Oh နိုး... နင်ဒုန်းရဲ့ မင်းသားလေးတင်ဘယ်ကလိမ့်မလဲ ... ငါတို့ ဥက္ကဌ စုန့် ဆိုလည်း ဟုတ်တာဘဲ .။
နင်ဒုန်းဂရု ပိုင်မထားသေးတဲ့ နေရာရောရှိသေးရဲ့လား ..?။
ကျုံးရှောင်ဖန်းက ရုတ်တရက် ရိုက်ကူးရေးတွင် private jet လိုကြောင်း ဆိုလာလေ၏..
စုန့်ယွင်ရန်မှာ သာသာယာယာ ပြန်ပြောလာလေသည်...
"Bombardier jet ယူမှာလား ဒါမှမဟုတ် Gulfstream ထုတ်ပေးရမလား ...?"
အစည်းအဝေးပွဲသည်ကား စုန့်ယွင်ရန်၏ အံ့အားသင့်ဖွယ် ချမ်းသာမှု့ ကြီးအောက်တွင် အောင်အောင် မြင်မြင်ပြီးစီးသွားလေတော့သည်...
အဟမ်း...နည်းနည်းတော့ ချဉ်တင်တင် ခံစားလိုက်ရတာပေါ့....
(T/N - မနာလိုလိုက်ရတာပေါ့)
အစည်းအဝေးကြီး ချောချောမွေ့မွေ့နှင့် အောင်မြင်သွားမှု့ ကြောင့် ကျုံးရှောဖန်းမှာ ငရဲကဲ့သို့ ဇာတ်ညွှန်း ပြန်ပြင်ရေးသားရသည့်ကပ်ဘေးမှ လွတ်မြောက်သွားလေသည်...
စုန့်ယွင်ရန်ဆီသို့ အမြန်လာကာ " မစ္စတာစုန့်ရယ် အရမ်း ကျေးဇူးတင်တာဘဲဗျာ" ဟု ဆိုလာလေတော့သည်.။
ကျုံးရှောင်ဖန်းသည်ကား အလွန်ပင် ခံစားသွားရလေသည်..သူ ကဲ့သို့ မျက်နှာသစ် တစ်ဦး၏ ပွဲဦး ထွက် ဇာတ်ညွှန်းသည်ကား ဂလက်ဆီ၏ ကြီးမားသော ကျောထောက်နောက်ခံ ပြုမှု့ နှင့် များပြား သော ထောက်ပံ့မှု့ အား ရလေခဲ့ပြီ..။
စုန့်ယွင်ရန် သည် ခေါင်းငြိမ့်ပြလိုက်ပြီး ... " ရပါတယ်ဗျာ...နောက်ထပ် ကျန်နေသေးတဲ့ ဇာတ်ညွှန်း နောက်တစ်ခု သာ မြန်မြန် ပြင်ပေးပါဗျ.. နောက်တစ်ကားရိုက်ဖို့ စောင့်နေကြပြီဗျ...။"
"..."
(T/N - သနားလိုက်တာ အမောင်ကျုံးလေးရယ် ငရဲတွင်းက လွတ်လာလို့ ပျော်တုန်းရှိသေး နောက်တစ်တွင်း ထပ်တူးပေးတဲ့လူနဲ့ ကြုံရရှာတယ် )
ကျုံးရှောင်ဖန်း၏ ကျေးဇူးတင်စိတ်များ ခံစားချက်များသည်ကား လေနှင့်အတူ လွင့်ပါသွားလေပြှီ.. မျက်နှာတွင်လည်း အပြုံးမရှိတော့...ခံစားချက်မဲ့သည့် မျက်နှာသေ ပြန်ဖြစ်သွားရှာတော့၏...။

KAMU SEDANG MEMBACA
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romansaပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...