CH - 55

3.2K 473 4
                                    


အမှု့ဆောင်အရာရှိကြီးမှာ နဝေတိမ်တောင် ဖြစ်သွားရှာ၏… သူ နား သူပင် မယုံနိုင်တော့ဘဲ  နားကြားမှားသည်ဟု သံသယ ဝင်သွားလေသည်…။

platformနှင့် ထုတ်လုပ်ရေး ကုမ္ပဏီတို့ကြား ချုပ်ဆိုသည့် ထိုကဲ့သို့သော စာချုပ်မျိုးသည် လောင်းကစားပြုလုပ်ခြင်းနှင့် ဆင်တူလေ၏..။ ဇာတ်လမ်းအတွက် အပို ကုန်ကျမည့်  ပိုက်ဆံများ အား ထုတ်လုပ်ရေး ကုမ္ပဏီက ချက်ခြင်း ချကာ ရင်းနှီးရသည်မျိုး မဟုတ်သော်လည်း ထိုဇာတ်လမ်းများ အောင်မြင်ရေးမှာမူ အင်တာနက်ပလက်ဖောင်းကုမ္ပဏီက ဇာတ်လမ်း ကြော်ငြာခ အကုန်အကျခံသည့် အပေါ်တွင် လည်း များစွာ မူတည် နေသေးသည်…။
(T/N - အင်တာနက်ပလက်ဖောင်း ကုမ္ပဏီ( Eg- Netflix တို့ဘာတို့ပေါ့ ) က ဇာတ်လမ်းတွဲ ပေါက်သွားရင် သူတို့ ရမယ့် အကျိုးအမြတ် ကလည်း များမှာ မဟုတ်ဘူး.. အဲ့ဒေါ့ သူတို့ အကျိုးအမြတ်များမယ့် Project တွေကိုပဲ အားစိုက် ပြီးတော့ ကြော်ငြာမယ်… ဒီလို package စာချုပ်မှာ ပါတဲ့ ဇာတ်လမ်းတွေကို တော့ သာမာန်ကာ လျှံကာပဲ ကြေငြာပေးတာမျိုး လုပ်လေ့ရှိတာမျိုးပေါ့… ဇာတ်လမ်းတွဲကလည်း လူမသိသေးတဲ့ အသစ်.. သူ့အတွက် ကြော်ငြာက လည်း တော်ရိလျော်ရိ ဆိုတော့ အဲ့လို ဇာတ်လမ်းတွေက ပေါက်ဖို့ခက်ရော… အဲ့ဒီတော့ ထုတ်လုပ်ရေးကုမ္ပဏီက ရိုက်ကူးရေး ကုန်ကျငွေတွေ ဆုံးရှုံးရတာ မျိုး ဖြစ်ရော… အဲ့လို ဆိုလိုချင်တာနော်… )

အရင်ကာလများတွင် အင်တာတိန်းမန့် လောကရှိ နာမည်ကြီးကုမ္ပဏီများ သာ ထိုကဲ့သို့သော အတွဲလိုက်စာချုပ်များအား ချုပ်ဆိုရန် အတွက် လက်ဦးမှု့ ရယူကာ ပြောရဲကြလေသည်..။ ဇာတ်ကားတစ်ကား အောင်မြင်လာ၍သာ နာမည်ရှိလာသည့် ဂလက်ဆီကဲ့သို့ ကုမ္ပဏီများအနေဖြင့် ထိုကဲ့သို့သော စာချုပ်အား လက်ဦးမှု့ရယူကာ ချုပ်ဆိုချင်ကြောင်း ပြောလာသူ မရှိခဲ့…

“မစ္စတာစုန့်… မင်းဆိုလိုချင်တဲ့ သဘောက ..?” ဟု အမှု့ဆောင် အရာရှိကြီး ထပ်၍ မေးခွန်းထုတ်လာလေ၏..။

စုန့်ယွင်ရန် ; “ ကျွန်တော့်လက်ထဲမှာ TV series နှစ်ခု ရှိတယ်…. တစ်ကား ကတော့ ရိုက်ကူးရေးပြီးနေပြီ… နောက်တစ်ကားကတော့ ပြင်ဆင် နေဆဲ ပေါ့… ဒီကားနှစ်ကားကိုပါ “ Happy and White” ဇာတ်ကားနဲ့ တစ်ပေါင်း တည်း အတွဲလိုက်စာချုပ် ချုပ်လိုက်မယ်ဆိုရင်ရော ဘယ်လိုလဲ..?”

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Donde viven las historias. Descúbrelo ahora