အစည်းအဝေးအခန်းထဲသို့ စုန့်ယွင်ရန်နှင့် ချင်ကဲ ရှေ့ဆင့် နောက်ဆင့် ဝင်လာကြလေသည်
စုန့်ယွင်ရန်သည် ဆိုဖာပေါ်သို့ ကြောက်ရွံ့ နေသေးသောသာ မျက်နှာပျက်လေးနှင့် ဝင်ထိုင်လိုက်ကာ ဧည့်သည်များအတွက် ပြင်ဆင်ထားသော တခါသုံးကော်ဖီခွက်ထဲ ရေထည့်သောက်အကြောက်ပြေရန် ကြိုးစားလေသည်ပရိုဂျူဆာမှာ ချင်ကဲ လက်မောင်းအား တို့လိုက်ပြီး အသံတိုးတိုးဖြင့် " ဥက္ကဌရှောင်စုန့် ကို ဘာလုပ်လိုက်တာလဲ ဒီအခန်းထဲက ထွက်သွားခါစက မျက်နှာကောင်းပါတယ် အခု သူပြန်ဝင်လာတော့ မှမျက်နှာပျက်လာတာ မင်းအခြားလူတွေကိုကာင်းကောင်းမွန်မွန်ချိုချိုသာသပြောပြီး မချော့တတ်ဘူးလား
"......"
ဒီပရိုဂျူဆာ ကတော့လေ ငွေနံ့လေးရတာနဲ့ သူ့ငွေရှင်ကဘဲ လူရိုးလေး အခြားလူတွေက သူ့ငွေထုတ်စက်ကို အဝေးကန်ထုတ်မဲ့ ဒုက္ခပေးမဲ့ လူဆိုးကြီးတွေလို့ဘဲ မြင်နေသလား ဟုပင် ချင်ကဲ သံယယ ဝင်လာမိတော့လေသည်
စုန့်ယွင်ရန်၏ ဖြူဖျော့နေသော မျက်နှာလေးအား လှမ်းကြည့်လိုက်ပြီး " ဒီကိစ္စက ကျွန်တော်နဲ့ မဆိုင်ဘူး သူ့ဘာသာသူ သရဲအိမ်ထဲ ပျော်ပျော်ကြီးဝင်ပြီး ကစားလိုက်လို့ ဖြစ်သွားတာရယ်" ဟု လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်
ပရိုဂျူဆာ "......."
ငါတို့ရိုက်ကွင်းနားမှာဖြင့် သရဲအိမ်မိုက်မိုက်ရှိတဲ့ ကစားကွင်းကောင်းကောင်းရှိတယ်မကြားမိပါဘူး
အခုမှ ဘယ်နေရာက ပေါ်လာတာပါလိမ့် ???အခြားတစ်ဖက်တွင် လက်ထောက်တန်မှာ မည်သို့သောအရာက သူ့သူဌေးဖြစ်သူအား ကြောက်ရွံ့ လာစေသည်ကို မသိရှိပေ
စုန့်ယွင်ရန်၏ ပျက်ယွင်းနေသော မျက်နှာအား ကြည့်၍ " ဥက္ကဌ ရှောင်စုန့်ခင်ဗျ သေသေချာချာ ရေရေရာရာ ဆုံးဖြတ်ချက် မချရသေးရင် သူတို့ ရိုက်ကွင်းမှာ သရုပ်ဆောင်နေတာတွေ ရိုက်ကူးရေး လုပ်နေတာတွေ တစ်ချက်လိုက်ကြည့်လိုက်ပါလား" ဟု လေသံပျော့ပျော့ဖြင့် ဆိုလိုက်သည်
အနုပညာလောက ရှိ ပရိုဂျူဆာ အများစုမှာ ရင်းနှီးမြှုပ်နှံမှု့ ရရှိရေးအတွက် ကြွားလုံးထုတ်တာ ဆွဲဆောင်တတ်ကြပြီးအမှန်တကယ် ရိုက်ကူးရေးတွင်
ပြ နာပေါင်း သောင်းခြောက်ထောင် တက်နေလေ့ရှိကြသည်
![](https://img.wattpad.com/cover/302314762-288-k335260.jpg)
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...