မမြင်ရတာ အတော်ကြာပြီ ဖြစ်သည့် မြင်ကွင်းစိမ်းကြီး ပေါ်လာလေပြီ...
ချင်ကဲတစ်ယောက် ရိုက်ကူးရေးပြီးနောက် ကားထဲသို့ပြန်ရောက်သည်နှင့် တပြိုင်နက် ဆက်ဆံရေးပြတ်စဲပြီဟူသည့် သတင်းဆိုးကြီးအား ချက်ချင်းကြီး လက်ခံရရှိသွား၏...
"ရှောင်စုန့်က နောက်ထပ်ဘာစကားမှ မပြောသွားဘူးလား..?" ဟု ရေသောက် ရင်း မေးမြန်းရှာ၏..
ရှောင်ခယ့် မျက်မှောင်ကြုတ်ကာ " ပြတ်စဲမယ်ဆိုတဲ့ စကားလည်းပြောပြီးရော ကျွန်တော်လည်း ဖုန်းချလိုက်တာပဲ.. သူ့လေသံက အရမ်းမာနေတာလေ.. ကျွန်တော်တို့ ဘာဆက်လုပ်ကြမလဲဟင်..? ကျင်းကျဲကို သတင်းပို့ပြီး ရိုက်ကူးရေးကနေ ခွင့်ယူပြီးတော့ ဘာကိစ္စဖြစ်လဲဆိုတာ ပြန်မေးကြမလား..?"
ချင်ကဲ ခေါင်းခါပြလိုက်သည်.. သူသည်ကား စုန့်ယွင်ရန်၏ တချို့သော ဦးနှောက်ပတ်လမ်းကြောင်း အလုပ်လုပ်ပုံအား နားလည်သည့်နေရာတွင် ကျွမ်းကျင်ပညာရှင်အဆင့်သို့ရောက်နေလေပြီ...ခွင့်ယူမည်ဟူသော စကား အား ကြားပါက စုန့်ယွင်ရန် သေချာပေါက် ပြောမည့်စကားမှာ "ဆုရလိုက်တာ နဲ့ ခွင့်ယူပြီး ပြန်လာချင်နေတယ်ပေါ့လေ.... ဒီလို သရုပ်ဆောင် မင်းသားမျိုး ကို Daddy သိပ် စိတ်ပျက်တာပဲ .."ဟူ၍ပင်...
သို့သော် ယခုအခြေအနေသည်ကား ခေါင်းမွေးထောင်စရာ ကိစ္စကြီး မဟုတ်ပါ လားလေ...?
ချင်ကဲသည် ရေသန့်ဘူးအား ဘေးသို့ချရင်း အတော်ကြာအောင် စိုက်ကြည့် မိနေလေတော့သည်...
နံနက်ခင်း ၃ နာရီ ကျော်လာချိန်တွင် စုန့်ယွင်ရန်တစ်ယောက် ဆအိပ်ပျော်နေ လောက်လေပြီ... သို့သော် ရှင်သန်နိုင်ရန် လိုအပ်ပါက အချိန်မတော်လည်း ဒူးထောက်ပြီး တောင်းဆိုမှု့ ပြုသင့်က ပြုရမည် ဟု ချင်ကဲ ဆုံးဖြတ်ချက် ချလိုက်တော့၏...
ထို့ကြောင့် ဖုန်းအားဖွင့်ကာ အတော်ကြာအောင် တုန့်ဆိုင်းနေပြီးနောက် စာရိုက်လိုက်လေတော့သည်...
နောက်တစ်နေ့ မနက်ခင်းတွင် စုန့်ယွင်ရန်သည် သူနိုးလာသည်နှင့် စာအား မြင်လိုက်ရ၏...

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...