49

4.9K 685 13
                                        

After Rebirth, I Decided To Inherit the Family Property Chapter 49:

စုန့်ယွင်ရန်၏ ရိုးရှင်းသော reply လေး ဖြစ်သည့် "မဟုတ်ရပါဘူးဗျာ" ဟူသော Comment က မရေမတွက်နိုင်သော comment များကို ပေါက်ကွဲလာစေတော့သည်...

ထို reply မှာ ကုမ္ပဏီအား ဖန်များက မေးခွန်းထုတ်နေသည့် အနုပညာရှင်အား ကောင်းကောင်း မွန်မွန် ဆက်ဆံချင်ယောင်ဆောင်၍ သေလမ်းကို ကြွမြန်းစေလေ သလား ဟူသော မေးခွန်းအား ကုမ္ပဏီ၏ ဥက္ကဌ ကိုယ်တိုင်က ပြန်ဖြေသည့် ပထမ ဦးဆုံးအဖြေ ဖြစ်နေ၍ပင်....

ရုတ်တရက်ပင် အမျိုးအစားလင်စုံနေသည့် comment များ ထွက်ပေါ်လာတော့သည်....

Nitizen ; [ဒီလောက်အစွမ်းအစ ရှိနေမှတော့ နင်ဒုန်းကနေ ထွင်ထားတဲ့ ဂိမ်းတွေမှာ movie ကြော်ငြာကို ဘာလို့မထည့်လဲ ]

စုန့်ယွင်ရန် : [ အာ... အဲ့လို လုပ်လို့ရတာကို တကယ်မေ့သွားတာဗျာ... သတိပေးစကား ဆိုလို့ ကျေးဇူးပါဗျာ...ခင်ဗျားက အရမ်းကြင်နာတတ်တဲ့ လူကောင်းပါလားဗျ ..]

Netizen : [ ငါ့ရဲ့ ချစ်လှစွာသော သားလေးရေ.. ဒီမားမားကတော့ မင်း ဒီတွင်းနက် ထဲကနေ ထွက်မလာနိုင်မှာကို စိုးရိမ်မိနေတယ်ကွယ်]

စုန့်ယွင်ရန် ; [ လျှောက်ပြောမနေစမ်းပါနဲ့ကွာ...ကိုယ့်မားမားက ဒီလို ကိစ္စတွေကို စိတ်ပူရိုး ထုံးစံ မရှိဘူးကွ]

Nitizen : [ ငါ တက်ပြီး ဥက္ကဌ လုပ်တာမှ ဒီလို လျှောက်ကစားနေတဲ့ ဥက္ကဌ ထက်သာလိမ့်ဦးမယ်ထင်ပါ့.... ဒီ ဥက္ကဌက အားယား နေလို့ အင်တာနက်ပေါ်မှာ လျှောက်ပြော နေတာများလား...

စုန့်ယွင်ရန် :[ ဥက္ကဌပါဆို ကားထဲမှာ ထိုင်မနေလို့ ကားဒရိုင်ဘာ လုပ်နေရမှာလားလို့..?]

ကုမ္ပဏီမှ အိမ်သို့ ပြန်ရာ လမ်းတစ်လျှောက်တွင် စုန့်ယွင်ရန်သည် Weibo အား စောင့်ကြည့်နေကာ စိတ်ဝင်စားစရာ ကောင်းသည့် comment တချို့အားရွေး၍ reply ပြန်နေလေတော့သည်...

ရှောင်စုန့်၏ ရည်ရွယ်ချက်အမှန်မှာ marketing ကုမ္ပဏီများအား ငွေကုန်ကြေးကျ ခံကာ ငှားရမ်းပြီး Happy and White ဇာတ်လမ်းအား online ပေါ်တွင် ကြော်ငြာမည့် အစား သူ့ကိုယ်တိုင် စစ်မြေပြင်သို့ ဝင်ရောက်ကာ သူ့နာမည်အား ခေါင်းစဉ် တစ်ခု ဖန်တီးပြီး ဇာတ်ကားအား promotion ဆင်းရန် ဖြစ်လေသည်...
(T/N- ကြော်ငြာစရိတ် တစ်ပြားမှ မကုန်အောင် ကြံနိုင်သမျှကြံကာ ဂုန်းဆင်းတတ်သည့် ရှောင်ကပ်စီးနဲစုန့်)

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now