CH-44

4.4K 647 8
                                    

"Go to hell.. !"

စုန့်ယွင်ရန် စကားမဆိုနိုင်သေးခင် ချူရှောင်ချမ်းသည် ဂေါက်ရိုက်တံအား မကာ ရှောင်စုန့်အား ရိုက်ချလိုက်လေတော့သည်.။

စုန့်ယွင်ရန်၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အာရုံကြောများ နပ်ဗ်ကြောများအားလုံး ထို အချိန်တွင် မော်တာ တပ်ထားသကဲ့သို့ လှုပ်ရှားသွားလေတော့သည်.။ ခေါင်းငုံချလိုက်ရာ ချူရှောင်ချမ်း၏ ပထမ ရိုက်ချက်အား ရှောင်ရှားနိုင်လိုက်လေသည်.။ လျှပ်စီးများ လက်သွား သကဲ့သို့ပင် ရှောင်စုန့်တစ်ယောက် သူ့ခေါင်းလေး ဖန်များ သကဲ့သို့ အစိတ်စိတ် အမွာမွာ ကွဲသွားလေပြီဟု တွေးထင်မိလိုက်ရင်း ရှေင်စုန့်၏ ဝိုက်လက်သီး သည်ကား ချူရှောင်ချမ်းခါးဆီသို့ ပြေးဝင်သွားကာ ထိုးချလိုက်လေတော့သည်..။

ချူရှောင်ချမ်းသည် ကား ဝိုက်လက်သီး ဒဏ်ခံလိုက်ရသော်လည်း နာကျင်မှုအား ခံစား ရဟန်မတူ..။မျက်လုံး ထဲတွင်သာ သွေးကြောမျှင်များ ပေါ်ကာ နီရဲလာပြီး ဂေါက်တံဖြင့် ရှောင်စုန့်အား ထပ်မံရိုက်လိုက်ပြန်၏.။

ဂေါက်တံသည်ကား ရှောင်စုန့်ကျောပြင်သို့ ဗျောတင်သွားလေ၏...

ဖူးဖူးမှုတ် အလိုလိုက်ခံထားရသည့် ရှောင်စုန့်လေးသည် လှေင်ရီဟန် ဖြင့် တစ်ချက် ရီလိုက်၏..။

ကျောလှည့်ကာ ချုရှောင်ချမ်းအား နောက်ပြန် ကစ် တစ်ချက်ပေးလိုက်လေသည်..။ ချူရှောင်ချန်း ယိုင်ခနဲ့ ဖြစ်သွားသည်ကာ အခွင့်ကောင်းယူကာ ချောင်ပိတ် ခံထားရသည့် နေအထားအား မှ ခုန်ထွက်လိုက်ပြီး ထောင့်တွင် ရှိနေသည့် မီးသတ်ဆေးဘူးအား လက်နက် အဖြစ်သုံးကာ ချူရှောင်ချမ်းထံ ပစ်လိုက်လေတော့သည်..။

ထို့နောက် ဆက်လက်၍ ဖိုက်တင်လေးရန် စိတ်ကူးမရှိသည့် ရှောင်စုန့်လေးသည် ထိုနေရာ မှ ထွက်ပြေးလိုက်လေတော့၏.။

ကားပါကင်နှင့် ဓါတ်လှေကား အား ဆက်သွယ်ထားသော ကော်ရစ်တာ တွင် ပြေးနေစဉ် ခြေသံတစ်စုံအား သူ့နောက်ပါး အနီးအနားဆီမှ ကြားလိုက်ရတော့သည်.။

စောင်ကျိုးနည်း !

စုန့်ယွင်ရန် နှလုံးသည်ကား ပါးစပ်ဖျားဆီမှ ခုန်ထွက်လာတော့မတတ် ခုန်လာလေတော့ သည်.။

ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်حيث تعيش القصص. اكتشف الآن