CH - 41

4.1K 666 16
                                    

ဂိမ်းstreamerလုပ်မည်ဟု စကားကျွံပြီးသော ချိန်ကျားမင်သည် "သိုင်းလောကမှ လမ်းမများ" ရိုက်ကူး ရေးပြီးချိန်တွင် live broadcast လုပ်ကာ ကျော်ကြားမှုရယူနိုင်ရေး အတွက် စိတ်ရော ကိုယ်ပါနှစ်ကာ တွေးတော စဉ်းစားလေ့လာလေတော့သည်.။

ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချပြီးသည့်နောက် စိတ်နှင့်ကိုယ် ပြန်ကပ်ချိန်တွင် ဇာတ်လမ်းထဲမှ သူ(ချိန်ကျားမင်) ၏ ဇာတ်ကွက်များသည်အား မှတ်စိတမှိတ်အတွင်း အဆုံးသတ်တော့မည်ဖြစ်ကြောင်း ချိန်ကျားမင် သတိပြုမိလိုက်၏။

နံပါတ်(၅) ဇာတ်ကောင်လေး ချိန်ကျားမင်သည် သူ၏ ရိုက်ကူးရေး အဆုံးသတ်သွားသဖြင့် နှုတ်ဆက်ပွဲ လုပ်ကာ ရိုက်ကူးရေးတွင် ပါဝင်သော လူတိုင်းအား ကျေးဇူးတင်စကား ဆိုလေတော့သည်.။သို့ရာတွင် သူ၏ စိတ်ထဲ၌ မပြီးပြတ်သေးသော အလုပ်တစ်ခုကျန်နေသေးသည့် ပမာ ခိုးလုခုလု ဖြစ်နေ၏.။

လေယာဉ်ပေါ် ရောက်သည့်အချိန်တွင်မှ သူမေ့နေသောကိစ္စအား သတိပြန်ရသွားတော့သည်။

နေပါဦး ငါ ရိုက်ကူးရေးကို စရောက်စနေ့တုန်းက ချင်ကဲကို ရိုက်ကူးရေးကနေ အပြီးပိုင်ထွက်သွားစေ ချင်ခဲ့တာပါ...ဘယ်ကနေ ဘယ်လို အဲ့စိတ်ကူးက လေထဲတင်ပျောက်သွားတာပါလိမ့်..

စုန့်ယွင်ရန်နဲ့ ချင်ကဲက ငါ့ ဦးနှောက်ကိုဆေးပစ်လိုက်လို့များလား..?

သူတို့နှစ်ယောက်က ငါ အတွေးတွေကို ရိပ်မိပြီး ဂလက်ဆီမှာ အခြေကျနေတဲ့ ချင်ကဲကို ဒုက္ခပေးမယ်ဆို တာ ရိပ်မိလို့ ငါ့ကို ကိုယ့်လမ်းကို လျှောက်.. ကိုယ့်နာမည်ကိုတက်အောင် ကိုယ့်အားကိုယ်ကိုးပြီး လုပ်စေချင်လို့ ဒီလမ်းကို ညွှန်ပေးတာများလား.?

ဖြစ်နိုင်ချေရှိသော ကိစ္စများအား အပြန်ပြန်အလှန်လှန် သုံးသပ်ပြီးနောက်ချိန်ကျားမင်မှာ အလန့်တကြား ဖြစ်ကာ ချွေးအေးများပင် ထွက်လာလေတော့သည်.။

အဖြစ်အပျက်အစအဆုံးအား ပြန်လည် စဉ်းကားပြီးချိန်တွင် ရိုက်ကူးရေးအတွက် လိုအပ်သော လေ့ကျင့်ရေးများ ဆင်းသည့်အချိန်မှစ၍ ရိုက်ကူးရေးပြီးဆုံးသည်အထိ သူ၏ အပြုအမူများ လှုပ်ရှားမှု များသည်ကား ထိုလူနှစ်ဦး၏ မျက်လုံးထဲမှ လွတ်ထွက်သွားခြင်းမရှိသည်ကို သတိပြုမိသွားလေတော့ သည်.။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now