CH - 64

2.9K 533 28
                                    

စုန့်ယွင်ရန် နှင်းလျှောစီးခြင်းအား စိန်ခေါ်တော့မည်ဟု ကြားသော် ကျန်သည့် Guests များက သူတို့အနီးသို့ လာစုကြတော့၏...

နှင်းလျှောစီး ဝတ်စုံပြည့်အား ဝတ်ဆင်ကာ စုန့်ယွင်ရန် ထွက်လာလေပြီ...

နှင်းလျှောစီး စကိတ်တစ်စုံ အား ရွေးချယ်ပြီးသော် ထို စကိတ်ပေါ် ခြေချလိုက်ကာ ဘယ်ညာ လှမ်းကြည့်ရင်း ချင်ကဲအားမြင်သော် လက်မ တထောင်ထောင် လုပ်ပြလေတော့သည်...

"ယုံကြည်ချက် အပြည့်နဲ့ပါလားကွယ်ရို့ .."

အခေါက်မရေတွက်နိုင်လောက်အောင် ချော်လဲပြီးပြီ ဖြစ်သည် သိုက်လောင် က မနာလိုဟန်ဖြင့် ဆိုလာ၏...

" နောက်ပိုင်း ဘယ်လိုချွတ်ချွတ်ချော်ချော် ဖြစ်ဦးမယ်ဆိုတာမှ မသိသေးတာ... ပြဿနာ တက်မတက် ဘယ်သူပြောနိုင်မှာကြလို့.."

ချင်ကဲသည် သူ့မျက်စိရှေ့ရှိ အပြာရောင် ပုံရိပ်လေးအား စိုက်ကြည့်ရင်း စက္ကန့်အနည်းငယ်ကြ အသံတိတ်ပြီးနောက် " ဘာပြဿနာမှ​ ရှိလာမှာ မဟုတ်ဘူး.."

ဥက္ကဌလေးရှောင်စုန့်၏ အပြုအမူအား သူ နားလည်ထားသည့်အတိုင်း ဘာသာ ပြန်ကြည့်လိုက်ပါက သူ၏ ဟန်အမူအယာမှာ " မင်း ပါးပါး ငါ ဘယ်လောက်တောင် တော်လဲဆိုတာ မင်း သိအောင်ပြချိန်ရောက်ပြီ.." ဟု အဓိပ္ပါယ်ရလိမ့်မည်...

စုန့်ယွင်ရန်အတွေးသည်ကား ချင်ကဲနှင့် ထပ်တူပင်...

နှင်းလျှောစီးခြင်းဆိုသည်မှာ ရှောင်စုန့်၏ နည်းပါလှသည့် မာစတာအဆင့် ကျွမ်းကျင်မှု့များ ထဲမှ တစ်ခုအပါအဝင်ဖြစ်သည်... ချင်ကဲရှေ့မှောက်၌ ထို စွမ်းရည်အား ပြသရန် အခွင့်အရေးရလေပြီ ဖြစ်ရာ ထို အခွင့်အရေးအား သူ အဘယ်သို့ လက်လွှတ်ခံနိုင်လိမ့်နည်း..?

သူ နှင်းလျှောစီးကာ ပြိုင်ပွဲဝင်နေသည်အား စောင့်ကြည့်ရင်း ချင်ကဲ တစ်ယောက် သေချာပေါက် ပါးစပ်အဟောင်းသား ဖြစ်သွားလိမ့်မည် ... နှင်းကာမျက်မှန်နှင့် ဝတ်စုံများ ဖုံးနေ၍ တခြားသူများ မမြင်နိုင် သည့် ရှောင်စုန့် ၏ မျက်ဝန်းလေးများသည်လည်း စိတ်လှုပ်ရှားမှု့ကြောင့် ပြူးကျယ် ဝိုင်းစက်လာလေပြီ...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now