုက်ရသည်ဟု ထင်မြင်လာချိန်...
ထို အခိုက်မှာပင် ချင်ကဲ၏ ခပ်ဖျော့ဖျော့ ရီသံအား ဖုန်းထဲ မှ ကြားလိုက်ရလေ၏...
" အလောတကြီး မနိုင်ပါနဲ့ဦးလေ... အရင်ဆုံးအကြွေးမှတ် ထားတယ်လို့ သဘောထားလိုက်ပါဦး ..."
စုန့်ယွင်ရန် ကြောင်အအ လေးဖြစ်သွားရာမှ ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားလေပြီ... ချင်ကဲဆိုလာသည့် စကားခြောက်လုံးထဲမှ မြှုပ်ကွယ်ထားသည့် အဓိပ္ပါယ်များအား ဖောက်မြင် နိုင်ခဲ့လေ၏...

أنت تقرأ
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
عاطفيةပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...