စုန့်ယွင်ရန် ၏ စိတ်ဓါတ်သည်ကား မြေကြီးထဲသို့ပင် ထိုးဝင်တော့မတတ် ကျဆင်းသွားရှာ၏…
စားသောက်ဆိုင်မှ ဝယ်လာသော ယာဂုချို မှာ အရသာကောင်းကာ ပြစ်ပြစ်နှစ်နှစ်ရှိသည့်အပြင် ချင်ကဲ ဝယ်လာပေးသည့် အချိုပွဲ အရသာ မှာလည်း သူ့အကြိုက်ဖြစ်နေသည်…
ညစာကောင်းကောင်းလေးက စိတ်ဓါတ်ကျမှု့များ အား အဝေးသို့ နှင်ထုတ်လိုက်လေပြီ…ဗိုက်ဖြည့်ပြီးနောက် စုန့်ယွင်ရန် သည်
စီးပွားရေးကိစ္စများ စီမံရန် အသင့်ဖြစ်သွား
လေ၏…ယခု အကြိမ်တွင်မူ လက်ဦးမှုရယူ ကာ
နဖူးပေါ်မှ ဘု ကြီးလူမမြင်စေရေး မီးအလင်း
ရောင် လျော့လိုက်တော့၏…ထို့နောက် ချင်ကဲအား စကား စပြောလိုက်သည်…
"ခင်များ အတန်းဖော်ဆိုလား…?သူရဲ့
ဇာတ်လမ်း ဇာတ်ညွှန်းရေး တဲ့ အရည်အချင်းက အတော်ကောင်းသလားဗျ…?"ဤ နှစ်ရက်အတွင်းတွင် စုန့်ယွင်ရန်သည် လျို့ဝှက်သင့်သော စကားများအား ကိုယ်တွယ်ပြောဆိုနိုင်သည့် အရည်အချင်းအား လေ့လာအောင်မြင်သွားလေပြီ…
ကျုံးရှောင်ဖန်း၏ အရည်အချင်းအားမသိဟန်ဆောင်၍ မေးခွန်းထုတ်လိုက်ပါက
ချင်ကဲ မင်္သကာ ဖြစ်ကာ မေးမည့် မေးခွန်း
ရန်မှ အောင်မြင် စွာရှောင်လွှဲနိုင်မည်ဖြစ်ကြောင်း သူသိသွားလေပြီ…ချင်ကဲသည်လည်း အလွန်သတိထားကာ
ဖြေလိုက်သည်…
"ဘယ်ကုမ္ပဏီကိုမှ သူ့ ဇာတ်လမ်း ဇာတ်ညွှန်း တွေ မပို့ရသေးဘူးလေ…အဲ့တော့ အကဲဖြတ် တော့ မခံရသေးဘူးပေါ့…ဒါပေမဲ့ ကျွန်တော် တစ်ယောက်တည်းရဲ့ အမြင်အရပြော ရမယ်ဆိုရင်တော့ online မှာ စာရေးနေကြတဲ့ ဘယ်သူထက်မဆို သူ့အရည်အချင်းက သာတယ်ဗျ…"စုန့်ယွင်ရန်သည် "အမ်း" ဆိုသော စကားလုံးကိုသာ သိသိသာသာ ဖြစ်စေရန် ဖော်ပြလိုက် သည်…
သို့ရာတွင် ငှက်မွှေးစောင် ထဲတွင် ထည့်ထားသော လက်လေးကိုကား စိတ်လှုပ်ရှား
ပျော်ရွှင်မှု့ကြောင့် ကျစ်ကျစ်ပါအောင် ဆုပ် ထားပြီးလေပြီ…တကယ်ကြီး ကျုံး ရှောင်ဖန်း တဲ့…!
ငါ သရုပ်ဆောင်ဘဝတုန်းက တွဲအလုပ် လုပ် ချင်ဆုံး ဇာတ်ညွှန်းရေးဆရာ…အခု ဥက္ကဌ ဘဝ ရောက်တော့ ကိုယ်တိုင်ကိုယ်ကျ ငါ့
ကုမ္ပဏီ တံခါးကို ခေါက်လာခဲ့ပြီလေ…
![](https://img.wattpad.com/cover/302314762-288-k335260.jpg)
ŞİMDİ OKUDUĞUN
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romantizmပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...