နောက်တနေ့…
ဟတ်ချိုး … ဟတ်ချိုး… ဟတ်ချိုး…
စုန့်ယွင်ရန်သည် အိပ်ယာနိုးချိန်မှ စ၍ တချီတည်း ချီနေတော့သည်။ဒါရိုင်ဘာလာခေါ်ချိန်ထိ ချီနေသည်မှာ မပျောက်။
ဟတ်ချိုး…
"ဥက္ကဌလေး အအေးမိနေတာလားဗျ…"စုန့်ယွင်ရန်သည် ခေါင်းခါပြလိုက်ပြီး :
" ချူ ရှောင်ချမ်း ဖန်တွေက နောက်ကွယ်မှာ ဆဲဆို နေကြလို့  ဖြစ်မယ်…"ဒရိုင်ဘာသည် အနုပညာလောကနှင့် အလှမ်းကွာသူ ဖြစ်သဖြင့် ချူ ရှောင်ချမ်းသည် မည်သူဖြစ်
ကြောင်း သူ မသိ။စုန့်ယွင်ရန် ဆေးသောက်ရန် မလိုအပ်ကြောင်း
သေချာသည်နှင့် ပုံမှန်အတိုင်း ကုမ္ပဏီ သို့သာ ဦးတည် မောင်း လိုက်တော့သည်။ရာသီဥတုမှာ အလွန်သာယာသော်လည်း ယာဉ်
ကြောပိတ်ဆို့မှုက ရှိနေပြန်၏။ကားနောက်မှီကို ပျင်းတိပျင်းရွဲ ဖြင့် မှီလိုက်ပြီး နေ
ရောင်နွေးနွေးကြောင့် အိပ်ငိုက်လာတော့သည်။အိပ်ပျော်လုပျော်ခင် အချိန်တွင် ဟယ်ကျီယူ ဆီမှ
ဖုန်းခေါ်ခံလိုက်ရ၏။ဟယ်ကျီယူသည် စိတ်လှုပ်ရှားနေသော အသံဖြင့်
"ယွင်ရန် … ငါ့ကောင်… တော်လိုက်တဲ့သားကြီ…
ရိုက်ချက်မိတယ်ဟေ့… ။"
"ဝဋ် ဆိုတာ သံသရာ မဆိုင်းဘူး ” ဆို
တာ တယ်မှန် သကိုးကွ။အခုတော့ ချူ ရှောင်ချမ်း တစ်ကောင် ဝဋ်လည်နေပြီ…။ဆဲခံ ပြောခံ ရတာများကွာ…စိတ်ဓါတ် ကျပြီးတောင်သေနိုင်လောက် တယ်ကွ…။"စုန့်ယွင်ရန် မရှင်းမလင်းဖြစ်သွားပြီး : " ဘာဖြစ်လို့ တုန်းဟ…?။"
" တော်စမ်းပါ သားကြီးရာ…။အချင်ယောင် ဆောင် မနေစမ်းပါနဲ့ကွာ…။"
ကျီယူသည် ပေါက်ပေါက်ဖောက်ကာ ဆက်
လက်ထောက်ခံ ပြောဆိုပြန်သည်။
"ဒါနဲ့ မင်းတကယ်လွန်တယ်ကွာ…။ ငါ့ကို မင်း
သူငယ်ချင်း လို့ရော သတ်မှတ်သေးရဲ့လား…။""ချူ ရှောင်ချမ်းက စန်း အိမ်က သမီးနဲ့ လက်ထက်
ထားတာ ငါ့တောင်မပြောဘူး…။ ဒီလို ပွဲကြီး ပွဲ
ကောင်း ဖြစ်မဲ့သတင်းမျိုး ကြပြောမပြဘဲ စန်းရီရိနဲ့ ပေါင်းပြီး ပွဲကြီးကြီး ကြိတ်လုပ်သွားတယ် …။ "
"ငါနဲ့ မင်းနဲ့တော့ တစ်ချိန်ချိန်တော့ တွေ့ဦးမယ် …ဟင်း ဟင်း။"
ဟု ကြိမ်းမောင်း ပြောဆိုကာ ဖုန်းချ သွားတော့
သည်။

أنت تقرأ
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
عاطفيةပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...