သွားပြီဟ...
ငါ ဘယ်သူလဲ... ဘယ်သူက အဖေလဲ...?
အဖေနှင့်သား နှစ်ယောက်သား မူးဝေမိန်းမောနေကြလေရာ ပိုင်ဝမ်နင်း ခမျာ မျှော်လင့်ချက် ကင်းမဲ့သွားဟန်ဖြင့် မျက်လုံးများအား ပိတ်ချလိုက်ရှာတော့၏။
စုန့်ယွင်ရန် တစ်ယောက် ချင်ကဲအကြောင်းအား အိမ်တွင် ပြောပြသည့် အချိန်တိုင်း ချင်ကဲသည် သူမ၏ ပေါင်ပေါင်းအတွက် သာမာန်အနုပညာရှင် မဟုတ်နိုင်ဟု သူမ သံသယဝင်မိလေသည်...
နောက်ပိုင်းတွင် ချင်ကဲသည် သူ၏ ဆုတံဆိပ်အား စုန့်ယွင်ရန်ထံလွှဲပြောင်း ပေးအပ်ခဲ့ပြန်လေသည်... ထိုနေ့က ရှောင်စုန့်တစ်ယောက် စကားအချို့ပြော ကာ ဖုံးကွယ်ရန် ကြိုးပမ်းခဲ့သေးသော်လည်း ဖုံးကာမှ ပေါ်ဖြစ်ကာ သူမ၏ သံသယစိတ်များ ပိုမိုနက်ရှိုင်းလာခဲ့လေသည်...
ယနေ့တွင် စုန့်ယွင်ရန်သည် အူယားဖားယားဖြင့် ပြေးလာပြီး စစ်သည်တော် များအား ကယ်ဆယ်ပေးပါဟုဆိုလာသည့် ကိစ္စမှာ သူမ၏ သံသယများအား အဆုံးအဖြတ်ပေးလိုက် သည့် အဖြစ်အပျက်ပင်... ယနေ့အဖြစ်အပျက်မှာ သူမ၏ အမြင်တွင် ပေါင်ပေါင်းတစ်ယောက် Come Out လုပ်ပြီး "ကျွန်တော့် ချစ်သူကို ကယ်ပေးပါ" ဟု ပြောလာသည့် ပုံဖြင့် ကွဲပြားခြားနားမှု့ မရှိချေ....
ပိုင်ဝမ်နင်းသည်လည်း ခေတ်ကာလနောက် အမှီလိုက်နိုင်သည့် မိဘဖြစ် လေရာ မန်ဒရင်းဘဲနှစ်ကောင် (ချစ်သူနှစ်ဦး) အား ခွဲလိုသည့် အတွေးမျိုး မရှိပေ...
သူမ အာရုံထားသည့် တစ်ခုတည်းသော ကိစ္စမှာ စုန့်ယွင်ရန်၏ မျိုးရိုးဗီဇအား ဆက်ခံရမည့် ကလေးလေး သည် မည်သို့မည်ပုံ ဖြစ်လာမည်ကိုပင်...
အခုအချိန်တွင်မူ ထိုကိစ္စအတွက် တွေးပူနေစရာမလိုတော့ချေ...
ရှောင်စုန့်၏ မျိုးရိုးဗီဇအား အမွေဆက်ခံလာမည့် ကလေးမျိုး မရှိနိုင်တော့ လေရာ သူမ စိတ်ပူပန်စရာ မရှိတော့ချေ...
ပိုင်ဝမ်နင်း ပေါ့ပေါ့ပါးပါးပြောလိုက်သည့်စကားများသည်ကား မစ္စတာစုန့်ကြီး နှင့် မစ္စတာစုန့်လေးတို့၏ နှလုံးအိမ်အား ကြာရှည်လှသော မုန်တိုင်းတစ်ခု တိုက်ခတ်သွားစေ၏...

ŞİMDİ OKUDUĞUN
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romantizmပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...