လက်ထောက်တန်သည် "Happy and White " ဇာတ်ကားနှင့် ချူပ်ဆိုရန် စာချုပ်အား ရင်းနှီးမြှပ်နှံမှု ဌာနသို့ ပို့၍ အတည်ပြု ပြီး ဖြစ်ကြောင်း
စုန့်ယွင်ရန်ထံ တင်ပြလိုက်သည်။သူ့ ဆီမှ အချိန်အတော်ကြာ မှတ်ချက်ပြန်မရသဖြင့် ဥက္ကဌ ဖြစ်သူထံတွင် အခြားစဉ်းစားစရာများ
ရှိနေသည်ဟု ယူဆလိုက်ပြီး သူ့ နေရာသို့ ပြန်သွားလေ၏။စုန့်ယွင်ရန်သည် ဆုံလည်ကုလားထိုင် အား
အကြိမ်အနည်းငယ်လှည့်ကာ ထိုင်ပြီးနောက်
စိတ်တည်ငြိမ် သွားတော့သည်။အိမ်း။ အထက်လူကြီးကို ကြောက်ရမယ်မှန်း
မသိတဲ့ ငါ့ဝန်ထမ်းတွေကျေးဇူးနဲ့ ငါ့ရဲ့ ပြန်လည် မွေးဖွား ကံကောင်းခြင်းလေးကတော့ ငါ့ ကို တာတာ့ ဘိုင့်ဘိုင် လုပ်သွားတော့မှာဘဲ ။ကုမ္ပဏီ၏ ကျဆင်းသွားမည့် သိက္ခာအား ပြန်လည် မြှင့်တင်တည်ဆောက်နိုင်စေရန် အစီအစဉ်များအား စဉ်းစားနေစဉ်တွင် တံခါးခေါက်သံ ခပ်ပြင်းပြင်းအား ကြားလိုက်ရလေတော့သည်။
စုန့်ယွင်ရန် - " ဝင်ခဲ့ "
ကုမ္ပဏီ ဥက္ကဌ၏ရုံးခန်း တံခါးကြီး ပွင့်သွားလေပြီ။ တဆက်တည်းတွင်
" မင်း အတင်းဝင်သွားလို့ မရဘူး။ "
ဟူသော ကုမ္ပဏီတံခါးစောင့် ဦးလေးကြီး၏ အသံနှင့်
"ဥက္ကဌ စုန့်ကတကယ် အလုပ်များနေတာ။တွေ့ချင်ရင် အရင် ဆုံး ချိန်း။ နောက်မှလာ တွေ့" ဟူသော လက်ထောက်တန်၏ အသံကြီး က ပွင့်သွားသော တံခါးဆီမှ လွင့်ပျံလာတော့သည်။စုန့်ယွင်ရန် - " ???????"
ဟင် တကယ်လား ။ငါအဲ့လောက်အလုပ်များနေမှန်း ငါ့ကိုယ်ငါတောင် မသိရပါလား။
(😂😂😂?)" သူက အလုပ်များနေတယ် ဟုတ်လား??? ဘာလဲ ကျူပ်ဆီက ရမဲ့ လျော်ကြေးငွေတွေ တွက်နေရလို့လား??" ဟူသည့် ဒေါသတကြီး နှင့် တံခါးစောင့်ဦးလေး ကြီးအား အော်လိုက်သည့် သူ(စုန့်)
မကြားဖူးသေး သော အသံနက်ကြီးက သူ့
နှလုံးသား အလန့်တကြား ဖြစ်စေသွားတော့
သည်။စုန့်ယွင်ရန်သည် ထိုအသံပိုင်ရှင်မှာ မည်သူဖြစ်
ကြောင်း ရုတ်ချည်း သတိထားမိသွားသည်။

BINABASA MO ANG
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...