CH - 90

3.1K 395 5
                                    


စုန့်ယွင်ရန် .. မင်း နှလုံးသားမဲ့လှချည်လားကွ...

ထိုနေ့တွင် ဂလက်ဆီမှ ဝန်ထမ်းများအနေဖြင့် တစ်စုံတစ်ခု ဖြစ်သွားသည်အား ရိပ်မိလိုက်သော်ငြား မည်သည့်အကြောင်းဖြစ်သည်ကိုမူ တိတိကျကျ မသိကြ..

မည်သို့သော အကြောင်းပြချက်မှ မရှိဘဲ ထူးခြားဆန်းကြယ်စွာ ပျောက်ဆုံး သွားသည့် မုန့်များအကြောင်းသည်ကား ရုံးတစ်ခုလုံးသို့ ပျံ့နှံ့သွားသည်သာ မက မစ္စတာစုန့်အကြောင်းအား အင်တာနက်ပေါ်တွင် ဆွေးနွေးနေမှု့ သည်ကား Hot Topic ဖြစ်နေဆဲပင်...

စုန့်ယွင်ရန် ဘွင်းဘွင်းရှင်းရှင်းဖြေရှင်းမှု့သည်ကား သံသယ အားလုံးအား ရှင်းလင်းရန် လုံလောက်လေသည်...

ထို့အပြင် သူနှင့် တစ်စားပွဲထဲတွင် ထိုင်နေသည့်ပုံအား ဓါတ်ပုံရိုက်ခံလိုက် ရသည့် အနုပညာရှင် နှစ်ဦးဖက်မှလည်း ထိုကိစ္စမှာ အများထင်နေသလို မဟုတ်ဘဲ မတော်ဆတသာဖြစ်ကြောင်း အစောပိုင်းကတည်းက ဖြေရှင်းချက် ပေးထားကြ၏... သို့သော် တချို့သော လူများ၏နှလုံးသားထဲတွင်မူ ညှီနံ့ တစ်ခုခု ရှိနေသေးဟု ထင်နေကြဆဲပင်.. ထိုသူများအနေဖြင့် အဆင့် ၁၈ သာ ရှိသေးသည့် ငယ်ရွယ်သည့် အနုပညာရှင်များအား နင်းဒုန်း ၏ မင်းသားလေး ဟူသော ဂုဏ်ပုဒ်အားသုံး၍ စုန့်ယွင်ရန်တစ်ယောက် ခြိမ်းခြောက်ထားသည်ဟု ယုံကြည်နေကြဆဲပင်..

သို့မဟုတ်ပါက ထိုကဲ့သို့ အညှီအဟောက်ဆန်သည့် ပုံများ ထွက်ပေါ်လာရန် အကြောင်းရှိပါမလားလေ...? ဟု..

မည်သို့ပင်ဆိုနေစေကာမူ... လူထုဆက်ဆံရေးအား ကောင်းမွန်စွာ အသုံးချထားခြင်း ဖြစ်လေရာ သတင်းများ ပလူပျံဆဲသာ...

အစပိုင်းတွင် အင်တာနက်သုံးစွဲသူများအနေဖြင့် သက်သေသက္ကာရများ သုံးကာ အကဲဖြတ်ခြင်း ပြုလုပ်ကာ ငြင်းခုန်ကြ၏...နောက်ပိုင်းတွင် ထို အကြောင်းအား ငြီးငွေ့လာကြကာ ကူးချထားသည့် စာသားတစ်ကြောင်းဖြင့် မှတ်ချက်ပြုလာကြ၏..

{နင်းဒုန်း ဂရုရဲ့ ရှေ့နေတွေဆီက အကြောင်းကြားစာ ပို့ခံရလိမ့်နော်... သတိထားကြဦး.}

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Tempat cerita menjadi hidup. Temukan sekarang