"..."
စုန့်ယွင်ရန်မှာ ဒေါသတကြီးနှင့် ဘယ်အရူးကောင်က တံခါး လော့ ချလိုက်တာလဲဟု အော်မေးလုနီးပါး ဖြစ်သွား၏...
ကံကောင်းထောက်မ၍ ထုတ်မမေးမှီ သတိပြန်ဝင်သွားရှာရာ ကိုယ့်ကိုကိုယ် အရူးကောင် ဟု ကင်ပွန်းတပ်မိတော့မည့်အရေးမှ ကင်းလွတ်သွား၏..
တောက် ဒီ ညာဘက်ဘူလက် ကတော့ကွာ...
မင်းနော်မင်း..မင်းကြောင့်ငါ့မှာ CP group ထဲ ရောက်လို့ရောက်..ငါနဲ့ ချင်ကဲ နှစ်ယောက်တည်း ဒီ ကျပ်တီးကျပ်တပ် အခန်းထဲ ပိတ် မိလို့ ပိတ်မိ ဖြစ်တာ...မင်းက တကယ့် ဘူလက် ကြီးဘဲ..ဟမ့်..
သူ့လက်အား စိုက်ကြည့်နေရင်းမှ ထိုလက်သည် သူ့ခန္ဓာကိုယ်မှ ပိုင်ဆိုင်သည့် လက်မဟုတ်ဘဲ Weibo ၏ CPgroup leader မှ လက် ယောင်ဆောင်ကာ သူ့ကိုယ်ပေါ်တွင် လာနေခြင်းဖြစ်မည်ဟု သံသယဖြစ်လာတော့ ၏..
"အပြင်ဘက်ကနေတော့ ဖွင့်လို့ရတယ်မလား..?" စုန့်ယွင်ရန်မှာ မျှော်လင့်ချက် ခပ်ရေးရေး လေးအား ဆုပ်ကိုင်၍ မေးခွန်းထုတ်ရှာ
၏..ချင်ကဲ ; "အင်း.. အပြင်ဘက်ကနေတော့
့ သော့နဲ့ ဖွင့်လို့ရတယ်လေ..မနက်တုန်းကတောင် အဲ့လို ဖွင့်ထားတာ.."အပြင်ထွက်ဖို့ အရေး မခက်ခဲမှန်း သိသွားသည်နှင် စုန့်ယွင်ရန် စိတ်သက်သာရာ ရသွားတော့၏..
ထက်မြက် ရင့်ကျက်သည့် လူငယ်တစ်ယောက် ဖြစ်သည့် အမောင်စုန့်သည် ဖုန်းအားထုတ်၍ လက်ထောက်တန်ထံ ဖုန်းခေါ်ရန် ပြင်လိုက်၏...
ဖုန်းဖွင့်လိုက်သည်နှင့် တပြိုင်နက် ဖုန်း screen ထက်မှ 0% ဟူသော အချက်ပြလေးကိုသာမြင်လိုက်ရပြီး မျက်နှာပြင် မည်းမည်းကြီးနှင့် တွေ့ဆုံလိုက်ရတော့၏...
လခွမ်းတွေတော့ ဖြစ်ကုန်ပြီဟ....!
စုန့်ယွင်ရန်သည် ဒေါသအမျက်အချောင်းချောင်း ထွက်နေသော နှလုံးသားအား တည်ငြိမ်အောင်လုပ်ရန် စက္ကန့်အချို့ သုံးလိုက်ရ၏..
သူ့မျက်နှာတွင်ကား ဟန်အမူအယာ မဲ့နေလေပြီ...
ခေါင်းအား ချင်ကဲ ဘက်သို့လှည့်၍ မေးခွန်းထုတ်လိုက်၏..
"ခင်များဖုန်း သုံးပြီး ခေါ်လိုက်.."

CZYTASZ
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romansပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...