4.2

6K 933 41
                                    

၎-၂
ရိုက်ကွင်း စတင်လေပြီ
ရိုက်ကွင်းစသည်နှင့် တပြိုင်နက် စုန့်ယွင်ရန် ထိုင်ပုံမှာ မသိလိုက်မသိဘာသာနှင့် သတိအနေအထား ဖြစ်သွားတော့သည် သူ၏မျက်လုံးတစ်စုံအား ရိုက်ကူးနေသည့် screen ပေါ်တွင် အသေတပ်ထားလေတော့သည် တစ်ခါတစ်ရံတွင်မူ ရိုက်ကွင်းအလယ်တွင် သရုပ်ဆောင်နေသည့် ချင်ကဲ ပေါ်သို့ ရောက်ရောက် သွားတတ်သည်

ရိုက်ကူးနေသော ဇာတ်ကွက်မှာ အယောင်ဆောင် သတို့သမီးသေဆုံးသွားပြီးနောက် ဇာတ်လိုက်မင်းသားက စေ့စပ်ထားသော ကောင်မလေး၏ မိဘနှစ်ပါးမှ သမက်ဖြစ်သူထံပေးသည့် အနီရောင် စာအိတ်ကြီး လက်ခံရရှိသည့် အခန်းဖြစ်လေသည်
 
ရေချိုးခန်းအတွင်းတွင် ပုန်း၍ စာအိတ်နီကြီးထဲမှ ငွေများအား ရေတွက်နေရင်း ဇာတ်လိုက်၏ မျက်လုံးများ ပို၍ပို၍ အရောင်တောက်လာတော့သည် ထိုဇာတ်ကွက်တွင် ပြောရန် ဇာတ်ညွှန်းစာသားများ မပါသော်ငြား ဇာတ်လမ်းကြည့်နေသောသူအားလုံး မှာ ထိုအမျိုးကောင်းသားလေး၏ လျှို့ဝှက်ထားသော ပျော်ရွှင်မှု့နှင့် လူမသိအောင် လှုပ်ရှားရုန်းကန်နေမှု့အား ခံစားရလေသည်

တရားမျှတစွာ ဖြင့် အမှန်အတိုင်း ပြောရမည် ဆိုလျှင် သူ သရုပ်ဆောင်ရသော ဇာတ်ရုပ်မှာ သူ၏ အကျင့်စရိုက်နှင့် လုံးလုံးကွဲပြားနေသေည်ငြား သရုပ်ဆောင်နေသည်ဟု မထင်ရအောင်ပင် တသားတည်း ဇာတ်ကောင်စရိုက်နှင့် တသားတည်းကျနေတော့သည် ရုပ်ရှင်ရုံနှိုက်တစ်ကြိမ် ကြည့်ဖူးသူ စုန့်ယွင်ရန်သည် ဤအခန်းမှာ ဇာတ်ကားတွင် မပါသည်ကို မှတ်မိသွားသော်လည်း သူ့သရုပ်ဆောင်မှု့ထဲ မျောသွားသည်ကို တားမရပေ
  
စုန့်ယွင်ရန်သည် ဒါရိုက်တာဖြစ်သူအား နားမလည်နိုင်ဟန် မေးခွန်းထုတ်ချင်ဟန်ဖြင့် ကြည့်လိုက်လေတော့သည်
Hello ဒါရိုက်တာကြီး သူသရုပ်ဆောင်တာ မြင်လိုက်တယ်မလား ဘာလို့ ဇာတ်လမ်းထဲ ဒီအခန်း မထည့်ပေးဘဲ ဖြတ်လိုက်တာလဲလို့ ဒီလိုသရုပ်ဆောင်မှုမျိုး က ပရိတ်သတ်တွေ ကြည့်ဖို့ မတန်ဘူးလို့များ ထင်လိုက်တာလားဟင် မတရားလိုက်တာဗျာ
  
ဇာတ်လမ်းအား စိတ်နှစ်ရိုက်ကူးနေသူ ဒါရိုက်တာခမျာ သူ့ဘေးရှိ အပြစ်တင်နေဟန်ရှိသော မျက်လုံးအား သတိမထားမိရှာပေ
သူ့မေ့စေ့အား ပွတ်၍ ချင်ကဲ၏ ထူးချွန်လှသော သရုပ်ဆောင်ချက်အား တစိမ့်စိမ့် ခံစားကြည့်နေလေသည်

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now