သားအဖမည်သည့် ဆက်ဆံရေး တည်ဆောက်ထားသည်မှာ နေ့တစ်ပိုင်းစာ ပင် မရှိသေး... တည်ဆောက်ထားသည့် ဆက်ဆံရေးအား ပြိုကွဲစေနိုင်သည့် ပြဿနာကြီးတစ်ခု ဝင်လာခဲ့လေပြီ....
ဆက်ဆံရေးအား ဖျက်သိမ်းရန် စုန့်ယွင်ရန် တုန့်ဆိုင်းပင်မနေတော့...
အာဏာရှင်တစ်ယောက်ဖြစ်လာရေး အတွက် သင်ကြားထားရန်လိုအပ်သည့် သင်ခန်းစာများအား ကျေညက်သူတိုင်း ယခုအခြေအနေနှင့် လိုက်လျော ညီထွေရှိသည့် အာဏာပြမှု့အား ထုတ်ပြကြပေလိမ့်မည်..
ယနေ့တွင် ချင်ကဲတစ်ယောက် စစ်မှန်သော အာဏာရှင်ကြီး၏ ဩဇာအာဏာ နှင့် ကြုံတွေ့ရပေတော့မည်....
"မင်း ငါ့ကို Daddy လို့ ရင်ထဲအသည်းထဲက လှိုက်လှိုက်လှဲလှဲခေါ်ချင်တာ မဟုတ်မှန်း ငါသိသားပဲ...ဟမ့်..."
စုန့်ယွင်ရန် ခြိမ်းခြောက်နိုင်စွမ်းရှိသည့် ကိစ္စရပ်များအား ကိုင်ဆွဲကာ ငြင်းခုန်စကားဆိုလာ၏..
"မင်းကို ဂလက်ဆီရဲ့ မင်းသားလေး ရာထူးကနေ ငါ ဖြုတ်ပစ်တော့မှာ..."
"..."
ဂလက်ဆီ၏ မင်းသား ဆိုသည့် ဂုဏ်ထူးအား သူ ဘယ်အချိန်က ရခဲ့မှန်းပင် ချင်ကဲ မသိ... အနှီ မင်းသားဆိုသည့် ဂုဏ်ပုဒ်မှာ ရှောင်စုန့်လေးအား Nitizen ပေးထားသည့် နင်ဒုန်း၏မင်းသားလေးဟူသော အမည်မှ သက်ဆင်းလာခြင်း ဖြစ်လေမလားဟု ချင်ကဲ ထင်မြင်မိတော့သည်...
သူကိုယ်တိုင်သည်လည်း ဂလက်ဆီ၏ မင်းသားလေးခေါင်းစဉ်အား မပိုင်ချင်..
သူပိုင်ဆိုင်ချင်သည့် တစ်ခုတည်းသော အရာမှာ......
"နေ့လည်တုန်းက ဥက္ကဌလေးပြောတော့ သားအဖ ဆက်ဆံရေးကို ဖျက်တဲ့ လူက ခွေးလေးပါဆို..."
ချင်ကဲသည်ကား တည်ကြည်လေးနက်သည့်လေသံဖြင့် ချက်ချလက်ကျ ထောက်ပြပြောဆိုတော့၏...
"ကဲ ရှောင်စုန့်လေးရေ.. ဘာဆက်လုပ်မယ် စိတ်ကူးလဲဗျာ..?"
စုန့်ယွင်ရန် ခမျာ စိတ်ပျက်လက်ပျက် ဖြစ်သွားရှာ၏...
ချက်ချင်းဆိုသလို သူမခေါ်ခိုင်းသည် အမည်မှာ "Daddy" မဟုတ်.. 'ရှောင်စုန့်' သာ ဖြစ်သည်ဟု စကားပြင်တော့၏...လက်ရှိအခြေအနေအရ သူ၏ ခန့်မှန်းချက်မှာ မမှား...ချင်ကဲအား တင်းကျပ်သည့် နည်းလမ်းနှင့် ပညာပေး ခြင်းပြုလုပ်ရန် လိုအပ်နေသည်....

YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...