CH - 59

3.3K 484 5
                                    

After Rebirth, I Decided To Inherit the Family Property Chapter 59:

"ပြောသားပဲ... ဒီပန်းကန်လုံး ထဲက အာလူးကြော်တွေက တကယ်စားလို့ကောင်း တာပါ ဆို..."

စုန့်ယွင်ရန်သည် သူ၏ စိတ်အာရုံအလုံးစုံအား အာလူးကြော်ထဲတွင် နှစ်မြှုပ်ပြီး စွဲစွဲလမ်းလမ်း ဆက်စားတော့သည်..

လမ်းဘေးတွင် ထိုင်ကာ အစားစားနေစဉ်အတွင်း မနော်နမဲ့ ကပျက်ကချော် ကိစ္စမျိုးနှင့် မကြုံရသည့် အကြောင်းမှာ သူ ငယ်စဉ်က သင်ယူခဲ့သည့် ပညာများ ကျေးဇူးကြောင့်ပင်...မျက်နှာပေါ်တွင်လည်း ဆော့ တစ်စ မပေ... ဆီတစ်စက်မှ မကွက်ခဲ့ပေ... Michelin စားသောက်ဆိုင်တွင် ထိုင်ပြီး အရသာရှိသော အစားအစာများ ပျော်ရွှင်စွာ စားသောက်နေသည့်နှယ် ကြော့ကြော့ မော့မော့ နှင့် သပ်ရပ်လှပနေသည် ... စကားတစ်ခွန်းပြောရန်ပင် အချိန်မရှိအောင် သပ်ရပ်စွာ စားနေသည်မှာ အလွန်လိမ္မာသည့် ညီငယ်လေး တစ်ယောက်ကဲ့သို့ပင်...

ကင်မရာမန်းသည် ထို မြင်ကွင်းအား Zoom ချဲ့လိုက်ပြီး အနီးကပ်ရိုက်ချက် ယူရန် ပြင်ဆင်လိုက်၏..

လှလိုက်တဲ့ ပန်းချီကားလို မြင်ကွင်းလေးပါလား... မစ္စတာစုန့် ဆံပင်က အလင်းပြန်လာတဲ့ အရောင်လေးတွေကတောင် နွေးထွေးတဲ့ အလင်းတန်း လေး ဖြာကျနေသလိုပါလားနော်...ဟု တွေးလိုက်သည်...

ထိုအခိုက်အတန့်မှာပင် မမျှော်လင့်ပဲ

စုန့်ယွင်ရန် မော့ကြည့်လာပြီး ; " ဘုရားရေ...!"

သူ့ အရှေ့ရှိ ရှောက်ချမ်းနှင့် ဝမ်ယုကျယ်အား လက်ညှိုးထိုးပြလိုက်ပြီး အလွန် အလန့်တကြားဖြစ်သွားဟန်ဖြင့် " သူတို့က ဘာလို့ လက်တွေတွဲ ထားကြတာ တုန်း.."

"..."

ပါးစပ်လေးမှာ အံ့ဩမှု့ကြောင့် အကျယ်ကြီးဟသွားလေရာ လှပသော ပန်းချီကားလေးမှာ နှမြောစရာကောင်းလောက်အောင် ပျက်စီးသွားလေပြီ...

"မသိဘူးလေ.." ချင်ကဲသည့် သူ့အမေးအား တည်ငြိမ်စွာ ပြန်ဖြေလိုက်၏...

" ကကွက်တွေထဲ ပါလို့နေမှာပေါ့.."

စုန့်ယွင်ရန်ခမျာ နေရာတွင်ပင် အံဩတွေဝေသွားသည်... ဤမြင်ကွင်းသည်ကား သူ့ အသိဉာဏ် ဗဟုသုတ ထက်ကျော်လွန်နေလေပြီ... သူ နက်နက်ရှိုင်းရှိုင်း နားလည်သည် အထိ ဆက်လက်သင်ယူရန် မသင့်တော် တော့ပေ...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now