ဒေါသ
ထွက်ထွက်ဖြင့် စိတ်မထိန်းနိုင်ဘဲ အော်လိုက်မိ၍ သူ့ဘေးမှ ဖြတ်သန်းသွားသော ဝန်ထမ်းများ၏ အံ့ဩတကြီး အကြည့်အား ရလိုက်လေတော့သည်။စုန့်ယွင်ရန်မှာ ယဉ်ကျေးသော နိုင်ငံကြီးသား ဖြစ်သည့်အလျောက် လူထူထူတွင် အသံကျယ်ကျယ် ပြောခြင်းမျိုး လုပ်လေ့လုပ်ထမရှိပေ။ သူ၏ မျက်နှာ အား ခပ်တည်တည်ပုံ ဖြစ်အောင် ပြန်ပြင်၍ ဝိုင်းကြည့်နေသူများအား ချန်ခဲ့ကာ ထွက်သွားလေတော့သည်။ထို့နောက် သော့ခတ်မထားသည် အခန်းအား တွေ့လိုက်သဖြင့် တွန်းဖွင့်ကာ ထိုအခန်းထဲသို့ ဝင်သွားလေတော့သည်။
အခန်းထဲတွင် လိုက်ကာစများအားချထားလေသည်။တံခါးအား ပြန်ပိတ်လိုက်သည်နှင့် တပြိုင်နက် အခန်းထဲမှာ အမှောင်ကျ သွားလေတော့သည်။
စုန့်ယွင်ရန် မှာ မသိစိတ်ထဲ၌ ထိတ်ခနဲ့ ဖြစ်သွားလေသည်။ ထိုအကြောင်းအား ဆက်၍ မစဉ်းစားနိုင်မှီ ဖုန်း တဖက်မှ အသံက သူ့အားဆွဲဆောင်သွားလေသည်။
စုန့်ကျီဒုန်က စုန့်ယွင်ရန် ၏ သစ္စာဖောက်ဟု လက်ထောက်တန်အား စွပ်စွဲသောစကားအား " ဘာတွေလာပြီး အတွန့်တက်နေတာလဲ။လက်ထောက်တန်က ငါလစာပေးပြီး မင်းကို ကူဖို့လွှတ် ပေးထားတဲ့ ငါ့လူ။သူ့ခေါင်းဆောင်ဖြစ်တဲ့ ငါ့ကို သူအစီရင်ခံတာ ဖြစ်သင့်တဲ့ကိစ္စ" ဟု ဆိုကာ ချေပလေတော့သည်။
စုန့်ယွင်ရန်မှာ ခြေထောက် ဦးတည်ထားရာနေရာအား မသိလိုက်မသိဘာသာဖြင့် လျှောက်သွားမိကာ အမှောင်ထဲသို့ တစတစနှင့် တိုးဝင်မိသွားတော့သည်။
"ကျွန်တော့အသက် ဘယ်လောက်တောင်ဖြစ်နေပြီလဲ ဗျာ။ ကျွန်တော့ဘေး ကလေးထိန်းတယောက် မထားပါနဲ့တော့ လို့။Galaxy အတွက် စိတ်မပူနဲ့။ဘာပြဿနာမှ မဖြစ်စေရဘူးလို့ အာမခံတယ်။"
"ဘာပြဿနာမှ မဖြစ်ဖူး ဟုတ်လား?။ငါ ရင်းနှီးမြှုပ်နှံမှု ဌာနရဲ့ တင်ပြထားတဲ့ အစီအစဉ်တွေကို သေသေ ချာချာ ဖတ်ပြီးသွားပြီ။ရင်းနှီးငွေ ထည့်ရမှာ များတဲ့ ကိစ္စက ပြန်ညှိနှိုင်းလို့ရတယ်။ဒါပေမဲ့ အခုမင်း ရင်းနှီးမြှုပ် နှံမယ်ဆိုတဲ့ ချာတူးလန် အဖွဲ့ရဲ့ ဇာတ်ကားထက်စာရင် အများကြီး ပိုကောင်းတယ်ကွ သား ရ။"

ESTÁS LEYENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...