CH - 93

2.9K 368 7
                                    


သူတို့နှစ်ဦးသည် သူငယ်ချင်း မဖြစ်ခဲ့သော်လည်း နှလုံးသားခြင်း ရင်းနှီးသည့် ချစ်သူများ ဖြစ်ခဲ့ကြလေပြီ...

အပြန်ခရီးတွင် စုန့်ယွင်ရန်သည် ရှားရှားပါးပါးဟု ဆိုရလောက်အောင် အတော်ကြာကြာ အသံတိတ်နေခဲ့၏...

ထိုအတိတ်အကြောင်းအရာများအား စာအုပ်ထဲတွင် ဖော်ပြထားခြင်းမရှိခဲ့.. ချင်ကဲဘက်က ပြောပြလာခြင်းမရှိပါက သူတစ်သက်လုံး မသိဘဲ နေလိုက်ရ မည်သာ... သူတို့နှစ်ဦး တွေ့ခဲ့သည့် အချိန်သည်ကား သူထင်ထားသည်ထက် များစွာ စောနေခဲ့သည်...

ချင်ကဲတစ်ယောက် သူ့အား လှည်ဖျားကာ ခေါ်ဆိုမှု့ပြုခြင်း အမှု့အား အံ့ဩနေ စရာ မလိုတော့ချေ...

မြို့ထဲသို့ ဝင်ရောက်လာသည်နှင့် ကား၏ အရှိန်မှာ သိသိသာသာ နှေးကွေး သွားလေသည်...

သူတို့ ဖြတ်သွားသည့် လမ်းတစ်လျှောက်၏ shopping mall များ၏ screen ကြီးများ ထက်တွင် ချင်ကဲ၏ ကြော်ငြာများအား မကြာခဏ မြင်တွေ့ရလေ၏.

ယခုအချိန်တွင် ချင်ကဲသည် နင်ဒုန်း၏ အကူအညီမပါတော့ဘဲ Brand များစွာ၏ ကမ်းလှမ်းချက်များအား ရရှိနေလေပြီ... အေးဂျင့်ဖြစ်သူ၏ လူသိများ အောင်လှုံ့ဆော်သည့် အစီအစဉ်များပင် မလိုတော့ဘဲ brands များ စွာ၏ အာရုံကြခြင်းအား ရယူနိုင်ခဲ့လေပြီ...

ပုံရိပ်.. ခွန်အားနှင့် နာမည်ကျော်ကြားမှု့..

Brands များ၏ မျက်နှာသာပေးခြင်းခံရစေရန် လိုအပ်သည့် အဓိကအချက် ၃ မျိုးလုံးအား ချင်ကဲ တစ်ယောက် ပိုင်ဆိုင်ထားလေပြီ...

မူလဇာတ်လမ်း၏ အဓိကဇာတ်လိုက်ဖြစ်သည့် ချင်ကဲသည် ဇာတ်လိုက် ရောင်ဝါကြောင့် ပြန်လည်မွေးဖွားခြင်းနှင့် ကြုံရလျှင်ပင် သူသည် အလွယ်တကူ အောင်မြင် ကျော်ကြားနိုင်လိမ့်မည်ဟူသော အတွေးမျိုး ရှောင်စုန့် အမြဲလိုလို တွေးမိ၏...

သို့သော် ယခုအချိန်တွင် သူ၏ အတွေးများသည် လက်တွေ့နှင့် ကြီးမားသော ကွာခြားချက်ရှိနေသည်ဟု သေသေချာချာ သဘောပေါက်သွား၏..

" မင်းကို ရိုက်ကူးရေး ဝန်ထမ်းတွေက လူနုံ လူအ တစ်ယောက်လို ဆက်ဆံ ဖူး လိမ့်မယ်လို့ ငါ တစ်ခါမှ မထင်ခဲ့မိဘူး.."

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်Where stories live. Discover now