CH - 68

2.9K 472 12
                                    


ရိုက်ကူးရေးအဖွဲ့မှ ပေးပို့လာသည့် စားစရာများ များမကြာမီ ရောက်လာတော့ ၏...

ရှောင်စုန့်လေး ခမျာ စားချင်စိတ်မရှိရှာ... သို့သော် Doctor Z က အာဟာရမလုံလောက်ခြင်းကြောင့် မူးလဲခြင်း ဖြစ်သည်ဟု ကောက်ချက်ချ ထားလေရာ ပေးပို့လာသည့် စားစရာများအား ကြိုးစား၍ ကုန်အောင် စားရမည်ဟု ညွှန်ကြားချက် ပေးထားသည်နှင့် အဓိပ္ပါယ်တူလေ၏...

သူ အသက်ရှုရပ်ကာ မူးလဲရခြင်း၏ အကြောင်းရင်းမှန်အား နတ်ဘုရားများ သာသိသေး၏...

မူးလဲစဉ်အခါက သူ၏ အတွေးစိတ်များအား ချင်ကဲထံ ပေးမသိ ချင်ပေ... ထို့ကြောင့် ဧည့်ခန်းထဲတွင် ထိုင်ကာ စားပွဲထက်တွင် တင်ထားသည့် နံရိုးခေါက်ဆွဲ ပန်းကန်လေးအား ကိုင်ကာ စားသောက်ပွဲ ကျင်းပရလေတော့ သည်...

နံရိုးခေါက်ဆွဲ၏ အရသာမှာ ကောင်းမွန်လှ၏.. သို့သော် သူ့ဘေးတွင် မျက်နှာသေကြီးနှင့် ထိုင်နေသော ချင်ကဲကြောင့် ရှောင်စုန့်လေးခမျာ စိတ်ဖိစီး လာလေတော့သည်...

"မင်းအားနေတယ်ဆိုလည်း အပြင်ထွက်ပြီး နှင်းတွေကို လှည်းနေလိုက်.."

စုန့်ယွင်ရန်သည် အရိုးတစ်စအား ထွေးထုတ်လိုက်ကာ ညီးညူသည့် လေသံနှင့် " နို့မဟုတ်ရင် ဒီဟာတွေ စားချင်နေပေမယ့် ထုတ်ပြောရမှာရှက်လို့ Daddy ကို ပေါက်ထွက်အောင် စိုက်ကြည့်နေတာလို့ ထင်လိုက်တော့မှာ နော်..."

ဖခင်၏ အားဖြည့်စာအား ဖြတ်ခုတ်ချင်နေသည့် သားတော်မောင် ဟု တံဆိပ် ကပ်လိုက်လေပြီ....

ချင်ကဲ၏ မျက်နှာကြောကြီး အနည်းငယ် ပြေလျှော့သွားသော်ငြား မျက်မှောင် ကုတ်လျှက်ပင် " ကိုယ် နေမကောင်းတာကို ကိုယ့်ကိုယ်ကို သတိမထားမိဘူး လား..?"

စုန့်ယွင်ရန် အသံတိတ်သွားရှာ၏...

ခန္ဓာကိုယ်၏ မူမမှန်မှု့တချို့အား သတိထားမိပါသော်လည်း အမှု့မဲ့အမှတ်မဲ့ သာ နေလိုက်မိခဲ့သည်...

ထိုအချိန်က ချင်ကဲ နှုတ်ခါးပါးအား ဘယ်လိုအနမ်းခြွေရမည် ကိုသာ သူ အတွေးပွား နေခဲ့၏...

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now