ချင်ကဲ၏ တောင်းဆိုချက်အား စုန့်ယွင်ရန် အစပိုင်းတွင် ငြင်းဆိုလိုစိတ် ရှိ၏...
ဒီတစ်ညလုံး သူ့မှာ အထက်အောက် ပြောင်းပြန် ဖြစ်ခြင်းနှင့် ကြုံတွေ့ခဲ့ ရသည် ဖြစ်ရာ သူ၏ ခံစားချက်များမှာလည်း ကပြောင်းကပြန် ဖြစ်နေသည် ပင်..
ချင်ကဲသည် သူ့အား လှည့်ပတ်ဆော့ကစားသွားသည့်အပြင် သူ့ကိုလည်း အကြွေးပြန်ဆပ်ရမည်ဟု ဆိုနေသေးသည်... မည်သူက မည်သူ့အား အမှန်တကယ် ပြန်ပေး ဆပ်ရန်လိုသည်နည်း...?
သို့သော် မည်သို့ပင် ဖြစ်နေစေကာမူ ချင်ကဲသည်ကား အလွန်ပင် ကြည့် ကောင်းနေပြန်သည်...
လူအများကြားတွင် အမြဲလိုလို ဖော်ထုတ်ထားသည့် သူ၏ ပုံရိပ်နှင့် သူ၏ ယခု ပုံရိပ်တို့မှာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေကြလေသည်... နှစ်သစ်ကူး အကြိုညက ပုံစံနှင့် အနည်းငယ်ဆင်တူနေသော်လည်း ယခုပုံစံက သာ၍ ကြည့်ကောင်း၏...
နှုတ်ခမ်းဖျားများ မှ ထွက်လာသည့်အသံများကြောင့် အခန်းအပူချိန်မှာ အလွန် မြင့်တက်လာလေပြီ...
အပူရှိန်ကြောင့် ချွေးထွက်ခြင်းလာသည်လား ရှောင်စုန့်တစ်ယောက် ခေါင်းအား ရေမသုတ် ခဲ့၍ ထိုရေများကြောင့် ခြောက်သွေးနေသည့် ခန္ဓာကိုယ်တစ်ခု စိုသွားသည်လား ချင်ကဲ မဝေခွဲနိုင်တော့ .. ဆံစအဖျားလေး များပင် စိုထိုင်းကုန်ကြလေပြီ..
ခေါင်းငုံ့ကာ ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးများမှာ ရေထဲတွင် နစ်မြှုပ် နေသလိုဖြစ်နေလေရာ စုန့်ယွင်ရန်၏ ပုံရိပ်လေးမှာ အလင်းပြန်နေသလို ပင်...
စုန့်ယွင်ရန်သည် ရှက်ရွံ့စွာဖြင့် မျက်နှာလေးအား လက်ဖြင့်ကာထားသော် လည်း သူ၏ လှုပ်ရှားမှု့များအား လက်ချောင်းလေးများကြားမှ ချောင်းကြည့် နေလေသည်...
ချင်ကဲသည် ရိုက်ကူးရေးအတွက် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သည်ဖြစ်လေ ရာ သူ၏ ခန္ဓာကိုယ် အချိုးအစားမှာ သူ မှတ်မိနေသည်ထက် ပို၍ ပုံကျကာ မိမိုက် နေလေသည်... သူ၏ ကြွက်သားများမှာ ပို၍ သိသာထင်ရှားနေလေ ပြီ.. သူလှုပ်ရှားလိုက်သည့် အချိန်တိုင်း လူနှစ်ဦး၏ အရည်ပြားထက်မှ အပူ ချိန်များ ပိုမိုနီးကပ်သွားပြီး သိသာထင်ရှားသည့် မီးပွားလေးများ တလက် လက် တောက်လာသလိုပင်...

ВЫ ЧИТАЕТЕ
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Любовные романыပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...