အဖေ ဟူသော အသံအား နားစွင့်နေသူ စုန့်ယွင်ရန်သည် အသံအားစာင့်ရင်း သူပင် အပင် ဖြစ်တော့မည် ဟု ခံစားလိုက်ရတော့သည်။"ခင်များ မခေါ်နိုင်ဘူးလား ?ဒီစကားလေး တစ်ခွန်း ဘဲထွက်ရမှာကိုလေ" ဟု အဖေ အခေါ်ခံရရန်
အကြံ အား လက်မလွတ်နိုင်သူစုန့်ယွင်ရန်ခမျာ အားတင်းကာ ချင်ကဲဆီမှ အဖေ ခေါ်သံကြားရရေး အတွက်သွးတိုးစမ်းဟန်ဖြင့် မေးခွန်းထုတ်ပြန်
လေ၏။ချင်ကဲသည် စကားပင် ပြန်မပြောနိုင်အောင် အေးခဲသွားရှာတာ့သည် ။
အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက်မှ အသံထွက် လာတော့၏။
"ညတောင်အတော်နက်နေပြီနော် ရှောင်စုန့်လေး အပြင်မှာ ထွက်ပြီးကစားမနေနဲ့တော့။ အိမ်ပြန်ပြီးစောစောအိပ်တော့နော်"ထိုစကားပြောပြီးသည်နှင့် တပြိုင်နက် ကားတံခါးအား ပိတ်လိုက်လေသည်။
စုန့်ယွင်ရန်၏ပြိုင်ကားလေးမှာ သူ(စုန့်)ရှေ့မှ မြွေတစ်ကောင်ကဲ့သို့ လျောခနဲ ထွက်သွားတော့
သည်။စုန့်ယွင်ရန် တစ်ယောက်တည်းသာ လေအေးကြီးထဲတွင် အကြံအိုက်၍ ကျန်ခဲ့တော့သည်။
သူတောင်းဆိုတာ အရမ်းအရမ်း ထူးဆန်းနေလို့လားလို့?? ။ဒါပေမဲ့ အခုခေတ်မှာ ဒီလို ထူးထူးဆန်းဆန်းခိုင်းတဲ့ ရင်းနှီးမြှပ်နှံသူတွေမှ အများကြီးဘဲကို ။သူတို့ ရိုက်ကူးရေးအဖွဲ့ကြီး ဒုက္ခရောက်မဲ့အရေးက ကယ်လိုက်လို့ Daddy လို့ တစ်ခွန်းလေး ခေါ်ဖို့တောင်းဆိုတာကို မကောင်းမှုဒုစရိုက်ကြီး ကျူးလွန်ခိုင်းလိုက်တာ ကြနေတာဘဲ ။ဟမ့်။
ဒါမှမဟုတ်
အေးစက်စွာတိုက်ခတ်နေသော လေပြင်းထဲတွင် ဣနြေ္ဒမပျက် နေနေသူ စုန့်ယွင်ရန်သည် သူ့အမှားသူ သတိပြုမိလိုက်ပြီး သူ့ပါးသူရိုက်လိုက်တော့
သည်။ငါက အခုမှ ယွမ် သန်း ၂၀ ဘဲရင်းနှီးမြှပ်နှံထားတာလေ။ ဒီလောက်ငွေလေးနဲ့ ဘယ်သူကDaddy ခေါ်ပေးလိမ့်မလဲ ??။
ဟုတ်တာပေါ့ ။ငါသူ့အပေါ်ရင်းနှီးမြှပ်နှံထားတာ နည်းနည်းရှိသေးတာကို ။ဟုတ်တယ် အဲ့တာမှန်
တယ်။အလိုမပြည့်လိုက်ရှာသူ စုန့်ယွင်ရန်မှာ
စိတ်မသက်မသာ ဖြစ်ကာ တစ်ညလုံးပင်
အိပ်မပျော်ဘဲ လူးလူးလိမ့်လိမ့် ဖြစ်နေသည်။

ESTÁS LEYENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...