CH - 91

2.4K 341 6
                                    


ဒေါသအရမ်းထွက်လာမှပဲ ဥက္ကဌတစ်ယောက်လို ဖိနှိပ်ချုပ်ခြယ်လိုတဲ့ပုံ မျိုး နည်းနည်းပေါက်လာရတယ်လို့...

တနင်္လာနေ့ သို့ ရောက်လာပြီဖြစ်ရာ စိတ်ရှုပ်စရာကောင်းသော အလုပ်များ သည့် နေ့ရက်များ ပြန်လည်စတင်လာလေပြီ..

ရုံးဝန်ထမ်းများသာမက ကျောင်းသားလူငယ်များပါ လေးလံနေသည့် နှလုံးသား များဖြင့် ဆိုင်ရာနေရာများသို့ သွားရပြီး နေ့သစ်တစ်ခု စတင် ရလေ ၏..

အများပြည်သူသုံး မြေအောက်ရထားများပေါ်တွင် ဖုန်းများအားထုတ်ကာ ဖိုရမ်နှင့် Weibo များအားကြည့်နေကြသော်ငြား ပျင်းရိငြီးငွေ့မှု့ကိုသာ ခံစား နေရလေ၏...

မကြာသေးမီကာလများတွင် အနုပညာလောကတစ်ခုလုံး အေးချမ်းနေသည် ဖြစ်ရာ ဖရဲသီးစားချင်နေကြသည့် အင်တာနက်သုံးစွဲသူများမှာ ဖရဲသီး ပြတ်လတ် ခြင်းနှင့် ကြုံတွေ့နေရလေသည်...

ပျင်းစရာကောင်းလိုက်တာ... စိတ်ပျော်စေမယ့်ဟာလေး တစ်ခုခုလောက် လုပ်ပေးမယ့်သူ ဘယ်သူမှ မရှိတော့ဘူးလားမသိ...

လူတိုင်း၏ ဆန္ဒအား ကြားသွားသလိုပင် နေ့လည်ခင်းအချိန်၌ Weibo မှ အသိအမှတ်ပြု တံဆိပ် ဖြစ်သည့် V အမှတ်အသားအား ပိုင်ဆိုင်ထားသည့် အင်တာတိန်းမန့်တစ်ခု၏ Private Message တစ်ခုအကြောင်း Weibo ထက် ပျံ့နှံ့လာလေတော့သည်...

{ နာမည်ကြီး အေးဂျင့်တစ်ယောက်ရဲ့ အရင်းအမြစ်တွေကို ရယူတဲ့ နည်းလမ်း က အရမ်းကြီး ညစ်ညစ်ပတ်ပတ်နိုင်တယ်တဲ့ဟေ့ ... သူ့ အနုပညာရှင်တွေ အခွင့်ကောင်းရယူနိုင်ဖို့ ပြိုင်ဘက်တွေကို အရှက်ခွဲတာမျိုးလုပ်ရုံတင်မကဘူး ကုမ္ပဏီကြီးတွေနဲ့ ရင်းနှီးတယ်ဆိုတဲ့ ဟာကိုအခွင့်ကောင်းယူပြီး Brand တွေ အပေါ်ကိုလည်း ဖိအားတွေလည်း ပေးတတ်သေးတာတဲ့ }

{အဲ့လို လူမျိုးက သူ့ အနုပညာရှင်တွေ အပေါ်ကိုရော ကောင်းမယ်လို့ မင်း ထင်လား..? မကောင်းရေးချ မကောင်းပါတဲ့ဗျာ... သူ့လက်ထဲက အနုပညာရှင်တွေမှာ လွတ်လပ်မှု့တောင် မရှိဘူးတဲ့... ဘာစကားပြောရမယ် .ဘာလုပ်ရမယ်ဆိုတာတွေကို သူ့ ညွှန်ကြားချက်အတိုင်း တသွေမတိမ်း လိုက်လုပ်ရတာတဲ့... တစ်သွေးတစ်သံတစ်မိန့် အုပ်ချုပ်တဲ့ နည်းလမ်းကြီးနဲ့ လည်ပတ်နေတာလို့ ပြောရမယ့် သဘော ...}

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now