CH-29.3

4.2K 719 3
                                    


ချင်ကဲ ထွက်သွားသည်နှင့် စုန့်ယွင်ရန်သည် အိပ်ယာထဲမှ ထလိုက်တော့၏..

မဆင်ခြင်နိုင်လိုက်ဘဲ အမြန်ထလိုက်မိခြင်းက သူအား အသည်းခိုက်အောင် နာသွားတော့မတတ် ဖြစ်သွားစေသည်..

မျက်နှာလေးအား ရှုံ့မဲ့၍ ကျွတ် ကျွတ် ကျွတ် ကျွတ်ဟု စုပ် တသက်သက် ပြုလုပ်ကာ ဆိုဖာ ဆီသို့ လျှောက်သွားလိုက်လေတော့သည်..ထို့နောက် ပစ်ထားသည့် ဖုန်းအား ကောက်ကိုင်လိုက်ကာ အဆောင်လှလှ လေးအား ဖုန်း၏ ကင်မရာရှေ့လေးတွင်ထားကာ ကြည့် လိုက်တော့၏..

မှောင် တဝက် လင်းတစ်ဝက် ညနေခင်း အချိန်တွင် ပိုးသား လက်ဖွဲ့လေးက တလက်လက် နှင့် အရောင်ထွက်နေလေ၏..

စုန့်ယွင်ရန်သည် ကင်မရာရှူ့ထောင့်အား အကောင်းဆုံး အနေအထားရအောင် ချိန်ညှိလိုက်ကာ ဓါတ်ပုံများအား တစ်ပုံပြီး တစ်ပုံ ရိုက်ယူ လိုက်တော့၏..

တစ်ခါတည်းနှင့် ဓါတ်ပုံတစ်ဒါဇင်မျှ ရိုက်ယူပြီးနောက် အကြိုက်ဆုံးပုံအား ရွေးလိုက်ကာ ပို၍ လှပလာစေရေး Filter ထည့်ကာ ပြင်ပြန်လေသည်..

စိတ်တိုင်းကျ ပြင်ဆင်ပြီးနောက် စုန့်ယွင်ရန်သည် အခြားလူများအား ကြွားဖို့အရေး စိတ်အား ထက်သန်လာပြန်သည်...

ငါ ဘယ်သူ့ဆီ ဒီပုံ ပို့ရရင်ကောင်းမလဲ..?

We Chat Moment ထဲ တင်ပြီး သူငယ်ချင်း တွေကိုငါရဲ့ အဖိုးနည်း အိုးကွဲသားလေးက ပေးတာလို့ ကြွားရရင်ကောင်းမလား..?
ဟာ မဖြစ်သေးပါဘူး...
ငါ့ သူငယ်ချင်းတွေက နည်းနည်းလေး...
လူနည်းနည်း ဘဲ သိသွားမှာ.. မကိုက်သေးဘူး..

စုန့်ယွင်ရန်သည် အတော်ကြာ ချီတုံ ချတုံ ဖြစ်ပြီးနောက် Weibo တွင် အကောင့်အသစ် တစ်ခု ထပ်ဖွင့်ရန် ဆုံးဖြတ်လိုက်တော့၏...

ထို့နောက် လက်ထောက်တန်ထံ message တစ်ခု လှမ်းပို့လိုက်တော့သည်...
{ကုမ္ပဏီက ဝန်ထမ်းတွေ အားလုံး ကျွန်တော့်  Weibo acc ကို Follow လုပ်ထားခိုင်းလိုက်ဦးနော်..}

လက်ထောက်တန်သည် ဥက္ကဌပေါက်ဆီမှ ညွှန်ကြားချက်ရပြီးနောက် ထိတ်ထိတ်ပြာပြာ  ဖြစ်သွားတော့သည်..

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now