CH - 27.1

4.8K 831 12
                                    

ချင်ကဲ ထင်ထားသည့် အတိုင်ပင် ဉက္ကဌပေါက် စုန့်၏ အစီအစဉ်သည်ကား သူထင်ထားသကဲ့သို့ မချောမွေ့..။

"မင်း အရူးထပြန်ပြီလား..?"

သူ့၏ တောင်းဆိုချက်အား ကြားပြီးနောင် သူ့အဖေ စုန့်ကျီဒုန်က ချက်ခြင်း ထအော်လေတော့သည်..။

"မင်းခေါင်းထဲ တစ်နေ့တစ်​နေ့ ဘာတွေ များ တွေးနေတာတုန်းကွ ဟေ.."

မစ္စတာစုန့်လေးမှာ မစ္စတာစုန့်ကြီး တုန့်ပြန်ချက်ကြောင့် အလန့်တကြား ဖြစ်သွားတော့၏..။စားရန် ပြင်လိုက်သည့် အရွက်ဟင်းလေးပင် ပန်းကန်ထဲ ပြန်ပြုတ်ကျသွားရှာသည်..။

Weekeend နေ့ ဖြစ်သဖြင့် မိဘနှစ်ပါးရှားရှားပါးပါး အိမ်တွင်ရှိနေသည်ကို အခွင့်ကောင်းယူကာ မိသားစု ဗီလာသို့ စုန့်ယွင်ရန် အထူးတလည်ပြန်လာကာ ညစာ စားချိန်တွင် ချင်ကဲအား နင်ဒုန်းက ပစ္စည်း များ၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ်ခန့်ပေးရန်တောင်းဆိုလိုက်ခြင်း ဖြစ်သည်..။သို့ရာတွင် သူ၏ တောင်းဆို ချက်သည်ကား ပြတ်ပြတ်သားသားပင် ငြင်းဆိုခံလိုက်ရရုံမက အော်ငေါက်ခံရမှု့ပင် အဆစ်ပါသေး၏..။

စုန့်ယွင်ရန်သည် ချက်ခြင်းပင် ခွန်းတုံ့ပြန်လာ၏..။

"သားက ဘယ်မှာ အရူးထနေလို့လဲ..?အဖေတို့ ပစ္စည်းတွေဖို့ပြောရေးဆိုခွင့်ပေးဖို့ အနုပညာရှင် ရှာဖို့ရှိ နေတာမလား..?သားက သေသေချာချာ လေ့လာထားတာပါနော်..ဒီလထဲ တင် အဖေတို့ ကုမ္ပဏီက ကုန်ပစ္စည်းနှစ်ခု ကို ပြောရေးဆိုခွင့်ပေးထားတဲ့ အနုပညာရှင်တွေ နဲ့ ချုပ်ထားတဲ့စာချုပ်က သက်တမ်း ကုန်တော့ မှာ လေ..။"

"နောက်ထပ် အနုပညာရှင် အသစ်တွေလည်း အခုထိ ရွေးမှမရွေးရသေးတာ..။ဒီအချိန်မှ ကျွန်တော့် အနုပညာရှင်နဲ့ စာချုပ်မချုပ်ရင် ဘယ်အချိန်သွား စာချုပ်ချုပ်တော့မတုန်း...?"

စုန့်ကျင်ဒုန်မှာ ယခုကိစ္စအတွက် သူသားဤမျှ ပြင်ဆင်ထားလိမ့်မည်ဟူ မထင်ထား။လိုအပ်သော အချက်အလက် အားလုံးအား ချက်ကျလက်ကျပြောကာ သူလိုချင်တာရရေး ပညာကုန် ထုတ်နေ လေပြီ..။

နင်ဒုန်းဂရု၏ ဉက္ကဌ ဖြစ်သူ သူ့မှာ ကုန်ပစ္စည်းများ ပြောရေးဆိုခွင့် ပေးသည့် ကိစ္စများအတွက် ကိုယ်တိုင်ကိုင်တွယ်စရာမလို။ သူ့လက်အောက်ရှိ လူများကိုသာ တာဝန်လွှဲရုံနှင့်ရလေသည်..။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Tempat cerita menjadi hidup. Temukan sekarang