CH - 77

2.8K 462 19
                                    



ချင်ကဲ အခန်းထဲ ပြန်မလာခင် အချိန်အတွင်း စုန့်ယွင်ရန်သည် အကြိမ်အကြိမ် အခါခါ လက်တွေ့လေ့ကျင့်ကြည့်၏...

များမကြာမီပင် လည်စည်းပုဝါဖြင့် ခန္ဓာကိုယ်အား ချည်နှောင်ခြင်းက ထင်ထားသလောက် မလွယ်ကြောင်း သိရှိသွားလေ၏.... ရင်နှီးကျွမ်းဝင်ထား သည့် မည်သို့သော နည်းလမ်းအား သုံးကာ ချည်ကြည့်စေကာမူ လက်ဆောင် ပုံစံဖြင့် အလှမ်းဝေးဆဲ ဝေးမြဲပင်...

စုန့်ယွင်ရန်မှာ အကြံပြုချက်ပေးထားသည့် အင်တာနက် သုံးစွဲသူ၏ နည်းလမ်း အပေါ် သူ၏ သုံးသပ်ချက်မှာ အမှားများရှိနေလေမလားဟု သံသယ ဝင်လာ တော့၏...

ထို့နောက် အင်တာနက်ထက် တွင် လက်ဆောင်၊ ခန္ဓာကိုယ် ၊ချည်နှောင်ခြင်း ဟူသော Keyword များသုံးကာ ထပ်မံရှာဖွေမှု့ ပြုပြန်သည်... Keywords နှင့် ဆက်စပ်သည့် Post များ ရှာဖွေတွေ့ခဲ့လေပြီ....သို့သော် အနှီ Post များအား နှိပ်၍ကြည့်လိုက်ချိန်တွင် ကံမကောင်းစွာပင် ဓါတ်ပုံများသည်ကား Block ခံထားရပြန်၏...

Post အောက်မှ Comment များတွင်လည်း ငိုကြွေးမြည်တမ်းသည့် စာသား များ နှင့် ပြည့်နှက်နေပြန်၏... စာအားလုံးသည်ကား အရောက်နောက်ကျ၍ ပစ္စည်းကောင်းများနှင့် လွဲချော်ရပြီ ဟူ၍....

သင်ယူလေ့လာရန် စိတ်အားထက်သန်နေသည့် စုန့်ယွင်ရန်တွင်လည်း ထိုလူများနှင့် တူညီသည့် အတွေးမျိုး ရှိနေ၏...

(ရှုပ်ပါတယ်ကွာ ) ဟု တွေးရင်း နောက်နေ့ည မှ ကြည့်လုပ်တော့မည် ဟု စဉ်းစားကာ ဖုန်းအားခပ်ဝေးဝေးသို့ ချလိုက်တော့သည်...

ဆုံးဖြတ်ချက် ချပြီးပြီ ဖြစ်သဖြင့် စိတ်သက်သာသွားလေပြီ...

နောက်တစ်နေ့တွင် စုန့်ယွင်ရန်သည် အပြင်သို့ တစ်ယောက်တည်း ထွက်သွား သည်...အနီးအနားရှိ ATM ဆီမှ ငွေသား ထုတ်၍ စတိုးဆိုင်မှ ဝယ်ယူလာသည့် စာအိတ်နီထဲသို့ ငွေများထည့်လိုက်တော့သည်...

အိမ်သို့ ရှောင်စုန့်ပြန်ရောက်ချိန်တွင် ချင်နန်ရုန်သည် ချင်ကဲအား ဗီဒီယို ရိုက် ပေးနေသည်...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now