CH - 69

3K 496 29
                                    


"ဘာ--!"

ကြောက်လန့်တကြား အော်ဟစ်သံက တိတ်ဆိတ်နေသည့် အိမ်တစ်ဝန်းလုံး ပျံ့နှံ့သွားလေပြီ...

မီးအိမ်ငယ်အား နေရာချနေသည့် ချင်ကဲသည် ခေါင်းလှည့်ကာ ပိတ်ထားသည့် ရေချိုးတံခါးအား ကြည့်လိုက်၏...ထို့နောက် တုန့်ဆိုင်းမှု့ မရှိဘဲ ရေချိုးခန်းဆီ လျှောက်သွားကာ တံခါးခေါက်လေတော့သည်...

"မစ္စတာစုန့်...?"

ရေချိုးခန်းထဲမှ လှုပ်ရှားသံအားလုံး ရုတ်တရက်ကြီးရပ်တန့်သွားသည်...

ချင်ကဲသည် တံခါးအား ထပ်ခေါက်လိုက်ရင်း " ဘာဖြစ်တာလဲ...?"

အဖြေပြန်မရသေး...

မျက်မှောင်ကြုတ်ကာ အခန်းတံခါး၏ သော့ဘုလေးအား ဆုပ်ကိုင်ရင်း "စုန့်ယွင်ရင် ...မင်းဘာမျှပြန်မဖြေရင်.. ကိုယ်တံခါးဖျက်ပြီး ဝင်လာတော့ မှာနော်..."

"No, no!"

စုန့်ယွင်ရန် ထစ်ထစ်ငါ့ငေါ့ ပြန်ဖြေလာသည်.. " မင်း..မင်း..မင်း အထဲဝင်မလာခဲ့နဲ့...အား...အားလုံးအဆင်ပြေတယ်...!"

ပြဿနာကြီးကြီးမားမား ရှိဟန်မတူ...

ချင်ကဲ၏ တွန့်ခေါက်နေသော မျက်မှောင်ကြီး ပြေလျော့သွားလေပြီ...

"ဟုတ်ပြီလေ... အဆင်ပြေတယ်ဆိုရင် ပြီးတာပါပဲ.."

ရှောင်စုန့်လေးမှာတော့ အဆင်မပြေရှာပေ...

နံရံလေးအား ဝမ်းနည်းနေသည့် မျက်နှာငယ်လေးနှင့် မှီကာ နေရှာ၏... မူကြိုကျောင်းသားလေးသာဖြစ်မည်ဆိုပါက မဖတ်တတ်မည့် ဖုန်းမျက်နှာပြင် ထက်မှ စာလုံးလေးများအားစိုက်ကြည့်ရင်း ကိုးနှစ်ကြာ တက်ခဲ့ရသည့် မသင်မနေရ ပညာရေးစနစ်မှ လွတ်မြောက်လိုသည့် စိတ်များ တဖွားဖွား ပေါ်လာရှာတော့သည်....

ချင်ကဲကို ငါ သဘောကျနေပြီလို့ ဟယ်ကျီယူက ပြောနေတယ်....

စုန့်ယွင်ရန်သည် ကျီယူ စာအား ပြန်လည်ချေပနိုင်သည့်စာ ပို့ချင်သော်လည်း ပေးပို့ရန် ရိုက်ထားသည့် စာများအား ရိုက်လိုက်ဖျက်လိုက်လုပ်ရန်သာ တတ်နိုင် ရှာ လေသည်...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now