CH - 15.1

5.7K 928 20
                                    

ဤသည်မှာ စုန့်ယွင်ရန်၏ပထမဦးဆုံးဆိုင်ကယ်  စီး အတွေ့အကြုံ ဖြစ်၏။

လျင်မြန်စွာဖြစ်သွားသော အဖြစ်အပျက်များကြောင့် အံ့အားသင့်နေရာမှ သတိလည်လာချိန်တွင် သူ၏မျက်စိရှေ့ရှိ မြင်ကွင်းများမှာ မြန်မြန်ပင် ရွေ့လျားနေသည်ကို သိလိုက်ရ၏။

မကြားမီပင် အခြေအနေအားလုံးအား သတိပြု မိလိုက်ပြီး စိတ်လှုပ်ရှား ကြောက်ရွံ့ လာတော့သည်။

ငါတက်လိုက်လာတာ ဆိုင်ကယ်ကြီး !

ခေါင်းပေါ်ရှိ Helmet မှ လွဲ၍ မည်သည့်နေရာတွင် မှ အကာအကွယ်မပါရှိ။

စုန့်ယွင်ရန်သည် ချက်ချင်းပင် ချင်ကဲ ခါးအား ပိုမို ကျစ်ကျစ်ပါအောင် ဖက်လိုက်တော့သည်။

ချင်ကဲ၏ ကျစ်လစ်သွယ်လျ လှပသောခါးလေးအား
ပင်လယ်ထဲတွင် ရေနစ်နေစဉ် အားကိုးနေရသည့်တစ်ခုတည်းသောအားကိုးရာ အသက်ကယ်
ဝတ်စုံလေးကဲ့သို့။

ချင်ကဲတစ်ယောက် သေလုအောင်ပင် ခါးအား
ညှစ်ခံထားရလေပြီ။

ငါတော့ စုန့်ယွင်ရန်အစား ကြောက်လန့်တကြား
ဖြစ်နေတဲ့ ခိုအားလား လေးများ မှားခေါ်မိလာသလား မသိ။
လူစစ်စစ်ဆို ဒီလောက် ကျစ်ကျစ်ပါအောင် ဖက်နိုင် ပါ့မလား။
(T/N - အဲ့စကား ကို ဒီလူ မှတ်ထားမှာနော် ဟွင်း ဟွင်း။)

သူ့၏အသက်လေး စုန့်ယွင်ရန် လက်ချက်ကြောင့်
ခြိမ်းခြောက်ခံလာရသောအခါ သူ၏
ဆိုင်ကယ်အား လမ်းဘေးသို့ ထိုးရပ်လိုက်ရတောသည်။

"နည်းနည်းလောက် စိတ် လျော့လိုက်လို့ရမလား?။"

စုန့်ယွင်ရန်သည် မသိနိုးနားဟန်ဖြင့်  ချင်ကဲအား
မျက်တောင် ပုတ်ခတ် ပုတ်ခတ် လုပ်ကာ
ကြည့်လိုက်တော့၏။

ချင်ကဲ : "ဥက္ကဌရဲ့ လက် …"

သူ့ခေါင်းအား ငုံ့လိုက်ချိန်တွင် စုန့်ယွင်ရန်သည် သူ့ခါးအား ဖက်ထားဆဲ ဖြစ်ပြီး သူ့(စုန့် ) လက်ထဲ တွင် ကိုင်ထားသော ဖုန်း မြည်နေသည်ကို တွေ့လိုက်ရသည်။

"ဥက္ကဌ ဖုန်း လာနေတယ်။"

စုန့်ယွင်ရန်သည် သူ့ လှုပ်ရှားမှုအား
ပြတ်ပြတ်သားသား မြင်လိုက်ရပြီး နောက်
သူ့လက်အား ချင်ကဲ ခါးထက်မှ ဖယ်ပေးလိုက်
တော့သည်။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Tempat cerita menjadi hidup. Temukan sekarang