ညပိုင်း...ဘားတစ်ခုတွင်...
ဟယ်ကျီယူသည် ဖန်ခွက်လေးအား လှုပ်ကာ စိတ်နောက်နေဟန်ဖြင့် ဆိုလာလေသည်..
"အန်တီပိုင်ကိုယ်တိုင်တောင် တစ်နေ့တော့ ဒီ စကားပြောထွက်လာလိမ့်မယ်လို့.. မထင်ထားဘူးကွာ.."
စုန့်ယွင်ရန်သည် ပါးစပ်ထဲမှ အာလူးကြော်အား "Kacha" ဟု မြည်အောင်ပင် ဝါးစားလိုက်ကာ ဒေါသတကြီး မေးလေတော့၏..။
"မင်းက ပါ ဘာလို့ ဒီစကားမျိုးပြောရတာလဲ..?"
စုန့်ယွင်ရန်သည် ထိမ်းမြားခြင်း လမ်းပေါ် ရွက်မလွင့် ချင်သော်ငြား သူ၏ သူငယ်ချင်းကောင်းထံမှ ထိုသို့သော မှတ်ချက်ရလိုက်သောအခါ နာကျင်သွားရှာ၏..။
ဟယ်ကျီယူသည် သံမဏိကဲ့သို့ ခေါင်းမာကာ အမှန်မမြင်နိုင် ဖြစ်နေသာ သူ့အား မုန်းတီးနေဟန်ဖြင့် စိုက်ကြည့်ကာ ဆိုလာ၏.။
"ငါက အမှန်တွေ ပြောနေတာကွ...သိလား.? ပြောကြည့်စမ်း...မင်းကို ကြိုက်တဲ့ကောင်မလေးရှိရှင် မင်းအခုအချိန်ထိ Single ဖြစ်နေပါဉီးမလား..?"
စုန့်ယွင်ရန်ကား ပို၍ပင် ဒေါသထွက်လာလေသည်..။
"ငါ့ကို ကောင်မလေးတွေက ရည်းစားစာပေးကြတာများ များလွန်းလို့ ရိုးတောင်နေပြီကွ ...!"
အရင်ဘဝ တုန်းက ဒီအချိန်လော်တွင် စုန့်ယွင်ရန်သည် သူ၏ စိတ်နှလုံး တစ်ခုလုံးကို အနုပညာရှင် ဖြစ်ဖို့အရေး မြှုပ်နှံပြီး သူ့ အချစ်ပန်းများ ဖူးပွင့်နေသည့် ကံကြမ္မာကောင်းကို ကိုယ့်လက်နဲ့ကိုယ် ဖျက်စီးမိခဲ့လေသည်။။ယခု ဘဝ တွင်မူ ထိုကဲ့သို့သော အတိတ်ဆိုးအား ချန်ထားခဲ့ပြီးလေပြီ..။သို့ရာတွင် သူတို့၏ စကားများက သူ၏ အတိတ်ဟောင်းအားပြန်လည်နှိုးဆွနေလေပြီ..။
ဟယ်ကျီယူ သည် မထီမဲ့မြင်ဟန်နင့် ... "အိုး.. အခုရော မင်း အဲ့လိုစာတွေ ပေးခံရသေးလို့လား..?"
စုန့်ယွင်ရန် တစ်စက္ကန့်ခန့် တွေးလိုက်ပြီးနောက် ချေပစရာ စကားအား စဉ်းစားနိုင်သွားလေသည်..။
"ငါက အခု ဉက္ကဌ ဖြစ်နေပြီကွ..။နေ့တိုင်း စီးပွားရေးကိစ္စတွေနဲ့ အလုပ်များနေတဲ့ဉစ္စာ.. အချစ်ဆိုတာ ကြီးထဲ နစ်မြောနေဖို့ အချိန်ရှိပါ့မလား.."

KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romansaပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...