အချိန်အတော်ကြာအောင် တိတ်ဆိတ်သွားပြီးနောက် လက်ထောက်တန် စကားတစ်ခွန်းအား ဖျစ်ညှစ်ထုတ်ကာ မေးလာရှာ၏..
"ဥက္ကဌလေးတို့ CP ကို လူတွေ ship နေတာ ရပ်သွားအောင် ထိန်းချုပ်လိုက် ရမလား..?"
ထိုကဲ့သို့သော မေးခွန်းမေးခံလိုက်ရသဖြင့် စုန့်ယွင်ရန်လေး ရှက်သွားရှာ၏..
ယနေ့သည်ကား အရင်ကာလများနှင့် ခြားနားသွားပြီ ဖြစ်သည်... အရင် တစ်ချိန်တုန်းကသူသည် သူတို့နှစ်ယောက်၏ CP အား ဖျက်စီးရန် ကြာပွတ် တပြပြနှင့် လူကြမ်းလုပ်နိုင်ရေး အယောင်ဆောင်ဖန်လေးပင် လုပ်ခဲ့သေး၏.. သို့သော် ယခုတွင်မူ သူသည် ချင်ကဲနှင့်အတူ အချစ်သီချင်းများ သီကုံးနေ သည့် နတ်သူငယ်လေးဘဝ သို့ ပြောင်းသွားခဲ့လေပြီ...
ထိုသို့တွေးပြီးသည်နှင့် တက်ကြွနေသည့် လေသံကျယ်ကျယ်ဖြင့် " ထိန်းချုပ်ဖို့ တို့ဘာတို့ လုပ်မနေတာ ပိုကောင်းတယ်ရယ်... လက်ရှိအခြေအနေမှာ Nitizen တွေ ဘယ်လောက်တောင် ထကြွသောင်းကျန်း နေမှန်း ခင်ဗျား မသိလို့... သူတို့ ပါးစပ်တွေကို ထိန်းချုပ်ဖို့လုပ်လေလေ ပိုပြီးအသံကျယ်ကျယ် ထွက်လာကြလေ ဖြစ်တော့မှာ..."
သူ၏ စကားများမှာ ကျိုးကြောင်းဆီလျော် နေသော်လည်း လက်ထောက်တန် ၏ မျက်ဝန်းများမှာမူ တဖြည်းဖြည်း ကြေကွဲရိပ် သန်းလာလေသည်...
( ကျွန်တော့်ရဲ့ နှစ်ကုန်ဘောနပ်(စ်)လေး ဖြတ်တုန်းက ဥက္ကဌလေး ပြောခဲ့ တာ ဒီစကားမျိုး မဟုတ်ပါဘူးဆို... )
(အဲ့တုန်းကတော့ ကျွန်တော်က လက်ထောက်ဆိုတော့ လက်ထောက် အလုပ်ပဲလုပ် CP fan လုပ်စရာ မလိုဘူးဆို...? အဲ့လိုပြောပြီး ကျွန်တော့် ဘောနပ်(စ်)လေး ဖြတ်သွားတာလေ...ကျွန်တော့်မှာ ဟတ်ကော့ ကြီးကို ဖြစ်လို့ .. )
သူ့စကားသူ ကျေနပ်နေသည့် ရှောင်စုန့်လေးအား စိုက်ကြည့်ကာ အသံတိတ် နေသည့် လက်ထောက်တန်ကြောင့် လေထု အခြေအနေမှာ ထူးဆန်းလာ တော့သည်...
စုန့်ယွင်ရန်သည် လက်ထောက်တန်အား ပြန်စိုက်ကြည့်ကာ " ကျွန်တော် ပြောတာကို သဘောမတူတာလား...?"
"..အာ... အဲ့လိုတော့ မဟုတ်ပါဘူး..."
(ကျွန်တော့်ရဲ့ နှစ်ကုန် ဘောနပ်(စ်)လေးများ ပြန်ရနိုင်ဦးမလားဟင်..?) ဟု လက်ထောက်တန် မေးခွန်းထုတ်လိုက်ချင်သော်ငြား ဥက္ကဌပေါက်အား ရန်စ သလို ဖြစ်သွားကာ နောက်လာမည့်နှစ်၏ နှစ်ကုန် ဆုကြေးလေးပါ အဝေး ပြေးသွားမည် စိုးသဖြင့် ထုတ်မမေးရဲရှာ...

ESTÁS LEYENDO
ပြန်လည်မွေးဖွားပြီးနောက် မိသားစုစီးပွားရေး ဆက်ခံရန် ဆုံးဖြတ်လိုက်လေတော့သည်
Romanceပထမဦးဆုံး ၁ ဦးတည်း ဘာသာပြန်ဖို့ စကြိုးစားတဲ့ novel လေးပါ... ဒီလူရဲ့ လိုအပ်ချက်ကြောင့် ဘာသာပြန် က OC စတိုင်ပေါက်နေတယ်လို့ ပြောပြထားတာလေး တွေ့ပါတယ်..... Complete ဖြစ်ရင် ဘာသာပြန် အရမ်းကောင်းတဲ့ သာသာလေးတွေ ရဲ့ စာရေးနည်းလေးတွေ သေချာပြန်ဖတ်ပြီးတော့ ပြန်...