CH-22.2

7.1K 961 18
                                        

ချင်ကဲ သည်လည်း ဆွဲဆောင်ဟန်ရှိသည့် ရီမောသံပါသော အနိမ့်သံချိုချိုလေးနှင့် "ရှောင်စုန့်က လောင်းတာနဲ့ကြေးကြီးကြီးခေါ်တော့တာဘဲ။ ခင်ဗျားလေး ရှုံးနိုင်တယ်လို့ရော စဉ်းစားမထားမိဘူးလား ?။

စုန့်ယွင်ရန်မှာ ထိုစကားအား ဂရုပင်မစိုက် : " အဲ့အတွက်က စိတ်ပူစရာကိုမလိုတာ။ ကျွန်တော်ဘယ်နည်းနဲ့မှ အရှုံးဆိုတာ ရှိမှာမဟုတ်ဘူး ။"

နောက်ရက်အနည်းငယ် အကြာတွင် စုန့်ယွင်ရန်သည် သူ၏ အလောင်းအစားအား အမေ့ကောက်ကာ စွန့်လွှတ်လိုက်ရလေမည်ဟု သူမထင်ထားခဲ့ချေ။

သူ၏ အရင်ဘဝ က ကာလအပိုင်းအခြားအရ "သိုင်းလောကက လမ်းမများ" ဇာတ်ကားသည် သူတို့လိုချင်သည့် အရည်အချင်းရှိသော သရုပ်ဆောင်များ ရှာမတွေ့သဖြင့် အချိန်အတော်ကြာ ဇာတ်ကားအတွက် လူရွေး ချယ်ခဲ့ ရသည်။

"Happy and White" ဇာတ်ကား ဆုရပြီးမှသာ လိုအပ်သော အရည်အချင်းရှိသရုပ်ဆောင်များအားလုံး ရွေးချယ်ပြီးခဲ့ခြင်းဖြစ်သည်။

အရင်ဘဝ ရှိအတွေ့အကြုံအရ ထိုဇာတ်ကားရိုက်ကူးရေးစရန် နှစ်ဝက်ခန့်လိုသေးသည်။ ထို့ကြောင့် ထိုဇာတ်ကား ကိစ္စအတွက် အစီအစဉ်အချို့စရန်ပင် စုန့်ယွင်ရန် အလျင်မလိုသေး။

**************

လက်ရှိအချိန်

စုန့်ယွင်ရန် သည်လက်ထောက်တန်၏စကားအား နားမလည်နိုင်သဖြင့် နောက်တစ်ခေါက် ထပ်မေးလိုက် သည်။

စုန့်ယွင်ရန် : "ဘယ်သူက ချင်ကဲကို ရှီချန်အပေါ်ပိုင်း ရပ်ကွက်မှာ နေရာချပေးပို့ စီစဉ်လိုက်တယ်?"

လက်ထောက်တန်သည်ကား အားရပါးရ အော်၍ဖြေ၏ ။

"ကျွန်တော် စီစဉ်လိုက်တာပါဗျ ..."

"..."

စုန့်ယွင်ရန်မှာ အဘယ့်ကြောင့် လက်ထောက်တန် ဤမှ ဂုဏ်တဆာဆာဖြေနေမှန်း နားမလည်နိုင်ရှာ။

ထိုနေ့က ချင်ကဲနှင့် အလောင်းအစား ပြုလုပ်ပြီးနောက် ဟယ်ကျီယူအား သွားခေါ်ကာ အပြင်ထွက်၍ စားကြ၏။

ထို့နောက် လက်ထောက်တန်အား ဖုန်းခေါ်ကာ ချန်ကျင်းထံ ချင်ကဲနေရန် အိမ်တစ်လုံး စီစဉ်ခိုင်းလိုက်၏။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Donde viven las historias. Descúbrelo ahora