(T/N - ဟယ်လို ဒါဒါလေးတို့ရေ ဒီလူ ပြောစရာ
လေးရှိလို့ပါ။
ML ရဲ့နာမည်ကလေ ချင်ခဲ့(ခယ့်) လို့ အသံထွက် မှ မှန်မှာပါ။ ချစ်ရတဲ့ ဒါဒါလေး တစ်ချို့ ကလဲ
လာပြောပေးကြပါတယ်။အဲ့တာ ဒီလူက ကဲကဲ လို့ ရေးချင်ဇောနဲ့ ချင်ကဲ လို့ ရေးလိုက်တာပါ။
နောက်ကျရင် တော့ ပြန်ပြင်ပေးပါ့မယ်။
အခုတော့ ချင်ကဲ လေးလို့ဘဲ သည်းခံဖတ်ပေးပါဦး။
မူရင်းရေးတဲ့ စာရေးဆရာကို မလေးစားတာ
မဟုတ် ပါဘူးနော်။ အားလုံး Love U မွ😘)
-------------------သူသည် စုန့်ယွင်ရန်ထက် နှစ်အနည်းငယ်သာ
အသက်ပိုကြီးသည်။ ဥက္ကစုန့်ကြီး လက်ထက်ကတည်းက စုန့်ယွင်ရန်အား သိခဲ့ရသဖြင့် ဂလက်ဆီရှိ အခြားသူများထက် သူ့အကြောင်းအား
ပိုသိလေ၏။ထို့အပြင် ဥက္ကစုန့်ကြီးတို့၏ " ယွင်ရန်လေးက
ကလေးဘဲရှိသေးတာ။အိမ်အပေါ်ကိုဆိုးရင်
တောင် ကလေးလိုဘဲ ဆိုးရှာတာ။ အခုမှ
အပြင်လောကထဲ စဝင်ရှာမှာရယ်။""သူ့ကို အပြင်က လူတွေ ဒုက္ခမပေးနိုင်အောင်
ကောင်းကောင်း စောင့်ရှောက်ပေးဖို့
မောင်ရင်တန်ကို အကူအညီတောင်းပါတယ်ကွာ။" ဟူသည့် ဥက္ကဌကြီး သွတ်သွင်းထား
သည့် Baby စုန့်လေး ဟူသော စကားက
သူ့ရင်ထဲတွင် စွဲမြဲနေသဖြင့် စုန့်ယွင်ရန် အား သူ၏သွေးရင်း ညီငယ် တစ်ဦးကဲ့သို့ ပင် မြင်ကာ
ချစ်ခင်၏။ငါ့ညီလေးတော့ ချစ်တတ်သွားရှာပြီ။ ဘယ်လိုလုပ်
ဒီအကိုကြီးက ကိုယ့်ညီလေးအတွက် မစဉ်းမစားနဲ့
စိတ်ညစ်အောင် လုပ်လိမ့်မတုန်း?။ ဟီးဟီိး။လက်ထောက်တန် တစ်ယောက် သူ့မေးခွန်း သူ့ဘာသာသူ အဖြေထုတ်ကာ ကိုယ်ပိုင် သီအိုရီ များ ထုတ်၍ ထမင်းလုတ်ကြီးကြီးများအား
အပြုံးမျက်နှာနှင့် ပျော်ပျော်ပါးပါးပင် တစ်လုတ်ပြီး တစ်လုတ်စားနေတော့သည်။လက်ထောက်တန်ကြီးရေ အိနြေ္ဒရေ ဘာလေး
ထိန်းပါဦးဗျာ။
ဒီဥက္ကဌ နဲ့ အနုပညာရှင် မျက်နှာလဲ တစ်ချက်
လောက်တော့ငဲ့ကြည့်သင့် ။
အဲ့လောက်ကြီး မစားနဲ့လေဗျာ။ကျန်တဲ့ လူတွေ အတင်းပြောကုန်ကြပြီဗျ ။
ကြည့်လို့ အဆင်မပြေတော့ဘူးလို့။

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...