After Rebirth, I Decided To Inherit the Family Property Chapter 56:နေရာတွင် ရှိနေသည့် ဝန်ထမ်းလေး ခင်မျာ ကားထဲ၌ ထိုအကြောင်းအား စဉ်းစားရင်း အလွန့် အလွန် ထိတ်လန့်တုန်လှုပ်လာလေ၏.. သူတောင် ဤမျှ နှလုံးတုန် ရင်ခုန်အောင် စိုးရိမ်နေရပါက အင်တာနက်ပေါ်တွင်လည်း ဒီအကြောင်း အရာ များအား လွယ်လွယ်ကူကူ ကိုင်တွယ်၍ ရမည်မဟုတ်ပေ….
ရှေ့ လတစ်ဝက်က "Holiday Slow Travel" ပရိုဂရမ်သည် ပါဝင်မည့် အနုပညာရှင် သုံးဦးအား တရားဝင်ထုတ်ဖော်ကြေငြာခဲ့ပြီး ဖြစ်၏.. ထို့အပြင် ထို အနုပညာရှင်များသည် သူတို့၏ သူငယ်ချင်း အသီးသီးအား ခေါ်လာကာ ရိုက်ကူးရေးတွင် ပါဝင်ခိုင်းမည် ဖြစ်ကြောင်းအား ကြေငြာထားသေးသည်.. သို့သော် အချို့သော အကြောင်းပြချက်များကြောင့် အနုပညာရှင်များ ခေါ်လာမည့် သူငယ်ချင်းများ၏ အမည်များအား ထုတ်ဖော်ကြေငြာခြင်း မလုပ်သေးပေ..
ရိုက်ကူးရေး လုပ်မည့် ဒီနေ့တွင်မှ ပရိုဂရမ် အဖွဲ့အနေဖြင့် တစ်နွယ်ငင် တစ်စင်ပါဆိုသလို ပါဝင်မည့် လူအားလုံး၏ အမည်အား ကြေငြာချက် ထုတ်မည်ဖြစ်သည်…
CP ပရိသတ်များအနေဖြင့် မနက်ခင်း မျက်စိနှစ်လုံး ဖွင့်ဖွင့်ခြင်းပင် "Holiday Slow Travel" ၏ official blog သို့သွားကာ ချင်ကဲတစ်ယောက် ဘယ်သူ အား သူ့ သူငယ်ချင်းအဖြစ် ခေါ်လာလိမ့်မည်ကို သွားရောက်ရှာကြလေသည်..{ ဒီ စာရေးတဲ့ မိန်းကလေး ကျွန်မ အသားနဲ့ အသီးအရွက်တင် ၃ နှစ်နှစ် တိတိ စားဆိုစားပါ့မယ်…. ချင်ကဲ နဲ့ သူ့ကို frame တစ်ခုတည်းသာ မြင်ရပါစေ.}
{ စုန့်ယွင်ရန်လေး live interview လုပ်ပြီး လူထုအမြင်ထဲ ပေါ်လာတာ ဘယ်လောက်ကြာပြီလဲဆိုတာ တွေးမိကြတဲ့လူများ ရှိကြလားဟင်..?ဒီ ရိုက်ကူးရေးမှာ သူတို့နှစ်ယောက်ကို တစ်ချိန်တည်း တစ်နေရာတည်း ပေါ်လာတာဖို့ မတွေးတဲ့လူ ဘယ်သူရှိမှာလဲလို့..?}
{ ဒီအကြောင်း တွေးမိလိုက်မှ ငါ့ကိုယ်ငါ ပြန်တွေးမိသွားတယ်… ဒီ ၆လ လောက်လုံး ငါတို့ ဘာအကြောင်းတွေ ပြောပြီး နေခဲ့ကြတာပါလိမ့်နော်..?}
အကယ်၍ ရှောင်စုန့်တစ်ယောက် ထိုအခိုက်၌ CP Group အား ကြည့်မိပါက အထက်တန်း ကျောင်းသူလေး အယောင်ဆောင်ကာ : { ဟုတ်ပါ့တော်.. ဆယ့်တစ်လေး ကျွန်မ လည်း ရှင်တို့တွေ ဘယ်လိုတောင် စိတ်ကူးဉာဏ် ကွန့်မြူးကြတာ ပါလိမ့်လို့ အံ့ဩဘနမ်း ဖြစ်နေတာပါနော်..} ဟု ပြောမိပေလိမ့်မည်..

VOCÊ ESTÁ LENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...