CH-15.2

4.9K 914 5
                                    


စုန့်ယွင်ရန် သူ့အိမ်သို့ပြန်ရောက်၍ တံခါး ပိတ်ပြီး သည်အထိ အကြောက်မပြေရှာသေး။

အာရုံလွှဲရန်အတွက် ဆိုဖာပေါ်တွင် ထိုင်လိုက်ကာ We Chat အား ဖွင့်ကြည့်လေတော့သည်။

သူမေ့လုနီးနီး ဖြစ်နေသည့် အကြောင်းတစ်ခုအား ဘွားခနဲ မြင်လိုက်ရလေသည်။

အန်။ချင်ကဲက တကယ်ကြီး ငါ့ကို We Chat မှာ Fri add ထားတာဘဲ။

ယနေ့ ဖြစ်ခဲ့သော ကိစ္စရပ်များအား ပြန်တွေး
ပြီးနောက်  သူငယ်ချင်း ဖြစ်ရန် ငြင်းပယ်သည် ဟူသော အဖြေအား သေသေချာချာ ကြည့်၍
နှိပ်လိုက်တော့သည်။

ထို့နောက်တွင် သူ့ကိုယ်သူ ဖက်ကာ ထွေးပွေ့
လိုက်တောတာ့သည်။

၁၀ မိနစ်ကြာပြီးနောက်တွင် စုန့်ယွင်ရန် စိတ်ငြိမ် သွားလေပြီ။

ငါ တနေ့လုံး ကြုံလိုက်ရတဲ့ ပြဿ     နာတွေကြောင့်
ချင်ကဲရဲ့ အကြည့်ကို ကြောက်သွားတာ။
ဟုတ်တယ် ဟုတ်တယ်။

ဒါပေမဲ့ အဲ့အချိန်တုန်းက ချင်ကဲ စိတ်အခြေအနေက ထူးထူးခြားခြားကို အပြောင်းအလဲ မြန်နေတာ။

သူက ဟို ဆန်ကုန်မြေလေး ဖောက်ပြန်တဲ့
သတင်းကြ မအံ့သြဘဲနဲ့။ ဘယ်က သတင်းရတာ လဲ ဆိုတာကြ ဉာဏ်ကောင်းကောင်းနဲ့  ဖော်ထုတ်
ချင်နေသေးတယ်။

စုန့်ယွင်ရန် စဉ်းစားကြည့်လေလေ သူ့ အတွေးတချို့ မှာ မှန်လေလေ ဟု ယုံကြည်လာတော့၏။

ချူ ရှောင်ချမ်းကို ချင်ကဲ သေချာပေါက် သိတာ
ဟုတ်မယ်။ အဲ့တာမို့ သူ့(ချူ့ )မကောင်းကြောင်းကို Live မှာပြောနေတာ မြင်လိုက်လိုဂလက်ဆီကို ပေါက်ချလာ တာပေါ့။

ဒါပေမဲ့ အဲ့ကောင် ဖောက်ပြန်နေမှန်း သိတာ
တောင် အဲ့ကောင်ကျ သူ့မျက်လုံးထဲ အပြစ်ရှိ
တယ်လို့  မမြင်ဖူးပေါ့လေ။

ထိုအတွေး ဝင်လာသည်နှင့် စုန့်ယွင်ရန် တဖြေး
ဖြေး ဆိုဖာပေါ်သို့ လှဲ လှဲ ကျသွားသည်။

မျက်တောင်တစ်ခတ် အချိန်အတွင်းပင် သူ့နှလုံးသား ထဲတွင် တစ်စုံတစ်ခု ဆုံးရှုံးသွားသယောင် ခံစားလိုက်ရ၏။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now