CH- 38

4K 653 5
                                    

စုန့်ယွင်ရန်သည် ငါးစာ ချပြီးပြီဖြစ်လေရာ ဟိုတယ်သို့ ပြန်သွားလေတော့သည်.။

ချိန်ကျားမင်သည် အချိန်အတော်ကြာသည်အထိ စိတ်လှုပ်ရှားမှုအား မထိန်းနိုင်ရှာပေ.။နေ့ခင်းပိုင်း တစ်ခုလုံး NG များစွာ ထိကာ ဒါရိုက်တာ တန်မင်း၏ ဆူဆဲမှု့များအား အတော်ပင်ခံလိုက်ရ၏။.

သူ့အမှားများကြောင့် ညနေ  ခုနှစ်နာရီတွင် ပြီးရမည့် သူ၏ရိုက်ကူးရေးသည် ည ကိုးနာရီခွဲမှ အဆုံးသတ် သွားတော့၏.။

ချိန်ကျားမင်သည် အခြားသူများအား အကြိမ်ပေါင်းမြောက်များစွာ တောင်းပန်စကား ဆိုပြီးနောက် ဟိုတယ်သို့ ပြန်လာခဲ့လေ၏.။ဟိုတယ်သို့ ပြန်ရောက်ပြီးနောက် အတော်ကြာစဉ်းစားပြီးချိန်တွင် ဆုံးဖြတ်ချက်ချကာ ရေချိုး၍ စိတ်လျှော့ချလိုက်တော့၏.။

ရေမြန်မြန်ချိုးပြီးချိန်တွင် ချိန်ကျားမင်၏ နှလုံးမှာ ပေါက်ကွဲမတတ် အခုန်မြန်လာတော့၏.။
သရုပ်ဆောင်လောက သို့ ဝင်လာချိန်မှ စ၍ ဤကဲ့သို့သော အခြေမနေများအား သူကြုံတွေ့ခဲ့ရသည်။

သူ၏ ချောမောသော ရုပ်ရည်က  ချမ်းသာသည့် လူအချို့အား မျက်စိကျစေခဲ့၏.။
သူ့အား မျက်စိကျခဲ့သည် လူများမှာ ချမ်းသာကြွယ်ဝသည့် သတ်လတ်ပိုင်း အိမ်ထောင်ရှိ အမျိုးသမီး များ နှင့် အသက် ၅၀ ကျော် အမျိုးသားကြီးများ ဖြစ်ကြသည်.။ပြောရမည်ဆိုလျှင် ထိုလူအိုကြီးများက သူ၏ ငယ်ရွယ်မှုနှင့် အင်အားပြည့်ဝသော ခန္ဓာကိုယ်အား သဘောကျကြခြင်းဖြစ်၏.။

စုန့်ယွင်ရန်သည်ကား ငယ်ရွယ်နုပျိုကာ ရုပ်ရည်ရူပကာ ကအစ သူ့ထက်သာလွန်သူဖြစ်၏.။ ထိုကဲ့သို့ သော လူမျိုးသည် မည်သည့်နေရာတွင်ရောက်နေပါစေ လူအများ၏နှစ်သက်မြတ်နိုးခြင်းအားခံရမည် ဖြစ်သည်.

သူသဘောကျသည့်လူအား ငွေကြေးများ အသုံးပြု၍ ဆွဲဆောင်ရန်ပင်မလို.။ သူအလိုရှိပါက ကိုယ်ပိုင်စိတ်ရင်းနှင့်ပင် သူ့အလိုကျ လိုက်ကြပေလိမ့်မည်.။

သို့ရာတွင် ဤ သခင်ငယ်လေးသည်ကား အပျော်အပါး လိုက်စားရခြင်းအား နှစ်သက်ဟန်ရှိသည်.။

ချင်ကဲကဲ့သို့ လူအား သူ့မောင်းမဆောင်ထဲတွင် ထည့်ထားနိုင်သော်ငြား အဘယ်ကြောင့် …
ချိန်ကျားမင်သည် ကူရာမဲ့နေဟန်ဖြင့် သက်ပြင်းရှည်အား ချလိုက်လေတော့သည်.။သက်ပြင်းချပြီး နောက်တွင် နေ့လယ်ပိုင်း ရိုက်ကူးရေးမှ အဖြစ်အပျက်များက သူ့ခေါင်းထဲတွင် အစီအရီ ပေါ်လာတော့၏.။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now