CH- 24.2

4.9K 797 5
                                    

ရှောင်စုန့်တစ်ယောက် အချစ်ရေးနှင့် ဗျာများနေချိန်တွင် ချင်ကဲသည် မြို့တော်ရန်ရှိ သိုင်းသင်တန်း သို့ရောက်နေလေသည်။

"သိုင်းလောက က လမ်းမများ" ၏ ဒါရိုက်တာဖြစ်သူ တန်မင်းသည် သူ့ဇာတ်ကားတွင် ဝင်ရောက်သရုပ်ဆောင်မည့် အနုပညာရှင်များနှင့် ပက်သတ်၍ တောင်းဆိုချက်ကြီးမား၏။ ဇာတ်ကားတွင် ပါဝင်ရန် လက်မှတ်ထိုးစဉ်ကပင် အတိုက်အခန်းများတွင် မတော်တဆ ထိခိုက်ဒဏ်ရာ ရနိုင်ချေ မြင့်မားသော်လည်း ထိုဇာတ်ကွက်များအတွက် လူစားထိုးမသုံးဘဲ ကိုယ်တိုင်သရုပ်ရမည်ဖြစ်ကြောင်း ရှင်းရှင်းဖော်ပြရေးသားကာ လက်မှတ်ထိုးစေသည်။

ထိုကိစ္စနှင့် စပ်လျဉ်း၍ ဇာတ်ကား၏ တာဝန်ရှိသူများက အတိုက်အခိုက်ကျွမ်းကျင်ပညာရှင်များအား ငှားရမ်းထားကာ ဇာတ်ကားစတင်မရိုက်ခင်ပင် သရုပ်ဆောင်များအား နည်းပြလုပ်ပေး၍သင်ကြားပြသစေ၏။

ချင်ကဲ ကားဆီမှ ထွက်လာသည်နှင့် သင်တန်းတက်ရန်လာသော ချိန်ကျားမင် နှင့် တွေ့ဆုံလေ၏။

ခေါင်းတစ်ချက် ငြိမ့်ပြ၍ နှုတ်ဆက်လိုက်သော်လည်း သူမျက်နှာတွင် အမူအယာမဲ့နေ၏။ ထို့နောက် လေ့ကျင့်ရေး ခန်းမ၏တံခါးဆီသို့သာ တည့်တည့်လျှောက်သွားလေတော့သည်။

ချိန်ကျားမင်သည် သူ၏ နောက်မှ လိုက်လာကာ : " တိုက်ဆိုင်လိုက်တာကွာ။ ငါမင်းကို ဒီမှာတွေ့ရလိမ့်မယ်လို့ မျှော်လင့်မထားမိဘူးကွ ။"

ချင်ကဲသည် သူ့အား တစ်ချက် ငဲ့ကြည့်လိုက်ပြီး " ဒါရိုက်တာ အဖွဲ့က Group Chat ထဲမှာ မင်းကို ထည့်မထားလို့လား ?။'

ထိုစကား၏ အဓိပ္ပါယ်မှာ မင်းအခုမှ သိတာမဟုတ်ဘဲနဲ့ အခုမှ သိသလို ဟန်ဆောင်မနေစမ်းပါနဲ့ ဟု ဆိုလိုကာ သူ၏ စကားအား လျစ်လျူရှု့လိုခြင်းအား ပြသနေသည်။

ချိန်ကျားမင်၏ မျက်နှာသည်ကား အပြုံးတုပင် မဆင်မြန်းနိုင်တော့ဘဲ ပျက်ယွင်းသွားလေတော့သည်။

အခြားသူများက ချင်ကဲအား သူတို့စာသင်နှစ်၏ အကောင်းဆုံး ကျောင်းသားဟု ခေါ်ဆိုကြသော်လည်း သူထိုစကားအား အယုံအကြည်မရှိခဲ့ချေ။ အကောင်းဆုံးသက်သေပြစရာမှာ သူသည် ဝမ်ချန်း ရုပ်ရှင် စောစီးစွာလက်မှတ်ထိုးခွင့် ရခဲ့ခြင်းပြီး ထိုအချိန်တွင် ချင်ကဲသည် နှစ်ကုန်ပိုင်းရောက်သည်အထိအေဂျင်စီပင်မရှိ။ နောက်ဆုံးတွင်မှ ဂလက်ဆီကဲ့သို့ ကုမ္ပဏီ အသေးလေးနှင့် စာချုပ်ချုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ထိုကြောင့် သူ၏ ယုံကြည်ချက်မှန်ကန်သည်ဟု သူမာန်တက်ခဲ့၏။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Onde histórias criam vida. Descubra agora