CH- 50

4K 560 35
                                    


ချင်ကဲသည် စုန့်ယွင်ရန် မျက်နှာထက်မှ အပြောင်းအလဲ မျိုးစုံအား စောင့်ကြည့်နေလေရာ  ကောင်းကင်ပေါ်ပျံတက်မတတ် ဝမ်းသာနေသည့်မျက်နှာထားမှ လောကကြီးအား စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် မျက်နှာထားအထိ ပြောင်းလဲသွားသည်မှာ မိနစ်ပိုင်း သာကြာသည်ကို တွေ့လိုက်ရသည်...

အလုပ်ကိစ္စကြောင့်သာ ဖြစ်ရမည်မှ တွေးလိုက်ကာ " ဘာပြဿနာရှိနေလဲဗျ..?" ဟု မေးလိုက်လေသည်...

" လာပြီး စကားမပြောနဲ့.."

စုန့်ယွင်ရန်သည် ဆိုဖာထက်တွင် ခွေခေါက်နေရင်း မျက်နှာကျက်အား အသက်မဲ့စွာ စိုက်ကြည့်ကာ လူတိုင်း၏ အတွေးများမှာ အဘယ်ကြောင့် ဤကဲ့သို့ ဖြစ်ရပါသနည်းဟု အံ့သြတကြီး တွေးနေလေတော့သည်....

ငါကဖြင့် အရပ်မြင့်မြင့် ခန့်ခန့်ငြားငြား နဲ့ ချမ်းလည်းချမ်းသာတဲ့ ဂုဏ်ဒြပ်ကြီးကို ပိုင်ဆိုင်ထားပါရဲ့....ဒီလို အရည်အချင်းတွေပိုင်ထားတာတောင် ငါ့က လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ ဥက္ကဌ ဆိုတဲ့ မျက်နှာဖုံး ရဖို့ အဆင့်မမှီသေးတာများလား...?

ခြေဖနောင့် တစ်ချက်ပေါက်လိုက်တာနဲ့ လူတိုင်းကြောက်ရွံ့ရိုသေပြီး Daddy ခေါ်ချင်စိတ ပေါက်အောင်ထိ လွမ်းမိုးနိုင်စွမ်းရှိတဲ့ ဥက္ကဌမျိုး ဖြစ်ချင်တာလည်းမဟုတ်....ချင်ကဲ တစ်ယောက်တည်းကနေ ပါးပါး ခေါ်သံလေးပဲ ကြားချင်တာကို ဘာလို့ငါ့မှ ဒီလို အခက်အခဲတွေနဲ့ပဲ ကြုံနေရတာလဲ မသိပါလားနော် ...?

မဟုတ်မှလွဲရော ဒါကလည်း ကောင်းကင်ရဲ့ အလိုကျပဲဖြစ်နေလေမလား...?

စုန့်ယွင်ရန် အပြန်ပြန်အလှန်လှန် သုံးသပ်ပြီ နောက် မဟာမိတ်ကြီးနှင့် တိုင်ပင်ဆွေး နွေးရန် ပြင်လိုက်တော့သည်...
"ဒါနဲ့လေ...ခင်ဗျား ပြန်မွေးဖွားလာပြီးကတည်းကနေ အခုအချိန်ထိ မူမမှန်တဲ့ ကိစ္စမျိုးနဲ့ ကြုံခဲ့တာရော ရှိဘူးလား....?

ချင်ကဲ : " မူမမှန်တာ...?ဘာကို ဆိုလိုချင်တာလဲဗျ...?"

" ခင်ဗျားသိထားတဲ့ ဗဟုသုတ နဲ့ ချိန်ထိုးလို့ မရတဲ့ ကိစ္စမျိုးကို ပြောတာလေဗျာ..."

စုန့်ယွင်ရန် မူမမှန်ဟူသော စကားကို ရှင်းပြပြီးနောက် သူ့သားတော်မောင် ချင်ကဲ၏ ကျောင်း ပညာရေး အခြေအနေအား စိုးရိမ်စိတ်ဝင်သွားလေ၏...
"နေပါဦး ..ဘာလို့ ခင်ဗျားက မူမမှန်ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်ကို နားမလည် ရတာတုန်း...?ကျောင်းခန်းထဲမှာတုန်းက ဆရာ စာသင်တာကို သေချာနားမထောင် ခဲ့ဘူးလား....?"

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now