CH-5.1

5.9K 971 16
                                    


စုန်ယွင်ရန်မှ လက်ထောက်တန်တစ်ယောက် အတွေးချော်၍ မည်ကဲ့သို့တွေးသွားသည်ကို မသိရှာပေ ရိုက်ကွင်းတစ်ခုလုံးအား လှည့်ပတ်မွှေနှောက် ပြီးနောက် အခြားသူများက အတင်းအဖျင်းတစ်ခုခု ပြောနေဟန်ရှိကြောင်းသာ သတိထားမိလေသည်။

သူ့ကုမ္ပဏီတွင် တက်နေသော ပြဿ
နာအား ပူပန်သော်လည်း မျက်နှာအမူအယာ မပျက်ပေ ထိုကိစ္စရပ်များအား စဉ်းစားမိပြီးနောက် လက်ထောက်တန်က သူ့(စုန့်ယွင်ရန်) အဖေထံ တင်ပြနေသည်များအား လျစ်လျူ ရှူ့ထားရန်သာ ဆုံးဖြတ်လိုက်သည်။

စုန့်ယွင်ရန် တစ်ဖက်သို့ ပြန်လှည့်လိုက်ချိန်တွင် ခင်ကဲမှာ ရေသန့်ဘူးအားကိုင်၍ သူ့နေရာသို့ ပြန်နေပြီ ဖြစ်သည် ။
အရည်အချင်းရှိသူများအား အလေးထားတတ်သော ဒါရိုက်တာသည် ချင်ကဲ၏ ပြီးပြည့်စုံသော သရုပ်ဆောင်မှု့အား အလွန်ကျေနပ်သဖြင့် ချင်ကဲ၏ ပုခုံးအား ပုတ်ကာ ချီးကျူးစကားများအား ခရားရေလွှတ်ပြောတော့သည်- 

"ဥက္ကဌ ရှောင်စုန့်က မင်းအပေါ်တအားမျှော်လင့်ထားတာ ဒီအတိုင်းလေးဆက်ပြီးေ ကာင်းကောင်းကြိုးစား မင်းအပေါ်ထားတဲ့ သူ့မျှော်လင့်ချက်တွေကို မရိုက်ချိုးမိစေနဲ့"

စုန့်ယွင်ရန် မျက်နှာတွင် ???? များ ပေါ်လာလေတော့သည် ငါသူ့အပေါ်မျှော်လင့်ထားတဲ့ တစ်ခုတည်းသောအရာက သူ ငါ့ကို Daddy လို့ ခေါ်စေချင်တာလေးတင်ပါ။
ဘာတွေပြောနေတာလဲ နားမလည်တော့ဘူးလို့ ???? ။
မှန်ပေသည် ။ထိုစကားအား အများရှေ့တွင် ပြော၍မသင့် ထို့ကြောင့် ဒါရိုက်တာစကားအား ရေလိုက်ငါးလိုက် တုန့်ပြန်လိုက်လေတော့သည် ပြောချင်တဲ့စကား အစစ်သာ ထပြောလိုက်ရင် ဒါရိုက်တာကြီးမျက်နှာ ဖြတ်ရိုက်သလိုဖြစ်သွားမှာနှော။

ထို့ကြောင့် ဂုဏ်သရေရှိလူကြီးမင်း ဟန် ဖမ်းကာ လက်မောင်းပင် မရွှေ့လိုက်တော့ချေ။ မမျှော်လင့်ထားသည်က ချင်ကဲသည် ထိုစကားများအား တုန့်ပြန်ချက်ကောင်းကောင်းပင် မပေးခြင်းဖြစ်လေသည်။ 

လုံလောက်သွားပြီသိလား မျက်နှာသေကြီးနဲ့ ဝတ်ကျေတန်းကျေ ကျေးဇူးတင်ကြောင်းပြောနေတာများ။ ပြောနေတဲ့ပုံက မျက်လုံးပါသူတိုင်း ဝတ္တရားရှိလို့သာ ပြောတာမှန်း မြင်တယ်လို့ အချေကောင်ကြီးရဲ့။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Donde viven las historias. Descúbrelo ahora