After Rebirth, I Decided To Inherit the Family Property Chapter 20:
စုန့်ယွင်ရန်သည် လက်ထောက်တန်၏ စကား ကို သူ့အား ချီးမွမ်းသည်ဟုသာ တွေးလိုက်သည်...ထို့နောက် သဘောတကျ ကျေကျေ နပ်နပ် ရီလိုက်တော့၏...
သူ၏ အာဏာရှင် ဥက္ကဌ ရာထူးအား သတိရပြီး နောက် အပြုံးအား ချက်ခြင်းရုတ်သိမ်းလိုက်ကာ ဥက္ကဌ တစ်ယောက်ရှိသင့်သည် အေးစက်စက် ခပ်ချေချေ ရုပ်မျက်နှာဖုံးအား ကောက်တတ်ပစ်လိုက်တော့သည်...
နှစ်ယောက်သား နှုတ်ဆက်စကား ပြောကြပြီး နောက် ကုမ္ပဏီ ထဲသို့ ဝင်ကြလေတော့
သည်...
အပေါ်ထပ်သို့မရောက်ခင် မြင်လိုက်ရသော လူတိုင်းက တအံ့တသြဖြစ်ကာ သူတို့ ဥက္ကဌ ပေါက်အား သူတို့ မိသားစုမှ ကျောင်းသားလေး လေ့လာရေးခရီးမှ ပြန်လာသည့်နယ်
တလက်လက်တောက်ပနေ ကျေနပ်ပီတိဖြာ နေသည့် မျက်ဝန်း များဖြင့် ဝိုင်းကြည့်ကြတော့သည်...စုန့်ယွင်ရန် သောက်လေ့ရှိသော လတ်လတ်
ဆတ်ဆတ် Latte တစ်ခွက်ကလည်း သူ့စားပွဲပေါ်တွင် အသင့်ဖြစ်နေလေသည်...ထို Latte ထဲတွင် ပါဝင်သော နို့နှင့် ကော်ဖီ အချိုးအစားကလည်း သူ့အကြိုက်နှင့် ကွက်တိ ဖြစ်နေလေသည်...
စုန့်ယွင်ရန်သည် ကော်ဖီအား တစ်ငုံ သောက်ကာ သဘောကျ ကျေနပ်သွားလေသည်...
ထို့နောက် " မနေ့က ကျွန်တော် ပို့ထားတဲ့ E-mail တွေ့ပြီးပြီလား...?"စုန့်ယွင်ရန် သည် အိမ်တွေ အနားယူနေသော် လည်း ကုမ္ပဏီိ ကိစ္စများအား မလစ်ဟင်း စေရ...ပို၍ပင် ကြိုးစားကာ အိမ်မှာပင် အလုပ်
လုပ်လေသည်...ကျုံး ရှောင်ဖန်း ပို့ပေးသော ဝတ္ထု ဇာတ်ညွှန်း များအား သူငယ်ငယ်က နေ့မအား ညမအား ဖတ်ခဲ့ရသည့် ကာတွန်း စာအုပ်များကဲ့သို့ နေ့မအိပ် ညမအိပ် ဖတ်ကာ အလုပ်လုပ်ခဲ့လေသည်...
ချင်ကဲ၏ သူငယ်ချင်းသည် သူအကြိုက်ဆုံး ရွှေဆုရ ဇာတ်ညွှန်းရေးဆရာ ဖြစ်ကြောင်း သေချာ သွားသောအခါ လက်ထောက်တန်ထံ ထိုဇာတ်လမ်း များအား ပေးပို့ကာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် ရေးဆွဲ ခိုင်းလိုက်တော့၏...
( T/N ... အော် ဝတ္ထု ဖတ်တာတဲ့လား 🤭🤭)လက်ထောက်တန်သည် ထို ညွှန်ကြားချက်
ရလိုက်ချိန်တွင် အလန့်တကြား ဖြစ်သွားခဲ့
သည်...
ထို့ကြောင့် ထိုကိစ္စအား စုန့်ယွင်ရန် အစဖော် လိုက်သည်နှင့် သူ၏ ချီတုံချတုံ စိတ်အား ဖော် ထုတ်ကာ မေးလိုက်တော့သည်...
"မစ္စတာစုန့် ဗျ...တက်သစ်စတစ်ယောက် ရေး တဲ့ဇာတ်ညွှန်းကို ဇာတ်ကား ရိုက်ဖို့
တကယ်သုံးချင်တာလားဟင်...?"

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...