စားပွဲရှည်ပေါ်တွင် တင်ထားသော cartons များအား အနီ၊ အဝါ နှင့် အပြာ စသည့် အရောင်များဖြင့် ခွဲခြားထားလေ၏… အပြင်မှ ကြည့်၍ အထဲတွင် မည်သို့သော ပစ္စည်းများ ပါသည်ကို ပြောရန် မဖြစ်နိုင်ပေ…
စုန့်ယွင်ရန်မှာ ကြိတ်ပျော် နေလေ၏..
ကံကောင်းထောက်မပြီး သွက်သွက်လက်လက် ဖြေနိုင်လိုက်လို့… ကတ်ထူပုံးတွေကို အရင်ဖွင့်ခွင့်ရပြီ… အထဲမှာ ဘာတွေပါလဲဆိုတာကို အရင် ကြည့်ခွင့်ရတယ်ဆိုတော့ အခန်းကောင်းကောင်းလေး ရဖို့ အခွင့်ရေးကောင်း ကို သူ ဖမ်းဆုပ်နိုင်ပြီ… သို့မဟုတ်ပါက စုတ်တီးစုတ်ပဲ့နေရာတွင် ဒီနေ့ည သူ ကျောခင်း ရပေတော့မည်..ခေါင်းထဲတွင် သူ့ကိုယ်သူ ချီးကျူးမှု့များနှင့် ပြည့်နှက်နေလေရာ သူ့လက်လေး များမှာလည်း အားအားယားယား မနေနိုင်ကြတော့ပေ..
နေရာသို့ ရောက်သည်နှင့် အနီရောင် သေတ္တာအား ဖွင့်လိုက်ရာ ပန်ကာကြီး တစ်ခု ရှိနေလေသည်… အနှီပန်ကာမှာ အန်တီကြီးများ square dancing ပြုလုပ်ရာတွင် အသုံးပြုသည့် ပုံစံမျိုးနှင့် တူနေလေ၏…
ကြည့်ရဆိုးရုံသာမက တုန်းဂူရွာ၏ square dance ကပွဲတွင် Center နေရာ အား ရအောင်ယူနိုင်မည့် ပန်ကာလားဟုပင် သံသဝင်မိတော့သည်..
“ဒီဟာကြီးကတော့ အလုပ်ဖြစ်မယ့်ပုံ မပေါ်ဘူး… square dance တော့ ငါလေး မကချင်ဘူးနော်…”
ပန်ကာအား ကတ်ထူသေတ္တာထဲ ပြန်ပစ်ထည့်လိုက်ပြီး ခေါင်းလေးအား လှည့်ကာ သူ့ဘေးရှိ ချင်ကဲအား လှမ်းကြည့်လိုက်လေရာ ထိုလူမှာ အလွန်ပင် သက်တောင့်သက်သာ နှင့် အေးဆေးနေပုံရပြီး သူ့အား ကူညီလိုစိတ် ရှိဟန်ပင် မတူပေ…
စုန့်ယွင်ရန်သည် အသက်ပြင်းပြင်း တစ်ချက်ရှုသွင်းလိုက်ပြီး ( ဒီ အရိုင်းတုံး ကလေးလေး ကတော့ ဘာကိုမှ လေးလေးနက်နက် ဂရုစိုက်ပုံ မရပါလား) ဟု ခံစားချက်ဝင်လာ၏…
ထို့ကြောင့် မျက်မှောင်ကုတ်ကာ “ မင်း သေတ္တာလေးတစ်ခုကိုတောင် ကူဖောက်မပေးနိုင်တာ လား..?” ဟု မေးလိုက်လေ၏…
ပရိုဂရမ် အဖွဲ့က ထို အရေးနှင့် ပတ်သက်၍ တွေးထားသည့် ကိစ္စများ ရှိနေ လေသည်… ကတ်ထူသေတ္တာများအား ရှုပ်ထွေးသော ပုံစံများဖြင့် စပယ်ရှယ် ပြုလုပ်ထားသည်ဖြစ်ပြီး ဖွင့်ဖောက်မည့်လူများအား အပေါ်ဆုံးတွင် ပတ်ထားသော wrapping paper အား မပြဲစေရဟူသော ကန့်သတ်ချက် ပေးထားလေ၏..အဘယ်ကြောင့်ဆိုသော် ထို ကတ်ထူသေတ္တာများအား နောက်တွင် ကျန်နေသေးသည့် အဖွဲ့နှစ်ဖွဲ့အား ပုံစံမပျက်အောင် ပြန်ပြင်ကာ ပြရန် ကြံစည်ထား၍ပင်…

VOCÊ ESTÁ LENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...